ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို

diz_admin

September 13, 2022

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၂ […]

ရိုးရာဓလေ့ ခေါသရပ်ပွဲ

diz_admin

September 13, 2022

မကျွတ်မလွတ်သူတို့အား အစားအစာကျွေးခြင်း ခေါ် ခေါသရပ်ပွဲအား တနင်္သာရီမြို့နယ်တွင် နှစ်စဉ် တော်သလင်းလပြည့်ကျော် ၄ ရက်နေ့ရောက်တိုင်း ပြုလုပ်လေ့ရှိကြသည်။ ခေါသရပ်ပွဲသည် တနင်္သာရီမြို့နယ်၏ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ခေါသရပ်အဖိတ်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခေါသရပ်မုန့်ထိုးခြင်း၊ ၁၃ ရက်နေ့ ခေါသရပ်ဥပုသ်နေ့တွင် အာရုံတက်ချိန်၌ ခေါသရပ်မုန့်တို့အား သံဃာတော်တို့အား လောင်းလှူခြင်း၊ ဆွမ်းကပ်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ ခေါစာကျွေးခြင်းတို့အား ပြုလုပ်ကြသည်။ ခေါသရပ်မုန့်ပြုလုပ်ရာတွင် ကောက်ညှင်းငချိတ်၊ ကောက်ညှင်းဖြူ၊ အုန်းနို့၊ ဓနိပျား (သကြား) ၊ နှမ်း၊ ခရူစေ့ (သီဟိုစေ့) ၊ မြေပဲ စသဖြင့်ပါဝင်သည့် ထိုးမုန့်တစ်မျိုးဖြစ်သည်။ အဆိုပါ ခေါသရပ်ပွဲအား တနင်္သာရီမြို့အပါအဝင် ပဝကျေးရွာအုပ်စု၊ သာရဖုံကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာအုပ်စု စသဖြင့် ကျေးရွာအများစုတွင် နှစ်တိုင်း ကျင်းပလေ့ရှိကြသည်။

ထိုင်းတွင် ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုကာ မြန်မာအချင်းချင်း ဘတ်ငွေသိန်းချီလိမ်

diz_admin

September 13, 2022

ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုပြီး ဘတ်ငွေသိန်းချီ လိမ်လည်သွားသည့် မြန်မာအမျိုးသမီးပွဲစားကို မြန်မာအလုပ်သမား ၁၃ဦးက ထိုင်းရဲတပ်ဖွဲ့ထံတွင် ယနေ့ (စက်တင်ဘာ ၁၃) အမှုဖွင့်တိုင်ကြားလိုက်ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ ငွေလိမ်သွားသော မစန်းဝင်း အမည်ရှိ ပွဲစားကို မြန်မာအလုပ်သမားများက စမူပရကန်ခရိုင် စမ်ရွန်တိုင်ရဲစခန်းတွင် လိုက်ပါဆောင်ရွက်ပေးသော ထိုင်းနိုင်ငံသား ရှေ့နေတစ်ဦးနှင့်အတူ လာရောက်အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများသည် ထိုင်းတွင် တရားဝင်ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ဗီဇာသက်တမ်းတိုးရန် မြန်မာနိုင်ငံသားပွဲစား မစန်းဝင်းဆိုသူနှင့် ဇွန်လတွင် တွေ့ဆုံခဲ့သည်ဟု ဖော်ပြသည်။ ပွဲစားကလည်း မြန်မာအလုပ်သမားများ၏ ဗီဇာသက်တမ်း တိုးပေးနိုင်ကြောင်း သေသေချာချာပြောဆိုခဲ့သည်ဟု အမှုဖွင့်တိုင်ကြားသူတစ်ဦးဖြစ်သည့် မမေသူက သတင်းတွင် ပြောဆိုထားသည်။ သက်သေခံကတ် (ID Card) နှင့် ဗီဇာသက်တမ်းတိုးရန် ၎င်းအပါအဝင် အလုပ်သမား ၃၃ ဦးအတွက် တစ်ဦးလျှင် […]

ထိုင်းသို့ တရားမဝင်လာသည့် မြန်မာလုပ်သား ၁၈ဦး ဖမ်းဆီးခံရ

diz_admin

September 13, 2022

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ အမြန်လမ်းတွင် မောင်းပြေးသွားသော ပစ်ကပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးရာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၈ဦးကို ယနေ့ (စက်တင်ဘာ ၁၃) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ကားတစ်စီး မောင်းနှင်လာသည်ဟု သတင်းရသဖြင့် စူဖန်ဘူရီခရိုင် ဒွန်းကျေဒီးဒေသရှိ အမြန်လမ်းတွင် အမြန်လမ်းရဲတပ်ဖွဲ့က စောင့်ဆိုင်းနေခဲ့ကြောင်း ဖော်ပြသည်။ ယင်းကားကို ကီလိုမီတာ ၁၀၀ အကွာဝေးအထိ နောက်ကလိုက်လာကာ ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း မရပ်တန့်ဘဲ အရှိန်တင်မောင်းကာ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။ ကားအနောက် ဖုံးထားသော ကင်းဗက်အနက်ရောင်အောက်တွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး ၁၈ ဦးတို့ကို ဖမ်းဆီးရမိကြောင်း‌ ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် တာခ့်ခရိုင် […]

