ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငွေလွှဲ၊ ငွေထုတ်ပါက အချက်အလက်များဖြည့်၍ မှတ်ပုံတင်ပြရမည်ဟု Wave Money ထုတ်ပြန်

diz_admin

September 8, 2022

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုစနစ် တစ်ခုဖြစ်သည့် wave money ဖြင့် ငွေလွှဲ၊ငွေထုတ်မည်ဆိုပါက မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ယနေ့ (စက်တင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။ စည်းမျဉ်းစည်းကမ်းများအရ ၀န်ဆောင်မှုလုပ်ငန်းများ ပိုမိုလုံခြုံစိတ်ချရစေရန် လုံခြုံရေးအဆင့်မြှင့်တင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့အဆင့်မြှင့်တင်ထားသည့်အတွက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မှတ်ပုံတင် မဖြစ်မနေယူလာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ဆိုလိုသည်မှာ မှတ်ပုံတင်မပါရှိပါက wave money ဖြင့် ငွေလွှဲ ငွေထုတ်၍မရတော့ပေ။ ထိုကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် ငွေလွှဲငွေထုတ်ရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ထားဝယ်မြို့နေ wave money အသုံးပြုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အလုပ်ရှုပ်တာ သက်သာချင်လို့ wave သုံးတာပါ။ မှတ်ပုံတင်ဆိုတာကလည်း အမြဲယူသွားဖို့က အဆင်မပြေဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ဘဏ်မှတစ်ဆင့် ငွေလွှဲငွေထုတ်ပါက မှတ်ပုံတင်ယူဆောင်သွားရသည့်အတွက် အလုပ်ရှုပ်သက်သာသည့် wave ကို အသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု […]

ခဲသတ္တု ပြင်ပပေါက်ဈေးမငြိမ်

diz_admin

September 8, 2022

ထားဝယ်အရှေ့တောနယ်မှ ထွက်ရှိသည့် ခဲသတ္တုဈေးနှုန်းမှာ ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျများနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ခဲထုတ်လုပ်(ဒေသအခေါ် ခဲယင်းသူ)သူများက ပြင်ပဝယ်လက်များထံ ရောင်းချသည့် ဈေးနှုန်းမှာ မတည်ငြိမ်ဖြစ်‌နေခြင်းဖြစ်သည်။ ဩဂုတ်လနှောင်းပိုင်းက ခဲသတ္တု ၈၀ ရာခိုင်နှုန်းပါ ခဲတစ်ပိဿာ စျေးနှုန်းမှာ အရှေ့တောကျေးရွာများတွင် ၅၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ထားဝယ်မြို့ပေါ်တွင် ၅၅၀၀၀ကျပ်ဖြစ်ကြောင်း ခဲရောင်းသည့် ဒေသခံအချို့ထံမှ သိရသည်။ ယခုလဆန်းတွင်မူ ကျေးရွာများတွင် ၄၈၀၀၀ ကျပ်နှင့် ထားဝယ်မြို့ပေါ်တွင် ၅၃၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်ဟု ဆိုသည်။ လက်ရှိတိုက်ပွဲဖြစ်နေသော ထားဝယ်အရှေ့တော ကျေးရွာများဖြစ်သည့် ဟိန္ဒား၊ ကျောက်မဲတောင်၊ ဘဝပင် တောင်သုံးလုံး အစရှိသည့်ကျေးရွာ အနီးတစ်ဝိုက်တွင် ခဲသတ္တုထုတ်လုပ်ကြသည်။ မြို့ပေါ် ခဲသတ္တုပေါက်ဈေးမှာ ထားဝယ်မြို့နှင့် နယ်ကျေးရွာအကြား လမ်းခရီးတွင် စစ်ဆေးမှု(လမ်းကြောင်း) […]

မွန်တွင် ဆေးဝါးအချို့ပြတ်လပ်သဖြင့် သုံးစွဲသူများအခက်အခဲဖြစ်

diz_admin

September 8, 2022

မွန်ပြည်နယ် ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေသည့်အတွက် သုံးစွဲနေရသူများ အခက်အခဲကြုံတွေ့ နေရကြောင်း သုံးစွဲသူအချို့တို့ထံမှ သိရသည်။ ဆေးဝါးများကို ပြည်ပမှဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရပြီး ဒေါ်လာရရှိရန် အခက်အခဲရှိသည့်အပြင် ဈေးအဆမတန် မြင့်တက်နေခြင်း၊ ဆေးဝါးသွင်းကုန်လိုင်စင်များ ကန့်သတ်ခံရခြင်းတို့ကြောင်းပြည်တွင်းဈေးကွက်တွင် ဈေးကြီးမြင့်ကာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ လက်ရှိ မွန်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း ဆေးဝါးများ ဝယ်ယူ၍မရသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဆေးဝါးသုံးစွဲနေရသည့် ပြည်သူအချို့ထံမှ သိရသည်။ “ကျွန်မ သောက်နေတဲ့ဆေးတွေ အခုဘယ်မှာမှ ဝယ်လို့မရတော့လို့ ဒုက္ခရောက်နေတာ။ ဆေးက ပြတ်သွားလို့ မရဘူး” ဟု မော်လမြိုင်မြို့မှ အသက် ၄၅ နှစ်အရွယ် ဆီးချိုဝေဒနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ဝယ်ယူ၍ ရနေသေးသည့် ဆေးဝါးအချို့မှာလည်း ဈေးနှစ်ဆခန့် မြင့်တက်နေကြောင်း ဆေးဆိုင်နှင့် သုံးစွဲသူ အချို့တို့ ထံမှ […]

