ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ခေါဇာမြို့ စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ

diz_admin

September 30, 2022

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သားနှစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခေါဇာမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် ခေါဇာမြို့မှ ရေးမြို့သို့ သွားစဉ် ယနေ့ (စက်တင်ဘာ ၃၀) နံနက် ၁၀ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “လစာထုတ်ဖို့ အသွားမှာ အသတ်ခံရတယ်လို့ သိရတယ်။ စခန်းမှူးက ပြောင်းလာတာ မကြာသေးဘူး” ဟု ခေါဇာမြို့ခံတစ်ဦး ပြောသည်။ ခေါဇာစခန်းမှူးနှင့်အဖွဲ့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ အိမ်စီးကားဖြင့်လာစဉ် စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး G3 နှစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆံအချို့တို့ကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့ နယ်ထိန်းရဲကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း […]

မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဥ်းသား ၆၀ နီးပါးလွတ်လာ

diz_admin

September 30, 2022

မြိတ်အကျဥ်းထောင်မှ လွတ်ရက်စေ့သည့် နိုင်ငံရေးအကျဥ်းသား ခြောက်ဆယ်နီးပါး ပြန်လွတ်လာကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များ ထံမှသိရသည်။ ယနေ့(စက်တင်ဘာ ၃၀)နံနက် ၈ နာရီတွင် လွတ်မြောက်လာခြင်းဖြစ်ပြီး အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင်သည်ဟု လွတ်မြောက်လာသည့် မိသားစုဝင်များက ပြောသည်။ “အိမ်ပြန်ရောက်လာပါပြီ။ လွတ်တဲ့သူအားလုံးက ၅၈ ဦးပေါ့ အရင်ကတည်းက လက်နက်မှုနဲ့ ထောင်ကျနေသူ တစ်ဦးလည်းပါတယ်”ဟု လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသား၏ မိခင်ကပြောသည်။ လွတ်မြောက်လာသူများသည် ၂၀၂၁ မတ်လ ၂၆ ရက်နေ့က ရွေပြည်တန်လမ်းဆုံ ဆန္ဒပြပွဲအား ပစ်ခတ်ဖြိုခွင်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့အား စစ်ကောင်စီမှ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၂ နှစ် ချခဲ့ခြင်းဖြစ်သည်။ ယင်းနေ့က ဖြိုခွင်းမှုအတွင်း […]

သထုံတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 29, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိုးဝင်းဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။ ဒေးဗရိန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင်  ထိုင်နေစဥ် သေနတ်ဖြင့် လာရောက်ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်။ ”လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ အပစ်ခံရတယ်၊ ခေါင်းထိပြီး ပွဲချင်းပြီးပဲ သူက ပြည်သူ့စစ် ဟုတ်တယ်” ဟု ဒေးဗရိန်းဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် ဦးခေါင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် […]

မြိတ်လေဆိပ်တွင် အဖမ်းခံရသည့် ဦးမျိုးဦး ပြန်လွတ်

diz_admin

September 29, 2022

မြိတ်မြို့လေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားသည့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးမျိုးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကာယကံရှင် ကပြောသည်။ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်က NGO အစည်းအဝေးတစ်ခုသို့ သွားရောက်ရန် မြိတ်လေဆိပ်သို့ရောက်လာစဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးသံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းဖြစ်ပြီး မေးမြန်းစစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၈ ရက်ညနေတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကာယကံရှင် ဦးမျိုးဦး ကပြောသည်။ “သူတို့က ဖုန်းတွေကွန်ပျူတာတွေစစ်တယ် မေးမြန်းတယ်၊ကျွန်တော်က ဘာမှမလုပ်ထားတဲ့အတွက် ပြန်လွှတ်လိုက်တယ်”ဟု ၎င်းကပြောသည်။ သို့သော် ယနေ့တက်လာသည့် သတင်းတစ်ခုတွင် ကွန်ပျူတာကို စစ်ဆေးပြီး သူတို့လိုချင်သည့် အချက်အလက်မရှိသည့်အတွက် တောင်းပန်ပြီး ပြန်လွှတ်ပေးလိုက်သည်ဆိုသည့် ရေးသားချက်ပါရှိလာကြောင်း၊ စကားအသုံးနှုန်း အမှားများအတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၎င်းကဆိုသည်။ “ကိုယ့်ကိုပြန်ပတ်လာအောင်  အရေးအသားတွေမျိုး ဖြစ်နေတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရတယ်”ဟု ဦးမျိုးဦး ကပြောသည်။ ဦးမျိုးဦးသည် NGO အဖွဲ့အစည်းတစ်ခုတွင် […]

