ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း ပစ်သတ်ခံရ

diz_admin

September 13, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း စက်တင်ဘာလ ၁၂ရက် ညနေပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသည့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမောင်ယုမှာ ပုလောမြို့နယ် တောင်ယာကမ်းရွာတွင် နေထိုင်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သူက ဆေးလိုက်ထိုးနေသူပါ။ မနေ့ညနေက ၄ မိုင်ဖက်မှာ ပစ်သတ်ခံရပြီး သေသွားတယ်။ ဆိုင်ကယ်နဲ့ ကြေးပြား (ငွေ) တွေ ပါသွားတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဦးမောင်ယုသည် လက်ရှိတွင် ဘိသိက်ဆရာ၊ အပ်ပုန်း (ရမ်းကုဆေး) ဆရာအဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်ဟုလည်း ဆိုသည်။ ဦးမောင်ယုအား ပုလောဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ […]

ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ပြန်လည်ဖမ်းဆီးခံရ

diz_admin

September 12, 2022

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ယနေ့ (စက်တင်ဘာ ၁၂) မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြန်လည်ဖမ်းဆီးခံရကြောင်း ၎င်းနှင့် နီးစပ်သူတွေထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြောင့် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ခြောက်လခန့်အကြာ အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ကိုမျိုးမင်းဦးကို ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ ၎င်း၏ အလုပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ပြန်လည် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ၎င်းနှင့်နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ ဖမ်းဆီးသွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရကြောင်း ကိုမျိုးမင်းဦးနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ယင်းသို့ပြန်လည်ဖမ်းဆီးလိုက်သဖြင့် စိုးရိမ်မှုနှင့် မလုံခြုံမှုများကို ပိုမိုခံစားရလာစေကြောင်း အထက်ပါ ထားဝယ်မြို့မှ နိုင်ငံရေးအကျဉ်းသားက ပြောသည်။ “သူ့ကို စစ်ကောင်စီက ပြန်ဖမ်းလိုက်‌တော့ […]

မြိတ်ကပ်ကြေးကိုက် ဈေးနှစ်ဆတက်လာ

diz_admin

September 12, 2022

မြိတ်ဒေသခံများ အချိန်သုံးပါးစလုံး စားသုံးလေ့ရှိကြသည့် ကပ်ကြေးကိုက်မှာ ယခင်က တစ်ပွဲကျပ်ငါးရာဖြင့် ရောင်းချနေရာမှ လက်ရှိတွင် တစ်ပွဲကျပ်တစ်ထောင်သို့ ဈေးတက်သွားပြီဖြစ်ကြောင်း စားသုံးသူ ဒေသခံများက ပြောသည်။ လူအများနေ့စဉ် စားသောက်နေကြသည့်အစားအသောက်များ ဈေးတက်လာသလို မြိတ်ရိုးရာအစားအစာ ကပ်ကြေးကိုက်သည်လည်း ဈေးတက်လာခြင်းဖြစ်ကြောင်း ဒေသခံစားသုံးသူများထံမှ သိရသည်။ “အရင်က ပိုက်ဆံတစ်ထောင်ရှိရင် ကပ်ကြေးကိုက်စားပြီး လက်ဖက်ရည်သောက်လို့ရတယ်။ အခု မရတော့ဘူး” ဟု စားသုံးသူအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ အခြေခံလူတန်းစားရပ်ကွက်များတွင် ရောင်းချနေသည့် ကပ်ကြေးကိုက်တစ်ပွဲ ယခင်က ကျပ်သုံးရာဖြင့် ဝယ်စား၍ရသော်လည်း လက်ရှိတွင်မရတော့ကြောင်း ကလေးမိခင်တစ်ဦးက ပြောသည်။ “အရင်က ကလေးကို ပိုက်ဆံသုံးရာပေးလိုက်ရင် ကပ်ကြေးကိုက် ဝယ်စားလို့ရသေးတယ်။ ခုက ကပ်ကြေးကိုက် စားချင်တယ်ပြောရင် အနည်းဆုံး ငါးရာပေးနေရပြီ” ဟု ၎င်းက ပြောဆိုသည်။ ကပ်ကြေးကိုက်ကြော်ရာတွင် အသုံးပြုသည့် […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားသုံးဦး ခိုးမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရ

