ကိုဗစ်ထောက်ပံ့ကြေးမရသေးသည့် မသန်စွမ်းများ လူမှုဝန်ထမ်းရုံးထံ ဆက်သွယ်ပါ
diz_admin
November 20, 2020တနင်္သာရီတိုင်းအတွင်း ကိုဗစ်ထောက်ပံ့ကြေး လုံးဝမရသေးသည့် မသန်စွမ်းများအနေဖြင့် တိုင်းလူမှုဝန်ထမ်းရုံးထံ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း ယင်းဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်က ပြောသည်။ ကိုဗစ်ထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ်သုံးသောင်းမရသေးသည့် မသန်စွမ်းများသည် တိုင်းလူမှုဝန်ထမ်းရုံး ဖုန်းနံပါတ် ဝ၅၉၂၀၂၃၄၉၇ သို့ ဆက်သွယ် စာရင်းပေးပို့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံလုံးအတိုင်းအတာဖြင့် မသန်စွမ်းဦးရေ နှစ်သိန်းကျော်အနက် တစ်သောင်းကျော်ကို ကိုဗစ်ထောက်ပံ့ကြေးမပေးရသေးကြောင်း တိုင်းလူမှု ဝန်ထမ်းစာရင်းအရ သိရသည်။ ယင်းကျန်နေသူများအထဲတွင် တနင်္သာရီတိုင်းက မသန်စွမ်းများလည်း ပါဝင်ကြောင်း တိုင်းလူမှုဝန်ထမ်းရုံးထံမှ သိရသည်။ ကျော်သူစိုး