ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ကဒဲရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ရွာသားတစ်ဦး ဒဏ်ရာရ

diz_admin

October 26, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ ရက်ည ၉ နာရီဝန်းကျင်တွင် ကဒဲကျေးရွာထိပ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ခြေသလုံးထိမှန်သွားကြောင်း ဒေသခံများက ပြောသည်။ “နာမည်က ကရင်အိုလို့ ခေါ်တယ်။ ခြေသလုံးကြွက်သားမှာထိပြီး အသားကြေသွားတယ်။ အရိုးတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ကဒဲကျေးရွာတွင် ရွာသားအများစုနေထိုင်ခြင်းမရှိသည်မှာ လအတန်ကြာပြီဖြစ်သော်လည်း ဥယျာဉ်ခြံစောင့်အဖြစ် နေထိုင်နေကြသူအချို့လည်း နေထိုင်နေသေးကြောင်း ဒေသခံများက ပြောပြသည်။ “လက်နက်ကြီးက တစ်ချက်ပစ်ရင် နှစ်လုံးတွဲ၊ နှစ်လုံးတွဲနှင့် ခြောက်လုံးပစ်ခဲ့တယ်။ ရွာထိပ်မှာပဲ ကျတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ လက်နက်ကြီးဖြင့် မပစ်ခတ်ခင် နှစ်နာရီခန့်က ဇရပ်ဆိပ်ကျေးရွာရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် […]

ထားဝယ်တွင် စားအုန်းဆီဈေးပြန်တက်

diz_admin

October 26, 2022

စားအုန်းဆီဈေးနှုန်း တစ်ပုံး ကျပ်ခြောက်သောင်းကျော်အထိ ကျဆင်းခဲ့ရာမှ အောက်တိုဘာလ တတိယအပတ်မှစပြီး ကျပ်ခုနစ်သောင်းကျော်အထိ ပြန်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမအပတ်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ဆယ်ပိဿာဝင် ကော်ပုံးဝါတစ်ပုံးကို ကျပ်တစ်သိန်းငါးထောင်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးနောက် တဖြေးဖြေး ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းနောက် အနိမ့်ဆုံးဈေး ကျပ်ခြောက်သောင်းလေးထောင်ခန့်အထိ ကျဆင်းခဲ့ပြီး အောက်တိုဘာလ တတိယအပတ်တွင် ကျပ် ခုနစ်သောင်းလေးထောင်ကျော်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စားအုန်းဆီမှာ ပြည်ပမှတင်သွင်းရပြီး လက်ရှိပြည်တွင်းဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် လမ်းကြောင်း ပိတ်ဆို့ ခြင်းနှင့် မြန်မာငွေ တန်ဖိုးမတည် ငြိမ်မှုတို့ကြောင့် ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ စားသုံးကုန် အမျိုးမျိုး လက်ကားဖြန့်ဝေရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အဓိကက တိုက်ပွဲတွေကြောင့် လမ်းပိတ်တာရယ်၊ ငွေကြေးမတည်ငြိမ်တာရယ် အဲဒါကြောင့်ပါ” […]

သမ္မတဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်သစ်တို့ ပထမဆုံးအကြိမ်ဆွေးနွေး၊ တရုတ်ကို ရင်ဆိုင်ကြရန် သဘောတူ

diz_admin

October 26, 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်သစ် ရီရှီဆူနက်ခ် တို့ အင်္ဂါနေ့က နာရီအတန်ကြာ ဆွေးနွေးခဲ့ကြပြီးနောက်  ယူကရိန်းကို ဆက်လက်ထောက်ပံ့ရန် နှင့် တရုတ်ကို ရင်ဆိုင်ကြရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် (၄၉) ရက်ကြာ ရာထူးရယူပြီး နူတ်ထွက်ခဲ့ပြီးနောက် ဗြိတိန်၏ ဝန်ကြီးချုပ် ဖြစ်လာသူ ရီရှီဆူနက်ခ် သည် စီးပွါးရေးအကျပ်အတည်းကိုပါ ဖြေရှင်းရန် လက်ခံရရှိပြီးနောက် အမေရိကန်သမ္မတနှင့် ပထမဆုံးအကြိမ် ဆွေးနွေးစကားပြောခဲ့ခြင်း ဖြစ်သည်။ ခေါင်းဆောင်နှစ်ဦး ဆက်သွယ် တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ၏ အထူးဆက်ဆံရေးကို ထပ်လောင်း အတည်ပြုခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး နှင့် ကြွယ်ဝဖူလုံရေးအတွက် အတူတကွပူးပေါင်းကာ ရှေ့တိုး ဆောင်ရွက်ကြမည် ဖြစ်ကြောင်းလည်း ကတိပြုခဲ့ကြသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ “ယူကရိန်းကို ထောက်ပံ့ရန် […]

