ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

diz_admin

September 26, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နေအိမ်သို့ လာရောက်ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်ကမူ ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက ကားနဲ့ ရောက်လာပြီးတော့ ဝင်ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ” ဟု ၎င်းတို့ […]

မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသူ ထိုင်းအမျိုးသားကို ဖမ်းမိ၊ ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်

diz_admin

September 26, 2022

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးစားသော ထိုင်း အမျိုးသားကို ဖမ်းမိထားပြီဖြစ်ပြီး ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာမိန်းကလေးကို အိမ်ဖော်အဖြစ်အလုပ်ပေးမည်ဟုဆိုကာ ဟိုတယ်သို့ လိမ်ခေါ်ပြီး အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ အသက် ၃၉နှစ်အရွယ် စူဖာချိုင်း ခေါ် နိုင်အိုမ်းဆိုသူကို စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် နွန်ထဘူရီခရိုင် ဘန့်ဘိုဝ်ထွန်းဒေသရှိ သူ၏ရည်းစားဖြစ်သူနေအိမ်မှ ထွက်ပြေးရန်ပြင်ဆင်နေစဉ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားသည်။ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးစားသော အဆိုပါအမျိုးသားကို ဖခင်ဖြစ်သူက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီးနောက် နွန်ထဘူရီခရိုင်တရားရုံးက စက်တင်ဘာလ ၂၃ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကားနှင့်ဖုန်းကိုပါ သိမ်းဆည်း ရမိပြီး တစ်နာရီကြာ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ခဲ့မိသည်ဟု ၎င်းက […]

တနင်္သာရီ ညောင်ပင်ကွင်းရွာသားတစ်ဦး အသတ်ခံရ

diz_admin

September 26, 2022

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာသား ကိုရဲမွန်ဆိုသူကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အသက် ၃၅နှစ်အရွယ် ကိုရဲမွန်သည် စက်တင်ဘာလ ၂၅ရက်က ရွာအနီးဝန်းကျင်က ရေတံခွန်သို့ ကားအငှားလိုက်သွားရာ လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ခရီးသည်များကိုမူ ပြန်လွှတ်ပေးလိုက်ကြောင်း ညောင်ပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ ကိုရဲမွန်ကို စက်တင်ဘာလ ၂၅ ရက် ရက်က ရှင်းလင်းလိုက်ကြောင်း တနင်္သာရီ-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (စက်တင်ဘာ ၂၆) ထုတ်ပြန်သည်။ ၎င်းသည် တော်လှန်ရေးအဖွဲ့နှင့် သက်ဆိုင်သူများကို ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီတပ်အတွက် ဒလန် (သူလျှို) သတင်းပေးလုပ်နေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ရှင်းလင်းမှုမှာ ကျေးရွာနေပြည်သူများနှင့် သက်ဆိုင်မှု မရှိကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။ ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီတပ်ရှိပြီး ကိုရဲမွန်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာလေ့ရှိကြောင်း […]

ပုလော-မြိတ် လမ်းတစ်လျှောက် မိုင်းဆွဲမှုများနှင့် ပစ်ခတ်မှုများဖြစ်နေ

diz_admin

September 26, 2022

ပုလော-မြိတ် ပြည်ထောင်စုလမ်းတစ်လျှောက်တွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး မိုင်းပေါက်ကွဲခြင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၆ နာရီဝန်းကျင် တပိုရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ကွဲခဲ့ပြီး နံနက် ၇ နာရီဝန်းကျင်တွင်လည်း သင်္ကန်းတောရွာနှင့် ကဒဲရွာအကြား မိုင်းပေါက်ကွဲသံ ထပ်မံကြားရကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံများလည်း ကြားရကြောင်း ၎င်းတို့က ဆိုသည်။ “မြိတ်ဖက်က စစ်ယာဉ်တန်းတက်လာတယ်။ ကားတစ်စီးလည်း ထိသွားတယ် ကြားရတယ်။ အထိအခိုက်တော့ မသိရသေးဘူး။ လက်နက်ကြီးတွေ ပစ်သံလည်းကြားနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် နံနက် ၈ နာရီတွင်လည်း ခမောင်းတောရွာဖက်က နှစ်ဖက်ပစ်ခတ်သံများ ၁၀ မိနစ်ခန့် ကြားရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း ဒေသခံများက […]