ထိုင်းထုတ် အသင့်စား ခေါက်ဆွဲနှင့် ကြာဇံထုတ်များ ဈေးနှစ်ဆတက်

diz_admin

September 7, 2022

ထားဝယ်တွင် ယခင်က ကျပ် ၂၅၀ ဝန်းကျင်ဖြင့် ပေးဝယ်ရသော မျက်လုံးပုံတံဆိပ် မာမားနှင့် ကြာဇံတစ်ထုတ်ဈေးမှာ ယခု ဈေးနှစ်ဆတက်သွားကာ ကျပ် ၅၀၀ ကျော် ပေးဝယ်နေကြရသည်။ ပြည်ပမှ တင်သွင်းရသည့် အသင့်စားကုန်နှစ်မျိုးဖြစ်သည့် မာမားနှင့် ကြာဇံ တစ်ထုတ်ဈေးနှုန်းမှာ ပြီးခဲ့သည့် မေလက လက်လီ/လက်ကားဈေးကွက်တွင် တစ်ထုတ်ကို ၂၅၀ ကျပ်ရှိရာမှ ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ၅၅၀ ကျပ် ဖြစ်နေကြောင်း ထားဝယ်မြို့တွင် လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောသည်။ “အန်တီ‌ဆို အခုဝယ်မရောင်းတော့ဘူး။ ဈေးကြီးလို့ ကိုယ်စားချင်ရင်တော့ တခြားဆိုင်မှာ ဝယ်စားလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။ စက်သုံးဆီဈေး မြင့်တက်လာမှု‌ကြောင့် သယ်ယူစရိတ်ဈေးတက်လာသည့်အပြင် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုတို့ကြောင့် ပြည်ပသွင်းကုန်များ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ […]

ပင်လယ်ထဲမျောပါနေသည့် ရိုဟင်ဂျာ ၁၀ဦးနှင့် ကျွန်းပေါ်က ၄၁ဦးတို့ကို ထိုင်းကယ်တင်

diz_admin

September 7, 2022

ထိုင်းနိုင်ငံ စတုန်ခရိုင်ရှိ ပင်လယ်ထဲတွင် အကာအကွယ်မရှိဘဲ မျောပါဒုက္ခရောက်နေသော ရိုဟင်ဂျာ ဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင်များက ကယ်တင်နိုင်ခဲ့ပြီး နောက်ထပ် ၄၁ ဦးကို ကျွန်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စတုန်ခရိုင် လန်ဂူးဒေသ ဘူလိုးကျွန်းအနီး ပင်လယ်ပြင်တွင် မျောပါနေသည်ကို ထိုင်းငါးဖမ်းသမားများက မြင်တွေ့သဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပင်လယ်ထဲတွင် ကိုယ်ပေါ်ရုံ ဖော့လုံးများ ကိုင်ဆောင်ထားကာ မျောပါနေကြခြင်းဖြစ်ပြီး ၎င်းတို့မှာ မောပန်းနေကြပြီ ဖြစ်ကြောင်း ရေးသားထားသည်။ ၎င်းတို့ကို ငါးဖမ်းသမားများက ပါ့နမ်ဒေသရှိ ကမ်းခြေတစ်ခုသို့ ခေါ်ဆောင်လာခဲ့ကာ ထိုင်းအာဏာပိုင်များက အစားအစာနှင့် ရေကို ကူညီပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်လာသူများဖြစ်ပြီး […]