ထားဝယ်တွင် ကိုဗစ်အလောင်းများကို မနက်ဖြန်မှ စတင်ကာ သရဏဂုံတင်ခွင့်မပြု

diz_admin

October 25, 2022

ထားဝယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူ နေ့စဉ်ရက်ဆက်ရှိလာသောကြောင့် မီးသင်္ဂြိုဟ်သည့် သုသာန်တွင် ကိုဗစ်အလောင်းအား သရဏဂုံတင်ခြင်း မပြုရန် နာရေးကူညီမှုအသင်း-ထားဝယ်က မေတ္တာရပ်ခံပန်ကြားသည်။ ဗုဒ္ဓဘာသာကိုးကွယ်သည့် မြန်မာလူမျိုးများသည် သေဆုံးသူကို ရည်စူးကာ အသုဘအလောင်းကို သုသာန်တွင် မြေမချမီ၊ မီးသင်္ဂြိုဟ်ခြင်းမပြုမီ အသုဘပို့သူ မိသားစုဝင်များနှင့် ဆွေမျိုး မိတ်သင်္ဂဟများက သရဏဂုံတင်ခြင်း၊ တရားနာ ရေစက်ချအမျှပေးဝေခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ကိုဗစ်အလောင်းအား လူစုလူဝေးဖြင့် သရဏဂုံတင်ခြင်း၊ တရားနာခြင်းများပြုလုပ်ပါက ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများ ယခုထက်ပိုများလာမည်စိုးရိမ်သဖြင့် ကိုဗစ်အလောင်းအား သရဏဂုံတင်ခြင်းကို မနက်ဖြန် အောက်တိုဘာလ ၂၆ ရက်မှ စတင်ကာ ခွင့်ပြုပေးတော့မည်မဟုတ်ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “နှစ်လောင်းတွေ သုံးလောင်းတွေ ဆုံလာပြီဆို အဲ့ဒါသည် ပြဿနာအများကြီးရှိတယ်။ ကျွန်တော်တို့က မျက်နှာကြီး မျက်နှာငယ်လည်းမလိုက်ဘဲ သူခင်တယ် […]

သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၊ တစ်ဦးဒဏ်ရာရ

diz_admin

October 25, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ် တစ်စီး ပစ်ခတ်ခံရကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော ရွှေဝယ်မင်း ခရီးသည်တင်မှန်လုံယာဉ်သည် အောက်တိုဘာ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်က ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်းကျေးရွာအနီးအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည်တင် မှန်လုံယာဉ် ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦး ပေါင်တွင် ထိခိုက်ဒဏ်ရာရ ကြောင်း ဒေသခံတို့က ဆိုသည်။ “ခရီးသည်အမျိုးသားတစ်ဦး ပေါင်မှာ ကျည်ထိမှန် ဒဏ်ရာရသွားတယ်။ တခြားတော့ ထိခိုက်တာမရှိဘူး” ဟု အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဒဏ်ရာရရှိသည် ခရီးသည်ကို သုဝဏ္ဏဝတီမြို့ ပြည်သူ့ဆေးရုံသို့ု ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း […]