diz_admin

September 12, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ပိတ်ထားသော ဟိုတယ်မှ ပစ္စည်း ဘတ် ၁၄ သန်းခန့်ဖိုး ခိုးယူရာတွင် ပါဝင်သည်ဟုစွပ်စွဲကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲက ဖမ်းဆီးထားကြောင်း ဖမ်းဆီးခံရသူ၏ မိခင်တစ်ဦးက ပြောသည်။ ကော့စမွေကျွန်းရှိ ပိတ်ထားသော Chaweng Blue Lagoon the Teak Wing ဟိုတယ်တွင် သံချောင်းများ ဖြတ်ရန် အတွက် ထိုင်းအမျိုးသမီးတစ်ဦးက မြန်မာအလုပ်သမားသုံးဦးကို နေ့စားအဖြစ် ငှားရမ်းခိုင်းစေရာမှ ပစ္စည်းခိုးယူရာ တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။ အလုပ်သမားသုံးဦးတွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးပါဝင်ပြီး လက်ရှိအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း မိသားစုဝင်အချို့ထံမှ သိရသည်။ အဆိုပါဟိုတယ်သည် ကိုဗစ်ကာလအတွင်း လနှင့်ချီပိတ်ထားခြင်းဖြစ်ကာ ဟိုတယ်အဆောက်အအုံနှင့် အခန်း အတွင်းက အမျိုးအစားအစုံပစ္စည်းပေါင်း ၃၈၀ ကျော်ကို ဖောက်ထွင်းခိုးယူခံထားရကြောင်း […]

ပန်းဒလဲရွာတွင် ပစ်ခတ်မှုဖြစ်၊ ပျူစောထီးများ ဒဏ်ရာရမှုများပြားနေဟုဆို

diz_admin

September 12, 2022

စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့များ အခြေစိုက်သည့် လောင်းလုံးမြို့နယ်၊ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာလ ၁၂) နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ လောင်းလုံးမြို့တွင် အစည်းဝေးတက်ပြီး ပြန်လာသည်ဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အင်းဇောက်ရွာနှင့် ပန်းဒလဲရွာကြားတွင် ပစ်ခတ်ခံခဲ့ရသည်။ ယင်းနောက်တွင် မတ်လ ၂၈ ရက်နေ့က ပစ်သတ်ခံခဲ့ရ‌သော ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၏ နေအိမ်အနီး တွင်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ဒဏ်ရာရရှိသူများပြားနေသည်ဟု ဒေသခံများကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် အစည်းဝေးမှပြန်လာသူ အမျိုးသားနှစ်ဦးအပါဝင်  ဦးသိန်းဇော်၏ ဇနီးဖြစ်သူ မညိုဝင်းနှင့် တူဖြစ်သူ မောင်နိုင်လင်းအောင်တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အရေးပေါ်ကား ငါးခေါက်လောက်ရှိပြီ၊ သူတို့အိမ်ရှေ့ကပဲ သယ်ထုတ်နေကြတယ်”ဟု ၎င်းကပြောသည်။ အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးနေသည်ဟု ကနဦးသိရသည်။ ဒေသခံအချို့မှာလည်း နီးစပ်ရွာကျေးရွာများသို့ ထပ်မံ […]

ဟောင်ကောင်သို့ တင်ပို့မည့် ထောင်ချီသော မြည်းလိင်တံချောင်းများ နိုက်ဂျီးရီးယားလေဆိပ်တွင် ဖမ်းမိ

diz_admin

September 12, 2022

ထောင်ပေါင်းများစွာသော မြည်းပုသတ္တဝါ လိင်တံချောင်းများကို ဟောင်ကောင်သို့ မတင်ပို့ခင် နိုက်ဂျီးရီးယား အာဏာပိုင်များက လေဆိပ်တွင် ဖမ်းမိခဲ့ကြောင်း AP သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြထားသည်။ မြည်းသတ္တဝါများ၏ လိင်တံချောင်းများကို အထုပ်များစွာဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း နိုက်ဂျီးရီးယား အကောက်ခွန်မှူး ဆမ်ဘိုဒါန်ဂါလာဒီမာ က ပြောကြားသည်။ နွားလိင်တံချောင်းများဟု ညာပြီး သယ်လာခဲ့ရာမှ မြည်းပုသတ္တဝါ၏ လိင်တံများ ဖြစ်နေခဲ့ကြောင်း သတင်းက ဖော်ပြထားသည်။ ဖမ်းဆီးရမိသော အထီးလိင်အင်္ဂါများနှင့် ပတ်သက်ပြီး ထပ်မံစုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသည်ဟု အကောက်ခွန်ဌာနက ကြေညာထားသည်။ မြည်းပုသတ္တဝါ၏ သားရေကို နိုင်ငံခြားသို့ ခိုးဝှက်သယ်ဆောင်မှုများ ရှိခဲ့သော်လည်း ယခုလိုအရာများကို ရရှိမှုက ရှားပါးခဲ့သည်။ ဇူလိုင်လအတွင်းကလည်း နိုက်ဂျာနိုင်ငံသို့ ခိုးထုတ်မည့် မြည်းပုသားရေ ဒေါ်လာတစ်သိန်းတစ်သောင်းခြောက်ထောင်ဖိုး နိုက်ဂျီးရီးယား အာဏာပိုင်များက ဖမ်းမိခဲ့သေးသည်။ တရုတ်နိုင်ငံသို့ […]

