မြိတ်ရော်ဘာဈေးအဖွင့် ယခင်နှစ်ထက် ဈေးပိုရ
diz_admin
September 2, 2022မြိတ်ရော်ဘာဈေးကွက်တွင် ယခုနှစ်အဖွင့်စျေးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ကျော်အထိ ရရှိသဖြင့် ယခင်နှစ်ထက် ဈေးပိုရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ရော်ဘာဈေးစဖွင့်သည့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံအဆင့် ၃၊ နေလှန်းပြား ခေါင်းဝိုင်း၊အစေးရည် DRC(100%)၊ ခွက်လုံး၊ ခွက်ခဲ (အသန်.) DRC( 100%) တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ကျော်အထိသာ ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၅၀၀၀ ကျပ်ကျော်အထိ ဈေးကောင်းရရှိနေခြင်းဖြစ်သည်။ “ဈေးတော့ကောင်းတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်းတွေတက်နေတာနဲ့ ယှဉ်လိုက်ရင် ကုန်ဈေးနှုန်းကတောင် ပိုမြင့်နေသေးတယ်” ဟု ရွှေဒူးရွာရှိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး အထွေထွေကုန်စျေးနှုန်း မြင့်မားနေမှုကြောင့် လက်ရှိရရှိနေသောစျေးမှာ ကောင်းသည်ဟုမဆိုနိုင်ကြောင်း ကျပ်ငွေတန်ဖိုးကျနေသဖြင့် ငွေပိုရလာသည့် သဘောသာဖြစ်ကြောင်း စျေးကွက်လေ့လာသူများက ဆိုသည်။ ထို့ပြင် နေလှန်းပြား […]


