ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

September 11, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကုလ ကိုယ်စားလှယ်လုပွဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရန် ပြည်တွင်း၊ ပြည်ပတွင် တောင်းဆိုနေကြသည်။ ကုလသမဂ္ဂ၏ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံတွင် ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရေးအတွက် ဆက်လက်အတည်ပြုပေးရန် နိုင်ငံတဝန်းနှင့် ပြည်ပနိုင်ငံ များအပြင် အင်တာနက်လူမှုကွန်ရက်တွင်ပါ ယခုသီတင်းပတ်အတွင်း ဆန္ဒဖော်ထုတ်တောင်းဆိုနေကြခြင်း ဖြစ်သည်။ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့ တွင် စက်တင်ဘာ ၄ ရက်နေ့က ‘UN Prove your existence for justice’ စာတမ်းချိတ်ဆွဲခဲ့သလို့ စက်တင်ဘာလ ၁၇ ရက်မှာလည်း နယူးယောက်နှင့် […]

ကျရိပ်ပြပြီး ဈေးငြိမ်နေသည့် ဘတ်၊ ရွှေနှင့် စက်သုံးဆီ သုံးသပ်ချက်

diz_admin

September 11, 2022

တနင်္သာရီတိုင်းသားများအတွက် အရေးပါလှသည့် ဘတ်၊ ရွှေ‌ဈေးမှာ ကျရိပ်ပြပြီး ယခုအပတ်တွင် ဈေးငြိမ်နေသည်။ စက်သုံးဆီ.ဈေးနှုန်မှာမူ အကျဘက်ကို ဦးတည်နေသည်။ တောင်ပိုင်းသားများ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းတို့၏ စျေးကွက်လားရာ ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်တို့ကို ဖော်ပြအပ်ပါသည်။ အကျပြပြီး ငြိမ်သယောင်ရှိသည့်ဘတ်‌ဈေး စက်တင်ဘာလဆန်းတွင် ကျရိပ်ပြခဲ့သည့် ဘတ်ဈေးမှာ ယခုအပတ်တွင် ကျပ် ၉၀ တန်းတွင် ငြိမ်နေသည်။ ဩဂုတ်လ လကုန်းပိုင်းတွင် နေ့စဉ်ဆက်တိုက် အတက်ကြမ်းခဲ့သည့် ထိုင်းဘတ်ဈေးမှာ တစ်ဘတ်လျှင် ငွေကျပ် တစ်ရာနီးပါးအထိ တက်သွားခဲ့သည်။ ထိုနောက် စက်တင်ဘာလဆန်းတွင် ပြန်ကျလာခဲ့ပြီးနောက် စက်တင်ဘာလ ၅ ရက်(တနင်္လာနေ့)တွင် ကျပ် ၉၀ ဖြစ်လာသည်။ ယင်းနောက် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမှာ တစ်ဘတ်လျှင် ကျပ် ၉၀ […]

ထားဝယ်လူငယ်သပိတ်ကော်မတီဝင်နှစ်ဦး အဖမ်းခံရ

diz_admin

September 10, 2022

ထားဝယ်လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် နှစ်ဦး အဖမ်းခံရကြောင်း ယင်းကော်မတီက ယနေ့ (စက်တင်ဘာ ၁၀) တွင် သတင်းထုတ်ပြန်သည်။ ထားဝယ်လူငယ်သပိတ်ကော်မတီက အသက် ၁၈ နှစ်အရွယ် ကိုအောင်ကိုကိုလွင်မှာ စက်တင်ဘာလ ၉ ရက်က လမ်းတစ်နေရာတွင် အဖမ်းခံပြီး အသက် ၂၀ ဝန်းကျင်အရွယ် ကိုဟိန်းဇေအောင်မှာ ထားဝယ်မြို့၊ ပုံကျွန်းလမ်းရှိ ၎င်း၏‌ နေအိမ်တွင် ဖမ်းဆီးခံရကြောင်း အထက်ပါ ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။ ကိုအောင်ကိုကိုလွင်မှာ မည်သည့်နေရာတွင် မည်သည့်အချိန်၌ အဖမ်းခံရသည်ဆိုသည်ကို မနေ့က ညပိုင်းအထိ အတိအကျ မသိသေးကြောင်း ၎င်းက ဆိုသည်။ သို့သော် ကိုအောင်ကိုကိုလွင်မှာ ယနေ့ နံနက် ၆နာရီခန့်တွင် လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရပြီး ကိုဟိန်းဇေအောင်၏ နေအိမ်ရှေ့သို့ လာခေါ်ချိန်မှ ဖမ်းဆီးခံထားရသည်ကို […]

ထိုင်း ပထုန်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများအတွက် လျော်ကြေး ဘတ်ကိုးသိန်းကျော်ရ

diz_admin

September 10, 2022

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်တွင် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၂၉ ဦးအတွက် လျော်ကြေးဘတ် ကိုးသိန်းကျော် (ကျပ်သိန်း ၈၂၀ကျော်) ကို စက်တင်ဘာလ ၉ရက်နေ့တွင် ရရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ထံမှ သိရှိရသည်။ ပထုန်ဌာနီခရိုင်ရှိ ရေသန့်ဘူးစက်ရုံတစ်ရုံတွင် ကိုဗစ်ကာလအတွင်းကနေ အလုပ်သမားများ လျော့နည်းလာသဖြင့် မြန်မာအလုပ်သမား ၂၉ ဦးသည် စက်ယန္တရားနှင့် လူအင်အားမမျှတဘဲ အချိန်ကြာမြင့်စွာ လုပ်ကိုင်ခဲ့ရကြောင်း MWRN ထံမှ သိရသည်။ ထို့ကြောင့် အလုပ်သမားဦးရေ ထပ်တိုးပေးရန် သုံးကြိမ်တိုင်တိုင် အလုပ်ရှင်ထံ တောင်းဆိုခဲ့သော်လည်း လုပ်ဆောင် မပေးသည့်အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာအလုပ်သမားများကို လျော်ကြေးမပေးဘဲ အလုပ်ထုတ်ပယ်ခဲ့ ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အလုပ်သမားများက ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (စဝါဒီကမ်ရုံး) […]

