ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နေရပ်ပို့မည်ဟု မြန်မာသံရုံးကတိပေးသဖြင့် ရနောင်းလဝကစခန်းရှိ မြန်မာများ ဆန္ဒပြမှုရပ်

diz_admin

January 30, 2023

ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၅၀ကျော် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရန် ဆန္ဒပြတောင်းဆိုချက် ပြေလည်မှုရသဖြင့် ဆန္ဒပြမှုကို ရပ်လိုက်ပြီဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများက ပြောသည်။ ဇန်နဝါရီလ ၂၉ ရက် ညနေပိုင်းတွင် ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးတင်အောင်က စခန်းသို့ လာရောက်ကာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ဖေဖော်ဝါရီလ ၂ရက်မှ ၁၅ ရက်အတွင်း အပြီးပို့ဆောင်ပေးမည်ဟု သံအရာရှိက ကတိပေးသဖြင့် ဆန္ဒပြမှုကို ဆွေးနွေးမှုအပြီးတွင် စတင်ရပ်လိုက်ခြင်းဖြစ်ကြောင်း ထိန်းသိမ်းခံမြန်မာများထံမှ သိရသည်။ စုဝေးဆန္ဒပြတောင်းဆိုနေသည့်နေရာမှ ယခင်နေထိုင်ခဲ့သည့် အခန်းများသို့ မြန်မာများရောက်ရှိသွားကြပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “အခု ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ၂၀၀ ပို့ပေးမယ်။ တစ်သုတ်ပို့ပြီး ကျန်နေတဲ့သူတွေကို နှစ်ပတ်အတွင်း အကုန်ပို့ပေး မယ်။ […]

ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

diz_admin

January 30, 2023

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ ၅ ချီ ယှဉ်ပြိုင်ထိုးသတ်ရသော ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲချီပြည့်သည်အထိ အနိုင်အရှုံး အဖြေမပေါ်ခဲ့သည့်အတွက် အမှတ်ဖြင့် ဆုံးဖြတ်ရာတွင် ဒိုင်လူကြီးများက သွေးသစ်ဝင်းလှိုင်ကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။ ယခုပွဲစဉ်ကို ၃ မိနစ်ထိုး ၂ မိနစ်နားပုံစံဖြင့် ၁၅ မိနစ်ကြာ ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ပြီး The Great Lethwei (TGL) ပြိုင်ပွဲတွင် စုစုပေါင်း တွဲဆိုင်း ၈ ဆိုင်း ပါဝင်ထိုးသတ်သွားခဲ့ခြင်းဖြစ်သည်။ နည်းစနစ်ပိုင်းဆိုင်ရာတွင် နာမည်ကောင်းရရှိထားသော သွေးသစ်ဝင်းလှိုင်သည် ပါဝါအားကောင်းသော ထွန်းထွန်းမင်းကို လက်ရည်အသာစီးဖြင့် […]

ဘုရားကျောင်းလာသည့် သားအဖကို ပျူစောထီးအဖွဲ့ကပစ်ခတ်၊ သားဖြစ်သူ ဒဏ်ရာပြင်းထန်

diz_admin

January 29, 2023

ခရစ်ယာန်ဘုရားကျောင်း လာတက်သည့် သားအဖနှစ်ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်၍ သားဖြစ်သူ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပစ်ခတ်ခံရသူသားအဖနှစ်ဦးမှာ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ မိုင် ၆၀ ကျေးရွာတွင် အလုပ်လုပ်ကိုင်နေသူ ဦးမင်းလတ်နှင့် သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်ဩနေသ တို့ဖြစ်သည်။ မိုင် ၆၀ ကျေးရွာမှ မင်းသားကျေးရွာဘုရားကျောင်းသို့အလာ ယနေ့ (ဇန်နဝါရီ ၂၉) နံနက် ၉ နာရီခွဲခန့်တွင် ပျူစောထီးဟု ခေါ်ဆိုသည့် ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ မင်းသားကျေးရွာရှိ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့က ဆိုင်ကယ်ရပ်ခိုင်းသည်ကို ရပ်မပေးသောကြောင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “မနက် ၉ နာရီလောက် သေနတ်သံသုံးချက်ကြားတယ်။ မနက် ၉ နာရီဆို ရွာမှာက အစောကြီးရှိသေးတယ်။ […]

