ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ပါဝင်
diz_admin
January 5, 2023လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၉၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၆၀ ဦးပါဝင်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဇန်နဝါရီ ၅) ထုတ်ပြန်သည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချခံရသည့် 7 day သတင်းထောက်ဟောင်း စိုင်းကိုကိုထွန်း၊ တပ်ပေါင်းစုသပိတ်ကော်မတီ၊ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူး ထူးမြတ်လွင်၊ ရှေ့နေ ဒေါ်စန္ဒာချိုနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့သည်။ “သူတို့ ပြန်လွတ်လိုက်တာက သူတို့ စိတ်တိုင်းကျချုပ်ထားပြီးပြီ၊ တစ်နှစ်အောက်ပဲ ကျန်ပြီ၊ ဒီတိုင်းလည်း ပြန်လွတ်ဖို့ လူတွေပဲ၊ အခုလက်ရှိ သူတို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မျက်နှာပန်းလှအောင် ဖော်ရှိုး(ဟန်ပြ)တစ်ခုလုပ်ပြတာပေါ့နော်” ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီက […]


