ထိုင်း ရနောင်းလဝကထိန်းသိမ်းရေးစခန်းတွင် မြန်မာ ၇၀၀ ကျော် နေရပ်ပြန်ပို့ရေး အော်ဟစ်တောင်းဆို
diz_admin
January 28, 2023လွတ်ရက်စေ့ပြီဖြစ်သော်လည်း ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထား ရသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရေးအတွက် ယနေ့ အော်ဟစ်တောင်းဆိုကြကြောင်း ရနောင်းရှိ မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် အလုပ်သမားများထံမှ သိရသည်။ လွတ်ရက်စေ့နေသော်လည်း မြန်မာနိုင်ငံသို့ ပြန်ပို့ခံရခြင်း မရှိသေးသဖြင့် နေရပ်ပြန်နိုင်ရေးအတွက် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် အော်ဟစ်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့သဖြင့် နေရပ်ပြန်နိုင်ရန် ရနောင်း လဝက ထိန်းသိမ်းရေးစခန်းတွင် ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘက်က အရေအတွက် အကန့်အသတ်ဖြင့်သာ လက်ခံနေသဖြင့် နေရပ်မပြန်နိုင်သေးဖြစ်နေရာ ယခုကဲ့သို့ တောင်းဆိုမှုများ ရှိလာခဲ့ကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) မှ တာဝန်ရှိသူ ကိုသားကျော်က […]