မွေးထားတဲ့ တိရစ္ဆာန်တွေ ရောင်းပြေးကြရတော့

diz_admin

September 11, 2022

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ရွာလုံးကျွတ် နေအိမ်စွန့်ခွာ ထွက်ပြေးရမှုများလည်း ပိုမိုများပြားလာနေသည်။ ဒေသခံများမှာ နေအိမ်စွန့်ခွာထွက်ပြေးကြရာတွင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက် စသည့် တိရစ္ဆာန်များကို ထားရစ်ခဲ့ရသည်များရှိသလို ရရာဈေးဖြင့် ရောင်းချကာ ထွက်ပြေးကြသူများလည်းရှိသည်။ မွေးမြူထားသည့် တိရစ္ဆာန်များ ရောင်းချလိုက်မှုနှင့်အတူ လုပ်ငန်းများပျက်စီးသွားပြီး ရရှိသည်ငွေကြေးမှာလည်း ပြေးရင်းလွှားရင်းပင် စားစရိတ်ဖြင့် ကုန်သွားကြရသည်။ ယင်းကြောင့် ဒေသခံများမှာ ဒုက္ခများစွာဖြင့် စား၊ဝတ်၊နေရေးပင် ခက်ခဲနေကြရသည်။ ယင်းအခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အကုန်လုံးအကြွေးနဲ့ ရောင်းလိုက်တယ်” ထားဝယ်-ထီးခီးလမ်း အရှေ့တောဒေသခံတစ်ဦး DW – ရွာမှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ပြောပြပေးပါ။ ဖြေ – ဟုတ်တိုက်ပွဲဖြစ်တယ်။ […]

ဆန်ဈေးကြီးသဖြင့် မုန့်များဈေးတက်၊ မုန့်လုပ်သူများလည်း တွက်ခြေမကိုက်

diz_admin

September 11, 2022

ဆန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဆန်ဖြင့်ပြုလုပ်သည့် မုန့်များဈေးတက်လာပြီး မုန့်လုပ်ငန်းများလည်း တွက်ခြေမကိုက်ဖြစ်နေကြောင်း မြိတ်မြို့ပေါ်ရှိ မုန့်လုပ်ရောင်းချနေသူအချို့ထံမှ သိရသည်။ မုန့်လုပ်ရာတွင် အသုံးပြုကြသည့် ဆန်ကြမ်းတစ်ပြည်လျှင် ခုနစ်ရာ၊ ရှစ်ရာကျပ်ခန့်ရှိမှ လက်ရှိတွင် နှစ်ထောင်ကျော် အထိမြင့်တက်လာပြီး ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ကျပ်နှစ်ထောင်ကျော်မှ သုံးထောင်၊ သုံးထောင်ငါးရာကျပ်အထိ ဈေးမြင့်လာကြောင်း ၎င်းတို့က ပြောသည်။ “မုန့်ရောင်း‌နေတာ ဆယ်နှစ်ကျော်ပြီ။ စရောင်းကတည်းက တစ်ချပ်တစ်ရာပဲ။ ဆန်ကြမ်းဈေးတွေတက်တော့ ကျမလားဆိုပြီး စောင့်ကြည့်သေးတယ်။ ဈေးမကျတော့ မသက်သာလွန်းလို့ ရှေ့တလော (ရက်ပိုင်းခန့်) ပဲသေး ဈေးတင်လိုက်တယ် နှစ်ရာပါ” ဟု မြိတ်တောင်ရပ်နေ အာပုံ (ရိုးရိုး) မုန့်ရောင်းချနေသူ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ဆန်ဈေးနှုန်းမတက်မီက တစ်ရက်လျှင် ပျမ်းမျှအမြတ်ကျန်ငွေ တစ်သောင်းငါးထောင်ကျပ် ရရှိခဲ့ပြီး ဆန်ဈေးတက် ပြီးနောက် […]