ကမ္ဘာ့စံချိန်လုပ်ခလစာပေးပြီး ခေါ်ယူထားသည့် စီရော်နယ်ဒို ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အချို့ လွဲမည်

diz_admin

January 29, 2023

ဆော်ဒီအာရေဗျ အယ်လ်နတ်စ်ဆာအသင်း၏အသင်းခေါင်းဆောင် စီရော်နယ်ဒိုသည် ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အတွက် အသင်း၏ပွဲစဉ်တချို့ကို ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ဘဲ လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ အယ်နတ်စ်ဆာသည် စီရော်နယ်ဒိုကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြစ်သည့် တစ်နှစ်လုပ်ခ ပေါင်သန်း ၁၇၀ ပေး၍ခေါ်ယူထားခြင်းဖြစ်ပြီး အကယ်၍ စီရော်နယ်ဒိုကို ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားပေးရမည်ဆိုပါက စီရော်နယ်ဒို၏ပုံရိပ်မှတစ်ဆင့် ရှာဖွေရရှိနိုင်မည့် ငွေကြေးပမာဏ အချို့အဝက်ကို အယ်လ်နတ်စ်ဆာက ဆုံးရှုံးရတော့မည်ဖြစ်သည်။ စီရော်နယ်ဒိုသည် လက်ရှိတွင် အယ်လ်နတ်စ်ဆာအသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲကြီး ပွဲစဉ်နှစ်ခု ပါဝင်ကစားပေးခဲ့ပြီးဖြစ်ကာ ယင်းပွဲစဉ် နှစ်ပွဲတွင် စီရော်နယ်ဒိုက ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာ ရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများကို ရင်ဆိုင်နေရလျက်ရှိသည်။ စီရော်နယ်ဒိုသည် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ချစ်ကြည်ရေးခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ရီယာ့ဒ်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်း၏အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ပီအက်စ်ဂျီက ငါးဂိုး လေးဂိုးဖြင့် အနိုင်ရသွားခဲ့သော […]

မြိတ် တရုတ်တန်းကေတီဗွီတွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးဟုဆို

diz_admin

January 29, 2023

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကေတီဗွီဆိုင်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဆိုင်ရှင်၏ မိသားစုဝင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။ ဇန်နဝါရီလ ၂၇ ရက်ညက တရုတ်တန်းရပ်ကွက်ရှိ ကေတီဗွီဆိုင်သို့ လူသုံးဦး လာရောက်သောက်စားခဲ့ပြီး ည ၁၁ နာရီအချိန်တွင် ဆိုင်ပိုင်ရှင်အမျိုးသမီး၏ မောင်ဖြစ်သူနှင့် အချင်းများကြရာမှ သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွား ကြောင်း မြို့ခံများက ပြောသည်။ “ပစ်တဲ့သူတွေက ထွက်ပြေးရာမှာ ဆိုင်ကယ်သော့ ပျောက်တော့ ဆိုင်ကယ်ထားရစ်ပြီး ခြေလျင်ထွက်ပြေး သွားကြတယ်လို့ ကြားရတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်မှာ မြိတ်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ရွှေ၏ အမည်ပေါက်ဖြစ်နေ သဖြင့် ဦးမောင်ရွှေ၏ ဇနီးဖြစ်သူနှင့် ညီမဖြစ်သူတို့ကို စစ်ကောင်စီတပ်က ညတွင်းချင်းနေအိမ်သို့ ရောက်လာ ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 28, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူတစ်သိန်း၊ ကျပ်သိန်းတစ်ထောင်ရှိမှ ပါတီထောင်ခွင့်ရမည် ပါတီဝင်ဦးရေ တစ်သိန်း၊ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိရမှ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရမည်ဖြစ်ပြီး လက်ရှိတည်ဆဲပါတီများလည်း ပါတီမှတ်ပုံမတင်လျှင် အလိုအလျောက်ဖျက်သိမ်းခံရတော့မည်ဖြစ်သည်။ စစ်ကောင်စီက ဇန်နဝါရီလ ၂၆ရက်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် အထက်ပါကန့်သတ်ချက်များထည့်သွင်းလာခြင်းဖြစ်သည်။ ဥပဒေပြဋ္ဌာန်းပြီး ရက် ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကြရမည်ဖြစ်ပြီး လက်ရှိတည်ဆဲ နိုင်ငံရေးပါတီများလည်း မှတ်ပုံ အသစ်ပြန်မတင်လျှင် အလိုလိုဖျက်သိမ်းခံရမည်ဟု ဖော်ပြသည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ စ၍ ရက်ပေါင်း ၉ဝအတွင်း ပါတီဝင် အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေကို ကျပ်သိန်းတစ်ထောင် ပြရမည်ဟုဆိုသည်။ […]

