ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် တစ်လခွဲကျော်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ဈေးတက်

diz_admin

September 5, 2022

ထားဝယ်၌ တစ်လခွဲကျော်ကာလအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ ဈေးတက်သွားကြောင်း လက်လီလက်ကားရောင်းချသူများထံမှ သိရသည်။   ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်က ကြက်သွန်တစ်ပိဿာ နှစ်ထောင်ကျပ်ခန့်သာရှိရာ စက်တင်ဘာလ ပထမပတ်တွင် တစ်ပိဿာ ၄၅၀၀ ဈေးဖြစ်နေသည့်အတွက် နှစ်ဆကျော် ဈေးတက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ကဆိုလျှင် ထားဝယ်မြို့၏ လက်လီ လက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၈၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း စားသုံးကုန်ရောင်းချသူတစ်ဦးက ပြောသည်။ ထို့ကြောင့် လေးရက်အတွင်းပင် ကျပ် ခုနစ်ရာ ဈေးတက်သွားခြင်းဖြစ်သည်။ “ကြက်သွန်က တက်ဖို့ပဲရှိတယ်။ ရက်ပိုင်းအတွင်း ငါးထောင်နားထိ ရောက်လာလိမ့်မယ်” ဟု အထက်ပါ စားသုံးကုန်ရောင်းချသူက ဆိုသည်။ လက်ရှိ ကြက်သွန်စိုက်သူ တောင်သူများတွင် ကြက်သွန်နီအဟောင်းမှာ ပြတ်လုနီးပါဖြစ်နေပြီး ရန်ကုန် […]

လယ်သစ်နှင့်အနီးဝန်းကျင်ရွာအချို့တွင် ကျောင်းဖွင့်ပြီးသုံးရက်အကြာ တိုက်ပွဲကြောင့် ကျောင်းပြန်ပိတ်ရ

diz_admin

September 5, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်၊ ပဝ၊ သရဖုံ ကျေးရွာတို့တွင် စာသင်ကျောင်းများပြန်ဖွင့်ပြီး သုံးရက်အကြာ တွင် တစ်ကျော့ပြန် လယ်သစ်ရွာတိုက်ပွဲကြောင့် ကျောင်းများပြန်ပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့် လယ်သစ်၊ ပဝ၊ သရဖုံကျေးရွာအုပ်စုများတွင် ယခုလ (စက်တင်ဘာလ) ၁ ရက်နေ့မှစပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အထက်ပါ အရှေ့ကမ်းကျေးရွာများတွင် NUG နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းကာ စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ လယ်သစ်အနောက်ကမ်းရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စက်တင်ဘာလ ၄ရက် နံနက်တွင် လယ်သစ်အရှေ့ကမ်းတွင်ရှိသည့် ပြည်သူ့ ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။ “ကျောင်းလာတက်သူတွေ အများကြီးပဲ။ ဖွင့်ပြီး နှစ်ရက်ပဲ […]

အိန္ဒိယ ဘီလီယံနာသူဌေးကြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

diz_admin

September 5, 2022

အင်အားကြီး စီးပွါးရေး လုပ်ငန်းစုကြီးဖြစ်သည့် Tata ၏ ဥက္ကဋ္ဌဟောင်းဖြစ်ကာ ဘီလီယံနာသူဌေးကြီး ဖြစ်သည့် ဆိုင်ရပ်စ်မစ်စရီ သည် မွန်ဘိုင်းမြို့ကို လာနေစဉ် ယာဉ်မတော်တဆမှုဖြစ်ပွါးသဖြင့် သေဆုံးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ ၎င်းလိုက်ပါလာသည့် မာစီဒီးစ်ယာဉ်သည် မြစ်ကူးတံတားကို ဖြတ်နေစဉ် လမ်းလယ်ကျွန်းကို ဝင်တိုက်မိခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဘီလီယံနာကြီး သေဆုံးခြင်းနှင့် ပတ်သက်၍ အိန္ဒိယ ဝန်ကြီးချုပ်က စီးပွါးရေးလောကအတွက် ကြီးမားသော ဆုံးရှူံးမှုဟု ပြောကြားခဲ့သည်။ သူဌေးကြီးနှင့်အတူ အခြားခရီးသည် တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူလည်း (၂) ဦးရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံ အနောက် မဟာရက်ရှ်တြာ ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက် (၅၄)နှစ်အရွယ် မစ္စတာမစ်စရီ သည် ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် ဝေဖန်ခံခဲ့ရပြီး Tata […]