ရေဖြူ သပြေဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 13, 2022

ရေဖြူမြို့နယ် သပြေဇွန်းရွာသား အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ကျခတ္တာပင်အင်းရွာ ဘုန်းကြီးကျောင်းအနီး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၄၀ကျော်အရွယ် ဦးသိန်းဇော် (ခေါ်) ညူးညူး ဆိုသူဖြစ်ပြီး ယင်းနေ့ နံနက် ၁၁ နာရီခန့်က ဇနီးဖြစ်သူနှင့်အတူ အလုပ်ခွင်မှ နေအိမ်သို့ ထမင်းစားပြန်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “နောက်က ဆိုင်ကယ်တစ်စီးလိုက်လာပြီး သေနတ်နဲ့ပစ်တယ်။ ဆိုင်ကယ်လဲသွားမှာ ဦးခေါင်းကို ချည်းဖိပစ်တယ်” ဟု ဇနီးဖြစ်သူ၏ ပြောဆိုချက်ကို နောက်ဒေသခံတစ်ဦးက ပြန်လည်ပြောဆိုသည်။ ဦးသိန်းဇော်ဆိုသူမှာ ဦးခေါင်းတွင် ကျည်ထိမှန်သည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဇနီးဖြစ် သူမှာ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဦးသိန်းဇော်ကို မည်သူတို့က […]

ထားဝယ်တွင် ရွှေအတိုးနှုန်းတက်

diz_admin

September 13, 2022

ရွှေပေါင်နှံသူများပြားနေသည့် တနင်္သာရီတိုင်း ထားဝယ်တွင် အပေါင်ဆိုင်များက ရွှေအတိုးနှုန်း တိုးမြှင့်လိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် စပေါင်ချိန်တွင် ပေးလိုက်သည့် ငွေတန်ဖိုးမှာ ပြန်ရွေးချိန်တွင် တန်ဖိုးလျော့ကျသွားပြီဖြစ်သဖြင့် အပေါင်ဆိုင်များအနေဖြင့် အရှုံးကာမိစေရန် ယင်းသို့အတိုးနှုန်း တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ယခင်က ရွှေအပေါင်ထားပြီး ငွေကျပ်တစ်သိန်းချေးလျှင် တစ်ထောင့်ငါးရာကျပ် အတိုးယူနေရာမှ စက်တင်ဘာလမှစတင်ကာ အတိုးနှစ်ထောင်ကျပ်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်တစ်ရာလျှင် တစ်ကျပ်ခွဲအတိုးနှုန်းယူနေရာမှ လက်ရှိတွင် နှစ်ကျပ်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ရွှေပေါင်မည်ဆိုပါ စည်ပင်သာယာလိုင်စင်ရအပေါင်ဆိုင်ထက် ရွှေဆိုင်များတွင်သာ အပေါင်ထားပြီး ငွေချေးကြသည်။ မြန်မာနိုင်ငံ၏ ရွှေပေါက်ဈေးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြစ်သွားခဲ့သလို၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ […]

ထိပ်စည်းပြောင်းသွားသည့် ထားဝယ်ရွှေဈေး

diz_admin

September 13, 2022

ဈေးဆက်တိုက်မြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယနေ့ နေ့လယ်ပိုင်းက ထားဝယ်ဈေးကွက်တွင် ထိပ်စည်းပြောင်းသွားပြီး အကျဘက်ပြန်ရောက်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော် (၃,၀၄၀,၀၀၀ ကျပ်) ပေါက်ဈေးရှိခဲ့သည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၉၀၀၀၀ ကျပ်ဖြစ်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင် အချို့ထံမှ သိရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဩဂုတ်လကုန်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ၁၃ ရက်အကြာတွင် သိန်း ၃၀ အောက်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မကျသော်လည်း ဒေါ်လာဈေးကျနေသည့်အတွက် ရွှေဈေး ဆက်ကျနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ခန့်မှန်းသည်။ စက်တင်ဘာလ ၁၃ ရက် နေ့လယ်အချိန်၏ […]

သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို

diz_admin

September 13, 2022

သရက်ချောင်းမြို့နယ် ချောင်းနှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၂ […]