BREAKING
June 15, 2025

သတင်း

ခရီးသွားလုပ်ငန်းများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်စရန်ပြင်

diz_admin

December 16, 2020

ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ပြန်စရန်ပြင်ဆင်နေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ခရီးသွားလာရေးပြန်စရန်အတွက် ခရီးသွားကုမ္ပဏီနှင့် ယာဉ်မောင်း၊ လှေမောင်း၊ (Guide) ဧည့်လမ်းညွှန် ၂၀ ဦးခန့်ကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး နှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဆရာဖြစ် သင်တန်းများ ပို့ချကာ ပြင်ဆင်နေသည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးက ဦးဝင်းသိန်းက ပြောသည်။ ဆရာဖြစ်သင်တန်းပို့ချပြီးပါက တိုင်းအတွင်း ခရီးသွားလုပ်ငန်းရှိ လူဦးရေ ၁၅၀ ခန့်ကို ခရိုင်အလိုက် သင်တန်းများ ပြန်လည်ပို့ချမည်ဖြစ်သည်ဟု ဦးဝင်းသိန်းက ပြောသည်။ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊ မြစ်တွင်း သင်္ဘောခရီးစဉ် (River Cruise Tour)၊ ကုန်းတွင်းယာဉ်တန်းနှင့် […]

ကမ်းခြေလည်ပတ်ခွင့်အပါအဝင် ကိုဗစ်ကန့်သတ်ချက်များ မဖြေလျော့သေး

diz_admin

December 15, 2020

တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသည့် ကမ်းခြေလည်ပတ်ခွင့် အပါအဝင် ကိုဗစ်ကန့်သတ်ချက်များကို မဖြေလျှော့သေးကြောင်း ယင်းကော်မတီထံမှ သိရ သည်။ ယခင်က ထုတ်ပြန်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များမှာ အသက်ဝင်နေဆဲဖြစ်ပြီး သတ်မှတ် ချက်ပြည့်မီသည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်မှများမှအပ အခြားကန့် သတ်ချက်များဖြေလျော့ပေးခြင်း မရှိသေးကြောင်း အထက်ပါ ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျ က ပြောကြားသည်။ ကမ်းခြေလည်ပတ်ခွင့်လက်ရှိတွင် ဒေသခံများက ကမ်းခြေများသို့ သွားရောက်လည်ပတ် နေကြပြီ ဖြစ်သည်။ သို့သော် ကမ်းခြေလည်ပတ်ခွင့်ပိတ်ထားခြင်းမှာ မပယ်ဖျက်သေးကြောင်း အထက်ပါ ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ ဥပမာအနေဖြင့် မောင်းမကန်ကမ်းခြေသို့ သွားရောက်လည်ပတ်သူများရှိနေ ကြောင်း ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်တွင် မြင်တွေ့နေရသည်ဟု ၎င်းက ပြော သည်။ ထိုကြောင့် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို […]

ရာသီအဖွင့် ဈေးကောင်းရသော်လည်း အလုပ်သမား အခက်အခဲနှင့် ရင်ဆိုင်နေရသည့် အုတ်ဖိုလုပ်ငန်းများ

diz_admin

December 15, 2020

ကိုဗစ်ကာလထဲမှာ ဖြစ်နေသော်လည်း ဈေးကွက်စအဖွင့်တွင် ထားဝယ်ရှိ အုတ်ဈေးနှုန်းသည် ယမန်နှစ်က ဈေးအနည်းငယ်ပိုရနေသော်လည်း လိုသလောက် အုတ်ထုတ်လုပ်နိုင်ရန်အတွက် အလုပ်သမား အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။ ကိုဗစ်ကြောင့် ခရီးသွားလာရေးများကို ကန့်သတ်ထားရာ တိုင်းပြင်ပမှ အုတ်ဖုတ်အလုပ်သမားများအား တိုင်းအတွင်း ခေါ်လာရန်အခက်အခဲရှိနေ ကြခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့် လစ်လပ်နေသော အလုပ်သမားများနေရာတွင် ဒေသခံ အလုပ်သမားများကို အားကိုးပြီး လုပ်ကိုင် နေကြရသည်။ ထားဝယ်နှင့်လောင်းလုံး မြို့နယ်ရှိ အုတ်လုပ်ငန်းလေးခုကို သွားရောက် လေ့လာခဲ့ရာ လုပ်ငန်းခွင်ထဲတွင် ဒေသခံ အလုပ်သမားများဖြင့် လုပ်ငန်း လည်ပတ်နေကြပြီး အချို့အုတ်လုပ်ငန်းခွင်တွင် အခြေခံကျောင်းသားများပါ ဝင် ရောက်လုပ်ကိုင်နေသည်ကို တွေ့ခဲ့ရသည်။ လောင်းလုံးမြို့နယ်က အုတ်လုပ်ငန်းတစ်ခုတွင် အလုပ်သမား ၅၀ ဆယ် ကျော်အနက် သုံးပုံတစ်ပုံခန့်မှာ အလယ်တန်းမှ မူလတန်းအရွယ်အထိ ကျောင်းသူ၊ ကျောင်းသားများ […]