လယ်သစ်ရွာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ရွာလုံးကျွတ်ထွက်ပြေးနေရ

diz_admin

September 4, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၄) တိုက်ပွဲပြန်ဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် စက်တင်ဘာလ ၃ ရက်နေ့က လယ်သစ်ကျေးရွာ အနောက်ကမ်းသို့ စစ်ကြောင်း ထိုးလာပြီးနောက် ယနေ့ နံနက် ၁၁နာရီဝန်းကျင်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လယ်သစ်အရှေ့ကမ်းသို့ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “အခုထိလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ။ ရွာသားအားလုံးက မနေ့ကတည်းက တောထဲဝင်ပြေးကုန်ကြပြီ” ဟု လယ်သစ်အရှေ့ကမ်းနေ ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ မွန်းလွဲ ၃ နာရီက ပြောဆိုသည်။ လယ်သစ်အရှေ့ကမ်းရှိ ဒေသကာကွယ်ရေးမဟာမိတ်တပ်များဘက်ကလည်း ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြားနေရပြီး အထိအခိုက် ရှိမရှိဆိုသည်ကိုမူ မသိရသေးကြောင်း လယ်သစ် ဒေသခံအမျိုးသားတစ်ဦးက […]

ဘတ်ဈေးအတက် တောင်ပိုင်းဂယက်

diz_admin

September 4, 2022

ထိုင်းနိုင်ငံနှင့် နီးကပ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံထုတ် ပစ္စည်းအသုံးများကြသည်။ ထားဝယ်-ထီးခီးကားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြသည်။ ယခုနှစ်ဧပြီလခန့်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ် ထီးခီးလမ်းကို ပိတ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ လမ်းပွင့်နေစဉ်အချိန်ကဆိုလျှင် ထိုင်းနိုင်ငံမှ စားသုံးဆီ၊ အချိုမှုန့်၊ အသားမှုန့်၊ ပဲငံပြာရည်မှသည် စားသောက်ကုန်၊ လူသုံးကုန်များကို ဝယ်ယူသုံးစွဲကြသည်။ ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ပစ္စည်းများတွင် အုန်းသီး၊ သရက်သီး၊ ကြက်မောက်သီး၊ စပျစ်သီး၊ သရက်သီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ မလကာသီးများအပြင် ငရုတ်သီး၊ သံပုရာသီး၊ ကန်စွန်းရွက်မှအစ ထားဝယ်ဈေးကွက်တွင် ရှိသည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း သုံးခုရှိပြီး ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သည့် တိုင်းသူတိုင်းသား များစွာလည်းရှိသည်။ ယင်းကြောင့် တနင်္သာရီတိုင်းရှိ ဒေသများတွင် ထိုင်းနိုင်ငံမှထုတ်လုပ်သည့် […]

ပေါင်မြို့မရဲစခန်း တိုက်ခိုက်ခံရ

diz_admin

September 4, 2022

မွန်ပြည်နယ်၊ ပေါင်မြို့  မြို့မရဲစခန်း တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့တို့၏ ပြောပြချက်အရ သိရသည်။ ပေါင်မြို့ ရဲစခန်းကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီ‌အချိန်ခန့်က  အမည်မသိလက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  ”ညနေ ၆ နာရီကျော်ကျော်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားရတယ်။  ပြီးတော့မှ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ ၁၀ ချက်လောက်ရှိမယ် ပစ်နေတာ” ဟု  မြို့ခံတစ်ဦးက ပြောသည်။ ပေါင်မြို့မရဲစခန်းကို လောင်ချာဗုံးဟုယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းဘက်က   လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။ အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးပေ။ မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က လုံခြုံရေး တင်းကျပ်ထားသည့်အပြင် ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်။ ယင်းသို့ပင် […]

