ကိုဗစ်ကြောင့် တစ်နိုင်တစ်ပိုင် ဝါးထရံလုပ်ငန်းများ အထိနာ
diz_admin
November 17, 2020ရှည်ကြာစွာဖြစ်နေသည့် ကိုဗစ် ကပ်ဘေးကြောင့် တစ်နိုင်တစ်ပိုင် ဝါးထရံ လုပ်ငန်းငယ်များ ထိခိုက်လာနေကြောင်း ယင်းလုပ်ငန်းလုပ်သူများ ထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုအတွင်းရှိ ခုံမော်အရှေ့ရွာ၊ ခုံမော်အနောက်ရွာနှင့် တဂံငယ်ကျေးရွာတွင် ယင်းလုပ်ငန်းအား မိရိုးဖလာ လုပ်ကိုင်နေကြသူ လက်ရှိ အိမ်ခြေ တစ်ရာကျော် ရှိနေသည်။ သို့သော် ကိုဗစ်ကာလအတွင်း ထရံရောင်းအား ထက်ဝက်ကျလာသလို ရရှိသည့်ဈေးနှုန်းသည်လည်း အလားတူ ကျဆင်းလာနေကြောင်း ၎င်းတို့ထံမှသိရသည်။ ကိုဗစ်မဖြစ်မီ ပြီးခဲ့သည့်နှစ်က ထရံတစ်ချပ်ပေါက်ဈေးမှာ ကျပ်နှစ်ထောင် ကျော်ရရှိခဲ့ပြီး ယခုအချိန်တွင် တစ်ထောင့် ငါးရာသာ ကျန်တော့သည်ဟု ထရံရက် လုပ်သူများက ဆိုသည်။ ယင်းအပြင် ကိုဗစ်မဖြစ်မီက မြိတ်မြို့ရှိ ဒိုင်ကြီးများမှ တစ်လလျှင် အနည်းဆုံး သုံးကြိမ်ခန့် မှာယူလေ့ရှိသော်လည်း ယခုအခါ မှာယူမှု ထက်ဝက်နီးပါး ကျဆင်းလာနေသည်ဟု ၎င်းတို့က ပြောပြသည်။ […]