မြိတ်တွင် ထပ်မံတည်ဆောက်မည့် ငါးလေလံဈေး လူထုဝေဖန်မှုမြင့်

diz_admin

December 15, 2020

မြိတ်မြို့တွင် ထပ်မံတည်ဆောက်မည့် ငါးလေလံဈေးနှင့်ပတ်သက်ပြီး ဒေသခံများ၏ဝေဖန်မှုများ ကြီးကြီး မားမားရှိနေသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့က မြိတ်အများပိုင်ကုမ္ပဏီတာဝန်ရှိသူများနှင့် တိုင်းအစိုးရအဖွဲ့တို့တွေ့ဆုံခဲ့ကြပြီး မြိတ်မြို့၊ ကျွဲကူးကျေးရွာအုပ်စုအတွင်း ငါးလေလံဈေး တစ်ခု အကောင်အထည်ဖော်ရေးနှင့် စက်မှုဇုန်တည်ဆောက်ရေး ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဒေသခံများ၏ မကျေနပ်သည့် ဝေဖန် တုံ့ပြန်မှုများ လူမှုကွန်ရက်ပေါ်တွင် ပလူပျံခဲ့သလို မြေပြင်၌လည်းပြော ဆိုဝေဖန်မှုများ ရှိခဲ့သည်။ မြိတ်မြို့တွင်ရှိပြီးသား အပြည်ပြည်ဆိုင်ရာငါးလေလံဈေးကို တိုင်းအစိုးရသည် ငါးနှစ်လုံးလုံး ဥပေက္ခာပြုခဲ့ပြီး အစိုးရသက်တမ်းကုန်သည့် အချိန်မှ အသစ်ထပ်လုပ်မည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းကို တရားမျှတမှု မရှိ၊ ဘက်လိုက်သည်ဟုဆိုကာ ဒေသခံများမှ ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။ “အဟောင်းကို ပစ်ပယ်ပြီးတော့ အသစ်ကိုကျတော့ Proposal (အဆိုပြုလွှာ)တင်တာ နားထောင်ပေးတယ်။ လေလံနှစ်ခုကို အကူအညီပေးတဲ့နေရာမှာ မျှတမှုမရှိဘူးလို့မြင်တယ်” ဟု မြိတ်ဒေသခံ ကိုထွန်းထွန်းဦးက […]

ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျပ်သန်းလေးထောင် ဝန်းကျင်သုံးမည်

diz_admin

December 15, 2020

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များအတွက် ကျပ်သန်း ၃၈၀ဝ သုံးစွဲမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ ကျေးရွာ ၁၁ ရွာတွင် ကုန်ထုတ်လမ်း ၁၁ လမ်းအတွက် ကျပ် ၅၈၇ ဒသမ ၄၂၅ သန်း၊ ကုန်ထုတ်တံတား ၁၇ စင်းအတွက် ကျပ် ၂၃၉ ဒသမ ၆ သန်း၊ ကျေးရွာ ၈၁ ရွာတွင် ရေပေးဝေရေးလုပ် ငန်း ၈၄ ခု အတွက် ကျပ် ၁၄၄၂ ဒသမ ၃၃ သန်း သုံးစွဲမည်ဖြစ်သည်။ တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ် ကျေးရွာ ၁၀ ရွာတွင် မြစိမ်းရောင် စီမံကိန်း ၁၀ ယူနစ်အတွက် […]

လောင်းလုံး ရှေးဟာင်းဂဝံယဉ်ကျေးမှု နေရာတစ်ခုကို ရှေးဟောင်းယဉ်ကျေးမှုဇုန် သတ်မှတ်မည်