အာဆင်နယ် သို့မဟုတ် ချယ်လ်ဆီးထံသို့ ပြောင်းခွင့်ပေးရန် ဘရိုက်တန်ကို ကိုင်စီဒို တောင်းဆို

diz_admin

January 28, 2023

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒို သည် ၎င်းအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းထားသည်ကို လက်ခံကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ပြုရန် မိခင်ကလပ် ဘရိုက်တန်ကို တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ ဘရိုက်တန်သည် ကိုင်စီဒိုအတွက် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ထံမှ သန်း ၆၀ ဖြင့် ကမ်းလှမ်းမှုကို လက်ခံရရှိထားသော်လည်း ပေါင်သန်း ၈၀ ရမှသာ ကိုင်စီဒိုကို လက်လွှတ်ပေးနိုင်မည်ဟု အကြောင်းပြန်ထားပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ဘက်ကမူ ဘရိုက်တန်၏တောင်းဆိုချက်ကို လက်လွှတ်ဖွယ်မရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ကိုင်စီဒိုအတွက် ပေးအပ်ထားသည့် ပြောင်းရွှေ့ကြေးပမာဏသည် ဘရိုက်တန်အတွက် ကစားသမားတစ်ယောက်ကို ရောင်းချရာမှနေ၍ စံချိန်တင်ပမာဏရရှိမည့်ငွေကြေးဖြစ်နေပြီး ယင်းအတွက် ကစားသမားဖြစ်သူ ကိုင်စီဒိုက မတန်တဆ ပြောင်းရွှေ့ကြေးကို မတောင်းဆိုရန်၊ ၎င်းကို […]

စစ်ဆေးဖမ်းဆီးမှုများရှိနေသည့် ကံပေါက်ဒေသက ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်ခံရ

diz_admin

January 28, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ ဖားချောင်းကျေးရွာအုပ်စု ဆယ်အိမ်စုရွာက ရာအိမ်မှူး ဦးဝင်းထွန်းဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ အမည်မသိ လက်နက်ကိုင်များက ဇန်နဝါရီလ ၂၇ ညအချိန်တွင် နေအိမ်သို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ခံရပြီးနောက် ဦးဝင်းထွန်းကို မောရဝတီရေတပ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။ “ညက ဦးဝင်းထွန်း အပစ်ခံရပြီး ဆေးရုံကားနဲ့ ရေတပ်ဆေးရုံ တင်သွားတယ်။ အခုမနက်အထိတော့ ဘာမှထပ်မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးဝင်းထွန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ရာအိမ်မှူးအဖြစ်လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ကံပေါက်ဒေသတွင် ဇန်နဝါရီလ ၂၅ ရက်မှ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အပါအဝင် အမျိုးသား လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့သည်။ […]