ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်ရှစ်ဆယ်ကျော်ဈေးတက်

diz_admin

September 18, 2022

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ငွေကျပ်ရှစ်ဆယ်ကျော် ဈေးတက်သွားကြောင်း လျှပ်စစ်သုံးစွဲသူအချို့ထံမှ သိရသည်။ ဩဂုတ်လအတွက် သုံးစွဲထားသည့် လျှပ်စစ်မီတာခအပေါ် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွက် မီတာခကောက်ခံချိန်က တစ်ယူနစ်လျှင် ၃၄၂ ကျပ် ကောက်ခံခဲ့ပြီး ဩဂုတ်လအတွက် ကောက်ခံရာတွင် တစ်ယူနစ်လျှင် ၄၂၃ ကျပ် ကောက်ခံနေခြင်းဖြစ်သည်။ ဩဂုတ်လအတွင်း သုံးစွဲယူနစ်ကျသင့်ငွေကို ယခုလတွင် ကောက်ခံခြင်းဖြစ်သည်။ လက်ရှိ စီးပွားရေးကျပ်တည်းနေသည့်အချိန်တွင် မီတာခတိုးမြှင့်ကောက်ခံခြင်းမှာ တစ်ပူပေါ် တစ်ပူဆင့်စေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။ ၎င်းအိမ်တွင် ယခင်လက သုံးစွဲသည့်ယူနစ်အတိုင်းပင် သုံးစွဲခဲ့သော်လည်း ယခုလကောက်ခံချိန်တွင် ငွေကျပ် တစ်သောင်းကျော် ပိုမိုပေးဆောင်လိုက်ရကြောင်း ဆိုသည်။ “ညဆိုလည်း မီးမှိတ်ပြီးနေတာ။ ယူနစ်က အရင်လနဲ့ တူတူပဲ။ စိတ်ညစ်တယ်။ အကုန် (ဈေး) တက်နေတာပဲ” ဟု အထက်ပါ အိမ်ရှင်မက […]

တိပိဋကယောဆရာတော်ကြီး တည်ထောင်ထားသော မေတ္တာဆေးရုံ ရှာဖွေစီးနင်းခံရ

diz_admin

September 18, 2022

တိပိဋကယောဆရာတော်ကြီး၏ မွေးဖွားရာဇာတိ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လက်ပန်ရွာတွင်ဖွင့်လှစ်ထားသော ” တိပိဋကမေတ္တာဆေးရုံ ” ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သူ ဒေသခံများကဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့မနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ စစ်သား ၁၅ ယောက်ခန့်က အရပ်ဝတ်များဝတ်ပြီး မြင်းဇာရွာမှလမ်းပြ ၂ ယောက်နှင့်အတူ ရွာအဝင်ကတည်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဆေးရုံထဲကို ဝင်လာကြကြောင်း ၎င်းကဆိုသည်။ ဆေးရုံရောက်သောအခါ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများကို စုထိုင်ခိုင်းပြီး ဖုန်းများကို သိမ်းယူ၍ ဆေးခန်းအတွင်းကို အသေးစိတ်ဝင်ရှာကြပြီး ရွှေ၊ ငွေများကို ယူသွားကြကြောင်း၊ PDF များကို ဆေးမကုပေးရဟုဆိုကာ လက်မှတ်ထိုးခိုင်းကြောင်း ၎င်းကဆိုသည်။ ဆရာတော်ကြီးမှာ ယင်းသတင်းကို ကြားသဖြင့် မျက်နှာမကောင်းဖြစ်နေပြီး မေတ္တာပို့၊ သစ္စာဆိုရန်သာ မိန့်ဆိုကြောင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

September 18, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရာဇဝတ်မှုသက်သေများ တိုးလာသည်ဟု IIMM ပြော မြန်မာနိုင်ငံ၌ အာဏာသိမ်းကာလတွင် ရာဇဝတ်မှုများကျူးလွန်မှု ပိုဆိုးလာပြီး သက်သေအထောက်အထားများလည်း ပိုမိုတွေ့ရှိထားကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့ခေါင်းဆောင် Nicholas Koumjian ကပြောသည်။ IIMM က လေးကြိမ်မြောက် နောက်ဆုံးရရှိသည့် အစီရင်ခံစာကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို စက်တင်ဘာလ ၁၂ ရက်က တင်သွင်းချိန်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာစစ်တပ်က ပြည်သူများကို သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးအကျဉ်းချခြင်း စသည့် ရာဇဝတ်မှု များကို ကျူးလွန်မှု ပိုများလာပြီး ယင်းသို့ကျူးလွန်မှုအတွက် တာဝန်ယူမှု […]

မြိတ်တွင် လျှပ်စစ်မီတာခဈေးထပ်တက်၊ တစ်ယူနစ် ၁၁၀၀ ကျော်သွားပြီ

diz_admin

September 17, 2022

မြိတ်မြို့တွင် လျှပ်စစ်မီတာခဈေးနှုန်းမှာ ဩဂုတ်လအသုံးပြုခအတွက် ကောက်ခံရာတွင် တစ်ယူနစ် ကျပ် ၂၀၀ကျော် ဈေးမြင့်တက်သွားသဖြင့် တစ်ယူနစ်လျှင့် ၁၁၅၃ ကျပ်အထိ ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ ဇူလိုင်လအတွက် တစ်ယူနစ်လျှင် ၉၄၇ ကျပ် ကောက်ခံခဲ့ရာမှ ဩဂုတ်လ အသုံးပြုခအတွက် ကောက်ခံရာတွင် ၂၀၆ ကျပ် ထပ်မံတိုးမြှင့်ကောက်ခံလာခြင်းဖြစ်သည်။ ဧပြီလတွင် တစ်ယူနစ်လျှင် ၇၃၀ ကျပ်မှ မေလတွင် ၈၄၅ ကျပ်၊ ဇွန်လတွင် ၈၉၇ ကျပ်၊ ဇူလိုင်လတွင် ၉၄၇ ကျပ်နှင့် ဩဂုတ်လတွင် ၁၁၅၃ ကျပ် ကောက်ခံခဲ့ပြီး မီတာခဈေးနှုန်းမှာ လေးလေ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။ “မီးလျော့သုံးတာတောင် မီးဈေးတက်လေလေ ပေးရတဲ့ငွေက များလာလေပဲ” ဟု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက […]

