ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကားတိုက်မှုတွင် သေဆုံးခဲ့သောမြန်မာလုပ်သားအတွက် လျော်ကြေးဘတ်ငါးသိန်းရ

diz_admin

September 19, 2022

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုဖြင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမား ငါးဦးအနက် လျော်ကြေးရရန် ကျန်ရှိနေသော မြန်မာအလုပ်သမားတစ်ဦးအတွက် ဘတ် ငါးသိန်းကို ယနေ့ (စက်တင်ဘာ ၁၉) တွင် လက်ခံရရှိကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ ယခုနှစ် ဇန်နဝါရီလက ကန်ချနဘူရီခရိုင်တွင် ဖြစ်ပွားခဲ့သော ကားတိုက်မှုတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ငါးဦး သေဆုံးခဲ့သည်။ သေဆုံးသွားသူများအနက် အထောက်အထားပြည့်စုံသူ လေးဦးဖြစ်သော မောင်သက်နိုင်ဖြိုး၊ မောင်နိုင်ဝင်းစိုး၊ မောင်အောင်ရွှေဝင်းနှင့် မခင်မာနွယ်တို့အတွက် လျော်ကြေးငွေ ဘတ် ၂သန်းကို ယခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ ကားအာမခံအတိုင်း ထုတ်ယူနိုင်ခဲ့သည်။ အချက်အလက် အထောက်အထားမပြည့်စုံသည့် မအိဖြူအောင်အတွက်မူ လျော်ကြေးရရန် ကြန့်ကြာနေခဲ့ပြီး ကားတိုက်မှုဖြစ်ပြီးနောက် ရှစ်လနီးပါးကြာချိန်မှသာ လျော်ကြေးရရှိခြင်းဖြစ်ကြောင်း သံအရာရှိရုံးထံမှ […]

ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းဘာသာသင်တန်း တိုးချဲ့ဖွင့်ရန် NGO များ စီစဉ်

diz_admin

September 19, 2022

ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများက ဘန်ကောက်ဒေသနှင့် အနီးတဝိုက်ခရိုင်များတွင် ရွှေ့ပြောင်းအလုပ်သမားများ အတွက် ထိုင်းဘာသာစကားသင်တန်းနှင့် ကွန်ပျူတာကျွမ်းကျင်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း Bangkok Post သတင်းဌာနက ယနေ့ရေးသားဖော်ပြသည်။ ရွှေ့ပြောင်းအလုပ်သမားများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ပေးရန်နှင့် ၎င်းတို့၏ လူမှုဘဝ ဖူလုံမှုအကျိုးခံစားခွင့် သေသေချာချာရရှိစေရေး ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း အလုပ်သမား အရည်အသွေးမြှင့်တင် ရေးကွန်ရက်ဖောင်ဒေးရှင်း (LPN) ဒါရိုက်တာ Sompong Srakaew က ပြောသည်။ လက်ရှိအချိန်တွင် LPN က ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းဘာသာစကားနှင့် ကွန်ပျူတာသင်တန်းအပြင် အခြားသင်တန်းများ ပို့ချနေသော လေ့ကျင့်ရေးသင်တန်းကျောင်း ၁၅ ကျောင်းအထိရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။ သင်တန်းများကို ဘန်ကောက်ခရိုင်အပြင် အနီးတဝိုက်ဖြစ်သော စမူစခွန်၊ စမူပရကန်၊ ပထုံဌာနီနှင့် ပတ်ခ်ျဘူရီခရိုင် များတွင် ဖွင့်လှစ်လျက်ရှိနေပြီး သင်တန်းများကို အပတ်စဉ်တနင်္ဂနွေနေ့များတွင် […]

ထားဝယ်ခရိုင်တွင် ဝဥ ဝယ်လက်မရှိသဖြင့် ဈေးမဖွင့်နိုင်ဟုဆို

diz_admin

September 19, 2022

ဝယ်လက်မရှိသဖြင့် ထားဝယ်ခရိုင်တွင် ဝဥ ဈေးမဖွင့်နိုင်သေးကြောင်း ဝဥပွဲရုံအချို့ထံမှ သိရသည်။ ဝဥ စက်ရုံများမှ အဝယ်တော်များသည် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ်ကပင် ထားဝယ်ခရိုင်ဘက်သို့ လာရောက်ဝယ်ယူမှု မရှိတော့ကြောင်း ပွဲရုံရှင်အချို့က ပြောသည်။ “မန္တလေးတို့၊ ရေးတို့၊ မော်လမြိုင်တို့မှာ စက်ရုံတွေရှိတယ်လေ။ အဲဒီစက်ရုံတွေကနေပြီး ပွဲရုံတွေကို သူတို့က ဈေးတစ်ခုဖွင့်ပြီး ဝယ်ခိုင်းတယ်လေ။ အခုက ဝယ်လက်လည်း မရှိဘူး။ တရုတ်ကလည်း မဝယ်ဘူးဆိုတော့ အခြောက်လုပ်တဲ့သူတွေလည်း နားမှရမယ်ပေါ့” ဟု ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဝယ်လက်မရှိသဖြင့် ဝဥ အဝယ်ကိုလည်း ရပ်ထားပြီး ပြီးခဲ့သည့်နှစ်က ပွဲရုံများတွင် အခြောက်လုပ်ထားသည့် ဝဥခြောက်များမှာလည်း ဝယ်လက်နည်းသဖြင့် လက်ဝယ်ပိတ်မိနေကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်ပိဿာ ၉၀၀ – ၁၀၀၀ ကျပ်ဖြင့် […]