diz_admin

December 15, 2020

ရှေးဟောင်းဂဝံယဉ်ကျေးမှုလက်ရာ ထွန်းကားရာနေရာတစ်ခုဖြစ်သည့် လောင်းလုံးမြို့နယ်၊ နခံတောရွာရှိ ရပ်ခံတောင်အနောက်ဘက်က မြေသုံးဧက ကျော်ကို ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဇုန်သတ်မှတ်နိုင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ထားဝယ်ဌာနခွဲက ဆောင်ရွက် လျက်ရှိသည်။ ရပ်ခံတောင်အနောက်တွင်ရှိသည့် ဂဝံယဉ်ကျေးမှုလက်ရာများသည် အေဒီ ၄ ရာစုခန့် (လွန်ခဲ့သည့်နှစ် ၁၆၀ဝ ကျော်) ထွန်းကားခဲ့သည့် လက်ရာများဟု ခန့်မှန်းထားကြောင်း အထက်ပါဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်စိုး က ပြောသည်။ “လက်ရှိအစိုးရလက်ထက်မှာပဲ ရှေးဟောင်းဇုန်သတ်မှတ်နိုင်ဖို့အတွက် တင်ပြ ဖို့လုပ်ဆောင်နေပါတယ်” ဟု ဦးခင် မောင်စိုးက ပြောသည်။ ရပ်ခံတောင်အနောက်ဘက်ကထွက် ပေါ်လာသည့် ရှေးဟောင်းဂဝံ ယဉ်ကျေး မှုလက်ရာ စတူပါခေါ် စေတီငယ်များကို ထားဝယ်မြို့ရှိ ယဉ်ကျေးမှုပြတိုက်ထဲတွင် ခင်ကျင်းပြသထားသည်။ ရှေးဟောင်းယဉ်ကျေးမှုဇုန်သတ် မှတ်ပြီးပါက ပြည်ပခရီးသွားဧည်သည် များကိုဆွဲဆောင်နိုင်သည့် နေရာအသစ် တစ်ခုဖြစ်လာမည်ဟုလည်း […]

မွန်လွှတ်တော် နောက်ဆုံးအစည်အဝေး ဇန်နဝါရီတတိယပတ်တွင် ကျင်းပမည်

diz_admin

December 14, 2020

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ပြည့်နှစ်၊ ဇန်နဝါရီလ တတိယအပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ က ပြောသည်။ အစည်းအဝေးတွင် မေးခွန်းမေးမြန်းခြင်း အဆိုတင်သွင်းတို့အပြင် ပုဂ္ဂလိက မော်တော်ယာဉ်(ယထက) ဥပဒေကြမ်းနှင့် အသေးစားငွေချေးလုပ်ငန်းဥပဒေ ကြမ်းတို့ကိုလည်း ဆွေးနွေးတင်သွင်း သွားရန်ရှိသည်ဟု မွန်ပြည်နယ်လွှတ် တော်ထံမှ သိရသည်။ “ဇန်နဝါရီ တတိယအပတ် ၁၈ နဲ့ ၂၂ ရက်နေ့အကြားပေါ့ လျာထားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့ပြီး သြဂုတ်လက ကျင်းပခဲ့သည့်အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ် အစည်းအဝေး တစ်ကြိမ်နှင့် အထူး အစည်းအဝေး နှစ်ကြိမ် […]

ကြံ့သူတော်မကလေး အကြီးစားခွဲစိတ်ကုသရန်လို

diz_admin

December 14, 2020

တောဝက်ထောင်ကိုင်းတွင်မိပြီး ဒဏ်ရာရနေသည့် ကြံ့သူတော်ကို ကြီးစားခွဲစိတ်မှုလုပ်ဆောင်ရန်လိုအပ်နေသဖြင့် မြန်မာနိုင်ငံတွင် ခွဲစိပ်ကျွမ်းကျင် ဆရာဝန်နှင့် ချိတ်ဆက်ပြီး ခွဲစိတ်နိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ မျိုးတုန်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကြံ့သူတော် တစ်ကောင်ကို မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာတွင် တောဝက်ထောင်ကိုင်းတွင်မိနေသည်ကို နိုဝင်ဘာလ ၃၀ ရက်က ဒေသခံ ရွာသား တစ်ဦးက တွေ့ရှိခဲ့ပြီး သစ်တောဦးစီးဌာနထံ အပ်နှံခဲ့သည်။ တောဝက်ထောင်ကိုင်းမိထားသည့် အမြင့် လေးပေ နီပါး၊ လုံးပတ် ခြောက် ပေ၊ အလျား ခြောက်ပေခွဲရှိ ကြံ့သူတော်မလေး၏ ညာဘက်အရှေ့လက်တွင် ဒဏ်ရာရရှိခဲ့သည်။ တောဝက်ထောင်ကိုင်းတွင် မျိုးတုံးလုနီး ကြံ့သူတော်တစ်ကောင်မိ သစ်တောဦးစီးဌာနမှ ယင်းကြံ့သူတော်အား လက်ခံရရှိပြီးနောက် မြို့နယ်အဆင့် ဆရာဝန်တစ်ဦးနှင့် ဆေးဝါးကုသမှုပေးကာ ထားဝယ်မြို့ […]