ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောပစ်ခတ်မှုအတွင်း ပြည်သူလေးဦးဒဏ်ရာရ

diz_admin

October 13, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်က ပုလောမြို့နယ်၊ တပိုရွာအနီးတွင် မြိတ်ဘက်မှလာသည့် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံခဲ့ရသည်။ မိုင်းဆွဲခံရမှုကြောင့် အရှိန်တင်မောင်းနှင်သွားသည့် ယင်းကားများပေါ်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့် ပရိဘောဂပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။ “တပိုမှာ မိုင်းဆွဲခံရတော့ ယာဥ်တန်းမောင်းပြေးရင်း ကားပေါ်ကနေ ထိုးထိုးပစ်တာ လမ်းတစ်လျှောက်လုံး အိမ်တွေထိမိထိရာထိတယ်။ လူလေးယောက်လည်း ထိသံကြားရတယ်။ ရွာထဲကို သီးသန့် ဆင်းပြီးပစ်တာတော့ မဟုတ်ဘူး။ မောင်းပြေးရင်း ရမ်းပစ်သွားကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားအချို့လည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦး ကပြောသည်။ “မှောက်ခုံဝပ်နေတာတောင် လက်မှာရှပ်ထိသွားတယ်။ ခြေမှာ (ခြေထောက်ကို) ထိတဲ့ သူတွေလည်းရှိတယ်။ နေအိမ်တွေလည်း […]

သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးတွင် အသံဗုံးပေါက်ကွဲ

diz_admin

October 13, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အောက်တိုဘာလ ၁၃ ရက် ယနေ့ နံနက် ၈ နာရီခန့်က အသံဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ “ဗုံးကတော့ အသံဗုံးလို့ပြောတယ်။ လူထိခိုက်မှုအခြေအနေတော့ မသိသေးဘူး။ အသံဗုံးဆိုတော့ လူထိခိုက်မှုရှိမှာ မဟုတ်ဘူးထင်တယ်” ဟု မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မြို့မရပ်ကွက်တွင် ထားဝယ်-မြိတ်သွားသည့် ကားလမ်းနံဘေးတွင် တည်ရှိပြီး ထားဝယ်မြို့မှ ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယင်းရုံးအနီးတွင် လူနေအိမ်များ၊ လက္ဘရည်ဆိုင်များ၊ မြို့မဈေးတို့တည်ရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဈေးသွားဈေးလာများ၊ သီတင်းကျွတ်ကာလတွင် အလှူပွဲသွားလာသူများ၊ သွားလာနေကြသည့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကျွန်မအစ်မ ဈေးကိုသွားတော့ အဲဒီဘက်မှာ ရှုပ်နေလို့ဆိုပြီး ခပ်သုတ်သုတ်ပြန်လာတယ်။ သူ့ကိုတော့ […]

ကျိုက်ထီးရိုးတွင် ပစ်ခတ်မှုဖြစ်ပြီး ဘုရားဖူး သုံးဦးသေ၊ ၁၃ဦး ဒဏ်ရာရ

diz_admin

October 12, 2022

မွန်ပြည်နယ် ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးတွင် ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရာဖူး သုံးဦးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီးတွင် ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို အမည်မသိသေနတ်သမားတို့က လာရောက်ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် စစ်ကောင်စီတပ်နှင့် သေနတ်သမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း ဘုရားဖူး အမျိုးသမီး သုံးဦးသေဆုံးပြီး ဘုရားဖူးပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင်လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိ ကြောင်း ဒေသခံအချို့က ပြောသည်။   “တောင်တက်ကားဂိတ်နေရာမှာ ပစ်ခတ်မှုဖြစ်ပွားကြတော့ ဘုရားဖူးတွေ ထိသွားတာ။ ဘုရားဖူး […]

သရက်နှစ်ခွကျေးရွာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ နေအိမ်တစ်လုံး ကျည်ထိမှန်

diz_admin

October 12, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာဘက်သို့ အောက်တိုဘာလ ၁၁ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် နေအိမ်တစ်လုံးကျည်ထိမှန်ကြောင်း ဒေသခံအချို့က ပြောသည်။ မြိတ်-ထားဝယ်ကားလမ်းဘေးတွင် တည်ရှိသည့် သရက်နှစ်ခွရွာထိပ်ရှိ ဥတ္တူတံတားတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဂိတ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ဆက်တိုက်ပစ်ခတ်သံ ကြားရကြောင်း ဒေသခံရွာသားအချို့က ဆိုသည်။ “လက်နက်ကြီးသံတွေ နည်းတာမဟုတ်ဘူး ကြားရတာ။ သေနတ်တွေလည်းပစ်နေတာ မနည်းဘူး။ ဘယ်နှစ်ချက်လဲဆိုကို ရေလို့တောင် မနိုင်တော့ဘူး။ မ— ရဲ့ အိမ်မှာတောင် သေနတ်ကျည်ထိလို့ မှန်ကွဲသွားတယ်” ဟု ရွာသူတစ်ဦး ပြောဆိုသည်။ ယခင်က ညဘက်တွင် လက်နက်ကြီး တလုံးစ နှစ်လုံးစ ပစ်ခတ်သည်သာရှိသည်ဟု ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၁၁ ညတွင် […]

ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အကျဉ်ချုံးကျင်းပမည်

diz_admin

October 12, 2022

ဒေသတွင်း ထင်ရှားစည်ကားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သော ထားဝယ်မြို့တန်‌‌ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မြို့တွင်းလှည့်လှည်ပူဇော်မခံတော့ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် အကျဉ်းချုံး ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ ၁၁၁ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှစပြီး ရပ်နားထားခဲ့သည်မှာ ၂ နှစ်ဆက်တိုက် ရှိနေပြီဖြစ်သည်။ ယခုနှစ်တွင်မူ ကိုဗစ်ရောဂါ အထိုက်အလျောက် ကျဆင်းလာသောကြောင့် အစဉ်အလာကို ထိန်သိမ်းသည့်အနေဖြင့် ၁၁၁ ကြိမ်မြောက် တန်ဆောင်တိုင်ဘုရားပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော် ပွဲတော်များ၊ အခမ်းအနားများ၊ မြို့တွင်းလှည့်လှည် ပူဇော်ခံခြင်းတို့ပြုလုပ်မည်မဟုတ်ဘဲ ဘုရားကြီးဝင်းအတွင်းမှာပင် ‌ကျင်းပမည်ဟု ဆိုသည်။ “ဘာအခမ်းအနားမှလည်း မလုပ်ဘူး။ ဘာပွဲတော်မှလည်း မလုပ်ဘူး။ ဘုရားတွေကို မူလစံပယ်ရာ ဂန္ဓကုဓိတိုက် ကနေပြီး ဓမ္မာရုံထဲပင့်ပြီး ဆွမ်းတော်တင်၊ ရှိခိုးလို့ ရအောင်လုပ်တဲ့သဘော၊ အဲဒီလောက်ပါပဲ” […]

မြိတ်တွင် ဟိုတယ်သုံးလွှာပေါ်မှ ဝန်ထမ်းအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

diz_admin

October 12, 2022

မြိတ်မြို့ရှိ Hotel Grand Jade ဟိုတယ်သုံးလွှာပေါ်မှ ဟိုတယ်ဝန်ထမ်း အမျိုးသားတစ်ဦး ပြုတ်ကျပြီး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းများထံမှ သိရသည်။ သေဆုံးသွားသူမှာ အသက် ၅၆ နှစ်အရွယ် ဦးအေးဇော်ဆိုသူဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်ည ၁၁ နာရီခန့်တွင် ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက ပြောသည်။ “ကျွန်တော်တို့သိရတာက ဟိုတယ်အနောက်ဖက် ဝရံဒါမှာ မီးတက်ပိတ်ရာကနေ ခြေချော်ပြီး ကျသွားတာလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့အပါအဝင် လူမှုကူညီရေးအဖွဲ့များ အခင်းဖြစ်ရာသို့ လာရောက်ကူညီခဲ့ကြပြီး ချမ်းမြေ့ကျန်းမာရေး အထောက်အကူပြုအသင်း ကားဖြင့် စစ်ဆေးရုံသို့ တင်ပို့ပေးပြီးနောက် လက်ရှိအချိန်တွင် တပ်ပြင်နာရေးကူညီမှုအသင်းတွင် ထားရှိထားကြောင်း ၎င်းတို့ထံမှ သိရသည်။ သေဆုံးသူသည် ရန်ကုန်မြို့ဇာတိဖြစ်ပြီး တပ်ပြင်ရပ်ကွက်တွင် အိမ်ငှါးနေထိုင်ကာ ဟိုတယ်တွင် […]

နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

October 12, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး အောက်တိုဘာလ ၁၁ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ ထိန်ကြီးရွာသား ကိုနေဇာမိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အောက်တိုဘာလ ၁၁ မွန်းလွဲ ၂ နာရီကျော်က ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပရဒတ်နှင့် ဘဝကျေးရွာ ကြားလမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးခေါင်းပိုင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ ကိုနေဇာမိုးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ၎င်း၏ရုပ်အလောင်းကို အခင်းဖြစ်နေ့ ည ၇နာရီခွဲခန့်က ယင်းကျေးရွာ၏ သုသာန်တွင် ညတွင်းခြင်း မီးသင်္ဂြိုဟ်လိုက်ကြောင်း […]

ယူကရိန်းကို ထောက်ခံပံ့ပိုးသွားမည်ဟု G7 အတည်ပြု

diz_admin

October 12, 2022

ပြီးခဲ့သည့် တနင်္လာနေ့က ရုရှား၏ ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် G7 ထိပ်သီးနိုင်ငံများ၏ ခေါင်းဆောင်များက ယူကရိန်းကို အဆုံးအထိ ပံ့ပိုးသွားမည်ဖြစ်ကြောင်း တညီတညွတ်တည်း ကတိပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။ G7 ခေါင်းဆောင်များ အွန်လိုင်းတွင် တွေ့ဆုံခဲ့ကာ ယူကရိန်းအား စစ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပေးနေဦးမည်ဟု ပြောကြားခဲ့သည်။ “ဘဏ္ဍာရေး၊ လူသားချင်းစာနာမှု၊ စစ်ရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ အကူအညီများ ယူကရိန်းကို ကျွန်ုပ်တို့ ဆက်လက်ပေးနေမည်ဖြစ်ကာ၊ မည်မျှကြာမြင့်ပါစေ ယူကရိန်းဘက်က မြဲမြဲမြံမြံ ရပ်တည်သွားမည်” ဟု G7 နိုင်ငံများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လိုအပ်သည့် အချိန်အထိ ယူကရိန်းနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း Nato က လည်း ပြောကြားထားသည်။ ယူကရိန်းနိုင်ငံအနှံ့ကို ရုရှားက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာတွင် […]