ပုလော မြဒေါင်ရွာ ရာအိမ်မှူး ပစ်ခတ်ခံရ

diz_admin

September 25, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ မြဒေါင်ကျေးရွာ ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မြိတ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၄ ရက် ည ၇ နာရီခန့်က မြဒေါင် (ဒေသအခေါ် မဒေါ်) ကျေးရွာရှိ အသုဘအိမ်တွင် လျှပ်စစ်မီး လာရောက်တပ်ဆင်နေသည့် အသက် ၃၀ ကျော်အရွယ် ရာအိမ်မှူး ကိုနီအား အမည်မသိ လက်နက်ကိုင်တစ်စုက လာရောက် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရပြီးနောက် ပုလောမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ ရာအိမ်မှူး၏ သတင်းပေးမှုကြောင့် ကျောင်းဆရာမ အပါအဝင် ဖမ်းဆီးထောင်ချခံရသူများ ရှိနေသည်ဟု ဒေသခံအချို့က ပြောဆိုကြပြီး ယင်းပြောဆိုချက်နှင့် ပတ်သက်၍ […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 25, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာက ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကလော့ကျေးရွာသား ရော်ဘာခြံလုပ်ကိုင်သည့် အသက် ၃၅နှစ်အရွယ် ဦးနိုင်ဦးဆိုသူသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန့်က ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံများထံမှ သိရသည်။ ဦးနိုင်ဦးသည် ရော်ဘာခြံသို့အသွားလမ်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ပြီးနောက် အလောင်းကို ရွာထိပ်တွင် ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ မသင်္ကာတွေ့ရှိသဖြင့် ပစ်ခတ်မိခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်ဟုလည်း ဒေသခံအချို့၏ ပြန်လည်ပြောပြချက်အရ သိရသည်။   “ရော်ဘာခြံသွားတဲ့လမ်းမှာ အပစ်ခံရတယ်။ ပြီးတော့ သူတို့ (စစ်တပ်) က ရွာထိပ်မှာ လာထားသွားတယ်” ဟု ကလော့ရွာမှ ဒေသခံတစ်ဦးက […]

လောင်းလုံး၊ပန်းဒလဲရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

September 25, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာ ၂၅) မနက်ပိုင်းက အသက် လေးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ဒေသမှဖြစ်ပြီး ပန်းဒလဲရွာသူနှင့်အိမ်ထောင်ကျကာ ယင်းကျေးရွာတွင်နေထိုင်သည့် ရေခဲလုံး(ခေါ်)ဦးရဲထွန်း ဆိုသူဖြစ်ပြီး ပန်းဒလဲရွာပျူစောထီးအဖွဲ့ဝင် ဖြစ်သည်ဟုလည်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ခုနှစ်နာရီဝန်းကျင်ခန့်က ပန်းဒလဲရွာ အထက်တန်းကျောင်းအနီး ကျန်းမာရေးလမ်းဘေးတွင် မှောက်လျက်သေဆုံး နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်ကွက်ထဲမှာ မှောက်လျက်နဲ့ လမ်းမပေါ် ခြေထောက်တင်ပြီး သေနေတယ်။ ခြေသလုံးမှာကတော့သွေးတွေနဲ့ နောက်ပြီး ကျမ်းမာရေးလမ်းပေါ်က ဘေးမတံတား မှာလည်း သွေးကွက်တွေ မနည်းဘူး။ သူ့စီးတဲ့စက်ဘီးကိုလည်း အဲဒီနားမှာပဲ တွေ့ရတယ်”ဟု ၎င်းကပြောသည်။ သေဆုံးသူအမျိူးသားမှာ ပြီးခဲ့သည့်လပိုင်းက ပျူစောထီးအဖွဲ့မှ ထွက်တော့မည်ဟု ဒေသခံများကိုပြောဆိုခဲ့ဖူးပြီး ရက်သတ္တပတ် […]

လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 24, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ယနေ့ (စက်တင်ဘာ ၂၄) နံနက်ပိုင်းက နေအိမ်တွင် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၅၀ကျော်အရွယ်ရှိ ဦးထွန်းမြင့်ဆိုသူဖြစ်ပြီး ယနေ့ နံနက် ၈နာရီကျော်က နေအိမ်ပြုပြင်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ယခင်အုပ်ချုပ်ရေးမှူး ဇော်မျိုးဦး (သေဆုံး) နဲ့အတူ ပူးပူးတွဲတွဲ သွားလေ့ရှိတယ်။ သူတို့နှစ်ယောက်က (သဘော့ဆိပ်ပြင်ကြီးရွာက) ရှိုင်သာယာဆိုတဲ့ ရပ်ကွက်မှာပဲ နေတယ်။ ဒဏ်ရာက နံကိုင်းမှာတစ်ချက်နဲ့ နဖူးမှာ တစ်ချက်တွေ့ရတယ်” ဟု ၎င်းကပြောသည်။ သို့သော် ဦးထွန်းမြင့်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ ၎င်း၏ ရုပ်အလောင်းကို […]