အဝယ်နည်းပြီး အရောင်းများနေသည့် ထားဝယ်ဆိုင်ကယ်စျေးကွက်

diz_admin

September 7, 2022

သွားလာရေးအတွက် ဆိုင်ကယ်သာအားပြုစီးနင်းကြသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ ဆိုင်ကယ်စျေးကွက်မှာ ရောင်းလိုသူများနေပြီး ဝယ်သူနည်းပါးနေသည်။ လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း အနည်းဆုံးရှိနေသည့် တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုများ၊ ဘတ်စျေးမြင့်မားမှုနှင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာမှုတို့မှာ ဆိုင်ကယ်စျေးကွက်ကို ရိုက်ခတ်မှုဖြစ်ပေါ်လာစေသည်။ တနင်္သာရီတိုင်းတွင် လူငယ်အများအပြားမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ဝင်ရောက်သွားခြင်းနှင့် ထိုင်းနိုင်ငံသို့ထွက်ခွာကာ အလုပ်သွားရောက် လုပ်ကိုင်ကြခြင်းတို့ကြောင့်လည်း ပိုနေသည့် ဆိုင်ကယ်များကို ပြန်ရောင်းလာကြသည်။ ထားဝယ်မြို့တွင်လည်း လူငယ်များ ထိုင်းသို့သွားရောက်ကြသဖြင့် အိမ်အချို့တွင် ဆိုင်ကယ်စီးမည့်သူ တစ်ဦးသာရှိသော်လည်း ဆိုင်ကယ် ၃ စီးခန့်ဖြစ်နေသဖြင့် ပြန်ရောင်းလိုသူများ ရှိနေသည်။ ဈေးကွက်အရွေ့ ထားဝယ်တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေသဖြင့် ဆိုင်ကယ်ရောင်းသူများမှာ အခြားတိုင်းနှင့်ပြည်နယ်သို့ရောင်းချသည့် ဈေးကွက်က ပိုမိုမှီခိုလာကြသည်။ ယခင်ကမူ တိုင်းပြင်ပကို ရောင်းချမှုနည်းပါးလှသော်လည်း တိုင်းအတွင်း အရောင်းအဝယ် ကျဆင်းနေသည့်အပြင် […]

ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီးနှစ်ဦးသေဆုံးဟုဆို

diz_admin

September 7, 2022

ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးပြီး ပျူစောထီးနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံက် ၅ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပဲ့ဒိုင်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ်(ခေါ်)ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ရွာသားများ ကပြောသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် ပျူစောထီး ဒုခေါင်းဆောင် မြဝမ်းနှင့် ကျေးရွာတာဝန်ခံ အိုနီဒီးဒူ  ဆိုသူ နှစ်ဦးသေဆုံးပြီး နောက်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။ “အိုနီဒီးဒူ ဆိုတာနာမည်ကြီးပဲ ဒီနားတစ်ကြော အကုန်သိကြတယ်”ဟု ဒေသခံအမျိုးသမီး ကပြောသည်။ အဆိုပါတိုက်ခိုက်မှု၊ သေဆုံးမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း လတ်တလော ထုတ်ပြန်ခြင်း မရှိသေးပေ။ တိုက်ပွဲဖြစ်ပြီးနောက် ထိတ်လန့်နေသည့်ရွာသားများမှ ယနေ့နံနက်တွင် စျေးဆိုင်တစ်ချို့ကို ပိတ်ထားပြီး အထုတ်အပိုးများလည်း ပြင်ဆင်နေကြသည်ဟု ဒေသခံများ ကပြောသည်။ “ပဲ့ဒိုင်အထက်က သဇင်တစ်ရွာလုံးလည်း ထိန့်လန့်ပြီး စျေးဆိုင်တွေ ပိတ်နေကြတယ်လို့ […]

ရုရှားက မြောက်ကိုရီးယားလက်နက်များ ဝယ်ယူနေဟု အမေရိကန်ထုတ်ပြန်

diz_admin

September 7, 2022

စီးပွါးရေး ပိတ်ဆို့ခြင်းက ရုရှားစစ်တပ်အတွက် လိုအပ်ချက်များ ဝယ်ယူရန် အခက်အခဲရှိလာရာ မြောက်ကိုရီးယားမှ စစ်သုံး ပစ္စည်းများ ရုရှားက ဝယ်ယူနေရသည်ဟု အမေရိကန်အရာရှိတစ်ဦးကို ကိုးကားလျက် BBC က ဖော်ပြထားသည်။ စစ်ပွဲ အချိန်ကြာလာသည်နှင့်အမျှ ရုရှားသည် မြောက်ကိုရီးယားလက်နက်များကို ဝယ်ယူနေရခြင်း ဖြစ်ကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ မြောက်ကိုရီးယားထံမှ ဝယ်ယူနေရပြီဆိုသော အဓိပ္ပါယ်သည် စစ်သုံးပစ္စည်းများ သိုလှောင်မှု ပြတ်လပ်လာသည့် သဘောဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ အဆိုပါ ထောက်လှမ်းရေးသတင်းကို New York Times သတင်းစာက စတင်ရေးသားခြင်းဖြစ်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးက အဆိုပါသတင်းကို Twitter ပေါ်တင်ထားပြီး ရုရှားကို လှောင်ပြောင်ထားသည်။ ယူကရိန်းက ဥရောပအဆင့် လက်နက်များ သုံးနေချိန် ရုရှားက မြောက်ကိုရီးယားအဆင့် လက်နက်များဖြင့် တိုက်ခိုက်နေရကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ခြင်း […]