ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သံတုံးဖြင့်ပစ်သူအား အမှုဖွင့်
diz_admin
December 24, 2020ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သံတုံးဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသားအား ထောင်ဒဏ်တစ်နှစ်ချမှတ်နိုင်သည့် ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါအမျိုးသားကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၆(အခြားသူ၏ အသက်ကို သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု) ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့် ထိုဥပဒေပုဒ်မကို ကျူးလွန်ပက တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငါးသောင်းကျပ်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ အဆိုပါ အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၇ ရက် ည ၉ နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူရှိနေစဉ် ယင်းရပ်ကွက်နေ အသက် ၃၃ နှစ် […]