ပုလော ခမောင်းတောရွာက အမျိုးသမီးသုံးဦး အဖမ်းခံရ

diz_admin

September 10, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခမောင်းတောရွာတွင် အမျိုးသမီးသုံးဦး အဖမ်းခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ ခမောင်းတောရွာနေ အသက် ၆၀ အရွယ် ဒေါ်ကြည်ဆိုသူ အမျိုးသမီးအပါအဝင် အမျိုးသမီးငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၈ ရက်နေ့က ခမောင်းတောရွာနေ အမျိုးသားဆယ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသားဆယ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာ ၉ ရက်နေ့ညနေတွင် ဒေါ်ကြည်ဆိုသူအား ထပ်မံလာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ကောင်မလေးနှစ်ယောက်ရဲ့ ဖုန်းထဲမှာ စာတွေတွေ့လို့ဆိုပြီး ဖမ်းပြီးစစ်ဆေးနေတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဒေါ်ကြည်ကိုမူ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းသွားသည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ “အဖမ်းအဆီးများလို့ ခမောင်းတောမှာ လူမရှိတော့ဘူး။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

September 9, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ဗြိတိန် ဘုရင်မကြီး နတ်ရွာစံ နန်းသက်အရှည်ဆုံးဖြစ်တဲ့ ဗြိတိန်ရဲ့ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ သက်တော် ၉၆ နှစ်အရွယ်မှာ နတ်ရွာစံသွားပြီ ဖြစ်ပါတယ်။ စကော့တလန်ရှိ တော်ဝင်အိမ်တော်မှာ စက်တင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက နတ်ရွာစံကြောင်း ထုတ်ပြန်ထားပါတယ်။သူဟာ ယူကေနန်းတွင်းမှာ နှစ်ပေါင်း ၇၀ ကြာ စိုးစံခဲ့ပါတယ်။ ပြည်သူတွေက ဘာကင်ဟမ်နန်းတော်ရှေ့၊ ဝင်ဆာရဲတိုက်၊ ဘုရင်မကြီးကွယ်လွန်တဲ့ စကော့တလန်က ဘယ်လ်မိုရဲလ် စံအိမ်ရှေ့တွေမှာ စုရုံးရောက်ရှိပြီး ပန်းစည်းတွေနဲ့ လေးနက်စွာဂါရဝပြုကာ ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။ ဘုရင်မကြီးနတ်ရွာစံသွားတာဟာ ”ကျွန်မတို့အားလုံးဝမ်းနည်းကြေကွဲရတယ်” လို့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရပ်က […]

ထိုင်းမှ ကော့သောင်းသို့ လွှဲပေးသည့် မြန်မာ ၁၇၀ကျော်တွင် ရှစ်ဦး ကိုဗစ်ပိုးတွေ့

diz_admin

September 9, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၇၃ ဦးအား စက်တင်ဘာလ ၈ ရက်က ကော့သောင်းမြို့သို့ လွှဲပေးခဲ့ရာ ၎င်းတို့အနက် ရှစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။ ပြန်လည်လွှဲပြောင်းပေးရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၁၇ဦး၊ အမျိုးသမီး ၄၅ဦး စုစုပေါင်း ၁၆၂ ဦးနှင့် ကလေး ၁၁ ဦးပါဝင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ကော့သောင်းဘက်သို့ ပြန်လည်ရောက်ရှိလာကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား ကွာရန်တင်းစခန်းတွင် ထားရှိထားပြီး ကိုဗစ်ပိုးတွေ့သူတို့မှာ ကော့သောင်းဆေးရုံကြီးရှိ သီးသန့်အဆောင်တွင် ဆေးဝါးကုသမှုခံယူ နေရကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ “ပိုးတွေ့တာက အမျိုးသားက ခုနှစ်ဦး၊ အမျိုးသမီးက တစ်ဦးပါ” ဟု ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် […]

ထိုင်းလေဆိပ်တွင် ဒေါ်လာအတုပြသမှုကြောင့် ဖမ်းဆီးခံရသည့်မြန်မာနှစ်ဦး ပြန်လွတ်

diz_admin

September 9, 2022

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်၌ Show Money ပြသရာတွင် ဒေါ်လာအတုကို ပြသသဖြင့် ဖမ်းဆီးခံရပြီး ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး ပြန်လည် လွတ်မြောက်သွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ထောင်ဒဏ် ၂၅နှစ်ကျခံရမည့် အခြေအနေမှ ထိုင်းရှေ့နေ၊ မြန်မာရှေ့နေတို့၏ အကူအညီဖြင့် လွတ်မြောက်အောင် ချေပနိုင်ခဲ့ပြီး နေရပ်ပြန်ပို့နိုင်ရေး ဆက်လက်ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအရာရှိရုံးက ယနေ့ မွန်းလွဲ ၃နာရီခန့်က ထုတ်ပြန်သည်။ မည်သည့်နေ့ရက်က လွတ်မြောက်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ ယင်းဖြစ်ရပ်တွင် ဒေါ်လာအတု ပြသသူ လေးဦးပါဝင်ခဲ့ပြီး နှစ်ဦးမှာ လွတ်မြောက်ကာ မေလကုန်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ထားပြီးဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်က ဝေယံထူးအေဂျင်စီအတုက လေကြောင်းဖြင့် […]