ထိုင်းတွင် နဘုလယ်ဒေသခံတစ်ဦး အသတ်ခံရ

diz_admin

September 17, 2022

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်တွင် ထိုင်းနိုင်ငံသား လူရမ်းကားတစ်စုက ဓါးထိုးသတ်ဖြတ်မှုကြောင့် ထားဝယ်ခရိုင် နဘုလယ် ဒေသခံမြန်မာအလုပ်သမားတစ်ဦး သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာလ ၁၅ရက်နေ့ ညနေပိုင်း ဘောလုံးကန်ရာမှအပြန် ဈေးဖွင့်ပွဲတစ်ခုတွင် ကခုန်နေရင်း ထိုင်းနိုင်ငံသား တစ်ဦးနှင့် မတော်တဆထိမိရာ တောင်းပန်စကားဆိုပြီး ပြန်လာခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူအချို့က ပြောသည်။ ယင်းနောက် အိမ်အပြန်လမ်းတွင် ထိုင်းနိုင်ငံသား လူရမ်းကားတစ်စုက နောက်က လိုက်ပါလာကာ ဓါးဖြင့်ထိုးမှုကြောင့် သေဆုံးသွားခဲ့ ခြင်းဖြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် ကိုဌေးလွင်ဦး (ခေါ်) ကိုဘုလယ်ဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ် ဒေသ ပရဒတ်ရွာသားတစ်ဦး ဖြစ်သည်။ နခွန်ပထုံခရိုင် စီဆန်ဖန်နယ်မြေအနီးရှိ နန်းယံအထည်ချုပ်စက်ရုံတွင် ၁၂ နှစ်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး မြန်မာများ […]

ပုလောကုန်းရွာ တစ်မိုင်တောင်စစ်ဆေးရေးဂိတ် နှစ်ရက်ဆက် တိုက်ခိုက်ခံရ

diz_admin

September 17, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းရွာရှိ တစ်မိုင်တောင် စစ်ဆေးရေးဂိတ် နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း အတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ တစ်မိုင်တောင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ဂိတ်ဖွင့်တပ်စွဲထားပြီး စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ပုလောပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ခဏခဏ လာပစ်နေကြတယ်။ မနေ့ကရော ဒီနေ့ပါ လာပစ်ကြသေးတယ်။ လက်နက်ငယ်အသံတွေလည်း ဆူညံ နေတယ်။ အသေအပျောက်ကတော့ ပြောသံမကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက စက်တင်ဘာလ ၁၆ ရက်က ပြောသည်။ ယင်းသို့ လာရောက်ပစ်ခတ်ချိန်တွင် ပုလော ၂၈၅ တပ်ရင်းဘက်ကလည်း တစ်မိုင်တောင်ရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးကျည်များ ကျရောက်နေသည့်အတွက် အနီးအနားရွာမှ ရွာသားများသည်လည်း ဘေးလွတ်ရာ […]

သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 17, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ကျော်အရွယ် ဦးဇော်ဦးဆိုသူဖြစ်ပြီး ယနေ့နံနက် ၇နာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက နေအိမ်ထဲသို့ ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက နှစ်ချက်လောက်ပဲ ကြားလိုက်မိတယ်။ သူက ကရင်ကြီးရွာသား ပြင်ကြီးရွာက သူ့ခြံထဲမှာလာနေတာ။ အရင်ကတော့ ခြံစိုက်တာတွေရှိတယ်။ တခြားဘက်က သူဘာလုပ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဦး၏ ရုပ်အေလာင်းမှာ ယနေ့ နံနက် ၉ နာရီအထိ ၎င်း၏နေအိမ်၌ပင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် […]

ဖမ်းဆီး‌ခေါ်ဆောင်ခံရသည့် ဘဝပင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့

diz_admin

September 16, 2022

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု ဘဝပင်ရွာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားကို သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာ ကျောက်သေတ္တာတောင်တွင် ပြည်သူကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ကျေးရွာဘုန်းကြီးကျောင်းနှင့် ကျောက်ဂူထဲတွင် ပုန်းခိုနေသည့် ဒေသခံရွာသား နှစ်ရာကျော်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘဝပင်ရွာသားနှစ်ရာကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း PDF နှင့် အဆက်အသွယ်ရှိသည်ဆိုသော ရွာသားတစ်ဦးကိုမူ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား၏ ရုပ်အ‌လောင်းကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ရွာအပြင်က မမကုလားဘုရားကျောင်းအနီး အမှိုက်ပုံတွင်ပြန်လည်တွေ့ရကြောင်း ဘဝပင်ရွာမှ စစ်ဘေးရှောင်များကို ကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ “သူက pdf မဟုတ်ဘူး၊ ဘုန်းကြီးလူထွက်၊ သူ့နာမည်က ကိုယ်တော်ကျော်မိုးဆိုခေါ်တယ်၊ […]