လပေါ်လွှတ်မည့် နာဆာဂြိုဟ်တုယာဉ် စက်ချို့ယွင်းသဖြင့် လွှတ်တင်ရန် ထပ်မံရွှေ့ဆိုင်း

diz_admin

September 4, 2022

လ ပေါ်သို့ လွှတ်တင်မည့် NASA (နာဆာ)၏ ဒုံးပျံ Artemis (1) သည် ချို့ယွင်းမှုများကြောင့် ဒုတိယအကြိမ်နောက်ဆုတ် လိုက်ရကြောင်း BBC သိပ္ပံနှင့်နည်းပညာသတင်းတစ်ရပ်က ဖော်ပြထားသည်။ ဒုံးပျံထိန်းချုပ်သူများက ကြိုးစားခဲ့သော်လည်း ဒုတိယအကြိမ် ချို့ယွင်းမှု ကြုံရပြီး လောင်စာဆီ ယိုစိမ့်မှုကြောင့် ဟု သတင်းထုတ်ပြန်ထားသည်။ အင်ဂျင်နီယာများက ဒုံးပျံကို စစ်ဆေးနေကြပြီး ၊ ပစ်လွှတ်စင်ပေါ်မှာထက် အလုပ်ရုံထဲတွင် စစ်ဆေးမှုများ ဆောင်ရွက်သွားလိုသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့ ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်ရာ လ ပေါ်သို့ ဒုံးပျံလွှတ်တင်မည့် အစီအစဉ်ကို သီတင်းပတ်ပေါင်းများစွာ နောက်ဆုတ်သွားဖွယ်ရှိသည်။ အောက်တိုဘာလ အလယ်နားအထိ တတိယအကြိမ် ပစ်လွှတ်ရန် ပြင်ဆင်မှုကို မြင်ရဖွယ်မရှိသေးကြောင်း အဆိုပါ သတင်းက ဖော်ပြထားသည်။ ယခုအသုံးပြုသည့် SLS ပစ်ခတ်မှု နည်းပညာသည် အမေရိကန်အာကာသ […]

ပုလောတွင် ဒလန်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

diz_admin

September 4, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ စက်တင်ဘာလ ၃ ရက်ညက သင်္ကန်းတောရွာရှိ နာရေးအိမ်တွင် ဖဲကစားရန် ရောက်ရှိနေသည့် အသက် ၃၀ အရွယ် ကိုဘိုဘိုကို အမည်မသိ သေနတ်သမားများကလာရောက် ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။ ယင်းအလောင်းကို ယနေ့နံနက် ၈ နာရီအထိ လာရောက်သယ်ယူသူ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ “သူကစစ်တပ် သတင်းပေး ဒလန်လုပ်တယ်။သူ့ကြောင့်လည်း ပြည်သူတစ်ဦး အသတ်ခံရဖူးတယ်”ဟု မင်းထိန်ရွာနေ အမျိုးသား ကဆိုသည်။ မင်းထိန်ရွာနှင့် သင်္ကန်းတောရွာသည် ရွာခြင်းစပ်ကျေးရွာဖြစ်သည်။ အသတ်ခံရသူသည် ကဒဲကျေးရွာသားဖြစ်ပြီး သင်္ကန်းတောရွာတွင် လာရောက်တိမ်းရှောင်နေသူဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ “သူများသွားမရဲတဲ့နေရာသူသွားတယ်။ စစ်တပ်လာရင်လည်း နည်းပေးလမ်းပြ လုပ်တယ်”ဟု ကဒဲရွာသား အမျိုးသားကပြောသည်။ ဒေသခံများကို မေးမြန်းမှုအရ […]