မြိတ်ခရိုင်တွင် တစ်နှစ်အတွင်း တိုက်ပွဲအကြိမ် ၅၀ ကျော်ဖြစ်

diz_admin

September 19, 2022

မြိတ်ခရိုင်တွင် တစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲ ၅၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းနှစ်ခုက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ D Day စတင်ကြေညာသည့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၇ရက်မှ ယခုနှစ် စက်တင်ဘာလ ၇ ရက်အထိ တစ်နှစ်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အခြေအနေကို ထုတ်ပြန်ထားခြင်းဖြစ်သည်။ ပုလောမြို့နယ်အခြေစိုက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁) အပါအဝင် မဟာမိတ်ပူးပေါင်း အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း (၄၁) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဒေါက်တိုင်ဖြိုချမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၂၀၆ ဦးသေဆုံးပြီး ၂၅၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်တွင် ရဲဘော် ရှစ်ဦးကျဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။ အလားတူ တနင်္သာရီမြို့နယ်အခြေစိုက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင် […]

မလေးရှားသို့ခိုးဝင်ရန် ပွဲစားခ သိန်း ၅၀ပေါက်၊ လမ်းကြောင်းပုံစံလည်းပြောင်းလာ

diz_admin

September 19, 2022

ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။ ထိုသို့သွားရာတွင် လမ်းခရီး၌ အနည်းဆုံး သုံးရက်မှ ဆယ်ရက်ကျော်အထိ ကြာမြင့်လေ့ရှိသည်။ ကိုဗစ်ကြောင့် ပိတ်ထားသည့် အလည်ဗီဇာများကို ပြန်လည်ခွင့်ပြုချိန်တွင် လမ်းကြောင်းအသစ်များ ပေါ်လာသည်။ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးသွားပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကား သို့မဟုတ် ခြေလျင်ခိုးဝင်ကြသည်။ အထက်ပါ လမ်းကြောင်းဖြင့် သမီးဖြစ်သူကို မလေးရှားနိုင်ငံသို့ ပို့လိုက်ရာ မြန်မာငွေ ၄၃ သိန်းကျော် ပေးရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ […]

နှာခေါင်းစည်း ဈေးပြန်တက်

diz_admin

September 19, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုတစ်ကျော့ပြန် မြင့်တက်လာပြီး တနင်္သာရီတိုင်းအတွင်းလည်း ကူးစက်မှုများရှိလာ ပြီးနောက် မြိတ်မြို့တွင် နှာခေါင်းစည်းဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ အခုငါးဆယ်ပါ နှာခေါင်းစည်းတစ်ထုတ်လျှင် ၁၃၀၀ ကျပ်ဈေးရှိရာမှ ယခုစက်တင်ဘာလအတွင်း ၁၇၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း နှာခေါင်းစည်းရောင်းချသည့်ဆိုင်များထံမှ သိရသည်။   “ဝယ်ရင်းဈေးလည်း တက်နေလို့ ဈေးတင်ရောင်းနေရတဲ့ သဘောပါ” ဟု ကန်ကြီးရပ်ရှိ နှာခေါင်းစည်းများ ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်တွင် ပြီးခဲ့သည့် ဧပြီလမှစပြီး လက်ရှိအချိန်အထိ ကိုဗစ်ပိုးမတွေ့ရှိသေးသော်လည်း ထားဝယ်ခရိုင်နှင့် ကော့သောင်းမြို့တို့တွင် ကိုဗစ်ပိုးတွေ့ရှိနေပြီဖြစ်သည်။ “ကုန်ဈေးနှုန်းတွေ တက်နေတာပဲ။ ကိုဗစ်မရှိတော့ Mask ဈေးမတက်ဘူး။ ပိုးတွေ့သံကြားမှပဲ ဈေးတန်းတက်သွား တာ” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောဆိုသည်။ ယခင်ကလည်း […]

ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

September 18, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှမင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ”ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ သိရတယ်၊ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်နေရာမှာဘဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။ အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် စက်တင်ဘာ […]

ထားဝယ်မြို့အဝင်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်နောက်လိုက်ဒဏ်ရာရ

diz_admin

September 18, 2022

ထားဝယ်မြို့အဝင် ဇဟာရွာလမ်းပိုင်းတစ်နေရာတွင် ယနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁၈) မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် မီနီဘတ် ဟိုင်ကာအမျိုးအစား မှန်လုံယာဉ်မှာ လမ်းချော်ပြီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက် ခဲ့ကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးတို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လူကတော့ သေဆုံးတာမရှိဘူး။ ကားကတော့ လုံးဝပျက်စီးသွားတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတွင် ညာဘက်ခြေသလုံး စုတ်ပြတ်ဒဏ်ရာရရှိခဲ့ပြီးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် […]