တနင်္သာရီ ဇဝဲရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရဟုဆို

diz_admin

September 29, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ အသက် ၅၀ကျော်အရွယ် စစ်ကောင်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထူးကို ဇဝဲရွာအနီးဝန်းကျင်က ပြင်ဝန်းရွာတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက စက်တင်ဘာလ ၂၇ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် နောက်တစ်ရက်အကြာ စက်တင်ဘာလ ၂၈ ရက်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ “သေနတ်နဲ့ ပစ်သတ်လိုက်ပြီလို့ ကြားရတယ်။ အလောင်းကတော့ မရသေးဘူး” ဟု ဇဝဲကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရဲတပ်ကြပ်ကြီးအငြိမ်းစားလည်းဖြစ်သူ ဦးခင်မောင်ထူးအား မည်သည့်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ကိုမူ မသိရှိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ဦးခင်မောင်ထူး စစ်ကောင်စီအား သတင်းပေးသဖြင့် အဖမ်းခံရသူ၊ တိမ်းရှောင်နေရသူများရှိကြောင်း ဒေသခံများက ပြောဆိုပြီး […]

တနင်္သာရီမြို့တစ်ဖက်ကမ်း ဘန်လောရွာအနီး တိုက်ပွဲဖြစ်

diz_admin

September 29, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာအနီးတွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဘန်လောကျေးရွာနှင့် မိုင်ဝက်ခန့်အကွာတွင်ရှိသည့် ကျောက်ပုံတောင်အနီး ယနေ့ (စက်တင်ဘာ ၂၉) နံနက် ၁၁ နာရီခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားပြီး ပစ်ခတ်သံများကြားနေရဆဲဖြစ်ကြောင်း ယင်းရွာသားတစ်ဦးက နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ပြောသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေ ၅နာရီဝန်းကျင်ကလည်း ဘန်လောရွာနှင့် နှစ်မိုင်ခန့် အကွာတွင်ရှိသည့် ဗောဓိကမ်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့ကတော့ လက်နက်ကြီးပစ်သံပါ ကြားရတယ်။ ဒီနေ့တော့ လက်နက်ငယ်အသံတွေပဲ ကြားနေရတယ်” ဟု တနင်္သာရီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ […]

ကျေးဇူးတော်ရွာ ပိတ်ဆို့ခံထားရဆဲဟုဆို

diz_admin

September 29, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ဒေသခံများ စိုးရိမ်ပြီး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ရွာကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည်မှာ လေးရက်ခန့်ရှိနေပြီဖြစ်ပြီး ဒေသခံ ၂၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ “အခုအခြေအနေကတော့ သူတို့ (စစ်ကောင်စီတပ်) ကတော့ရွာကို ဝိုင်းထားတာပေါ့နော်။ အင်းအားကတော့ သုံးရာကျော်လောက်ရှိတယ်လို့ ကြားရတယ်။ ရွာဝင်လမ်းထိပ်က (KNU) ဂိတ်မှာကို အင်အားတစ်ရာလောက် ရှိတယ်လို့ပြောတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခန့်က ပြောဆိုသည်။ စက်တင်ဘာလ လဆန်းပိုင်းက ကျေးဇူးတော်ရွာအနီး ထားဝယ် – ရန်ကုန်အဝေးပြေးကားလမ်းမဘေးရှိ နှမ်းကျဲ၊ ရေပုန်းနှင့် ကရင်ရှင်ထဘီကျေးရွာတို့မှ ဒေသခံ […]

ထားဝယ်တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ ဒဏ်ရိုက်

diz_admin

September 29, 2022

ထားဝယ်မြို့တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ စစ်ကောင်စီတပ်သားက ဒဏ်ရိုက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာလ ၂၈ ရက် ညနေက ဆိုင်ကယ်ဖြင့် လမ်းထွက်လာစဉ် ဖိနပ်ပြတ်သွားသည့်အတွက် ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံရှိ စတိုးဆိုင်တွင် ဖိနပ်ဝယ်ရန် သွားခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ ထိုအချိန်တွင် ဥတ္တံားကြီးလမ်းဆုံ၌ စစ်ကောင်စီတပ်သားနှစ်ဦးရှိနေပြီး ၎င်းအား ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင် အပါအဝင် ဆိုင်ကယ်နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခဲ့သည်ဟု ပြောဆိုသည်။ အဆိုပါ အချက်အလက်များ ပြည့်စုံနေချိန်တွင် ဖိနပ်မစီးသည့်အတွက်ဆိုကာ ရဲစခန်းခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “အပြင်ထွက်ရင် ဖိနပ်မစီးတတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်က ပြန်ရှင်းပြပါတယ်။ လမ်းမှာပြတ်သွားလို့ အခုလာဝယ်တာပါဆိုပြီး။ မရဘူးတဲ့ စခန်းလိုက်တဲ့” ဟု အဆိုပါအမျိုးသားက ပြောသည်။ […]