အိန္ဒိယနွယ်ဖွါး ဗြိတိန်ဝန်ကြီးချုပ်အသစ်က ချားလ်စ်ဘုရင်ကို သွားရောက်တွေ့ဆုံမည်

diz_admin

October 25, 2022

အသက် (၄၂) နှစ်အရွယ် ဝန်ကြီးချုပ်သစ် ဆူနက်ခ် သည် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်အနိုင်ရပြီးနောက် ယခုနံနက်တွင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ် ခံရပြီ ဖြစ်သည်။ ဝန်ကြီးချုပ်သစ်သည် ဘက်ကင်ဟမ်နန်းတော်ကို သွားရောက်မည်ဖြစ်ကာ ဝန်ကြီးချုပ်တာဝန် စတင် မထမ်းဆောင်ခင် ချားလ်စ် ဘုရင်နှင့် တွေ့ဆုံ မည် ဖြစ်သည်။ ၎င်းသည် သီတင်းပတ် (၇)ပတ်အတွင်း ဗြိတိန်၏ တတိယမြောက် ခေါင်းဆောင်ဖြစ်ကာ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်တွင် ပထမဆုံး မိန့်ခွန်းကို ပြောကြားမည် ဖြစ်သည်။ လက်ရှိဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် သည် ဝန်ကြီးချုပ်အဖြစ် နောက်ဆုံး အစည်းအဝေးကို ပြုလုပ်နေပြီး မကြာခင် တရားဝင်နုတ်ထွက်လွှာကို ဘုရင်ထံသို့ ပို့မည် ဖြစ်သည်။ ဗြိတိန်သည် စီးပွါးရေး စိမ်ခေါ်မှုများ ရှိနေပြီး ယင်းအခက်အခဲများကို ဂုဏ်သိက္ခာရှိစွာ […]

ပုလော ဇရပ်ဆိပ်ရွာရပ်ကျေးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရ

diz_admin

October 25, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ရက် ည ၆ နာရီခွဲဝန်းကျင်တွင် ဗုံးခွဲခံရပြီး ရုံးမှာ ပျက်စီးသွားကာ ပျူစောထီးခေါင်းဆောင် နေအိမ်သည်လည်း မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ “ရုံးကိုဗုံးခွဲပြီး အိမ်တစ်ဆောင်ကို မီးတိုက် (ရှို့) သွားတယ်။ (ရုံး) ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ အိမ်နှစ်လုံးလည်း (ဗုံးဆန်) ထိသွားသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အဖွဲ့မှ လာရောက်ဗုံးခွဲ မီးရှို့သွားသည်ကို တိတိကျကျမသိရသော်လည်း ယင်းအဖွဲ့ ရွာအတွင်းသို့ မရောက်မီ မိနစ်ပိုင်းအလိုတွင် အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများက ရွာမှ ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။ “သတင်းကြိုရလိုက်တယ် ထင်တယ်။ သူတို့အုပ်စုက ပလ (မြို့နယ်ခွဲ) ဘက်ကို […]

စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ သရက်ချောင်းဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

diz_admin

October 25, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ လှုပ်ရှားမှုများရှိနေပြီး စစ်ကြောင်းထိုးမည့်အခြေအနေကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ကနက်သီရိကျေးရွာ၊ ရငဲ၊ ပြင်းဖြူကြီး၊ ချောက်ချောင်း၊ ပဲဒက်၊ စုံစင်ဖျား၊ သဲချောင်းကြီးနှင့် ဆီတောကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ ခြေရှုပ်လျက်ရှိသည်ဟု ဒေသခံအချို့က ပြောသည်။ ကနက်သီရိချောင်းဝတွင် ရေတပ်သင်္ဘော တစ်စီး၊ ပဲဝကမ်းခြေတွင် ရေတပ်သင်္ဘောတစ်စီးစီရှိနေပြီး အမြှောက်လည်း တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ပျူစောထီးတပ်ဖွဲ့များတွင် ထားဝယ်စကားပြောသည့် နယ်ခံများ များစွာပါဝင်သဖြင့် ကျေးရွာများရှိ ဒေသခံအချို့မှာ ကြောက်ရွံ့စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေ ကြခြင်းဖြစ်သည်။ “အခြေနေမကောင်းလို့ ရှောင်နေရတယ်၊ တပ်နဲ့ ပျူပူးပေါင်းလာတာဖြစ်တယ်၊ ပျူအဖွဲ့ထဲမှာ နယ်ခံ(ထားဝယ်သား)တွေပါလို့ ပိုဂရုစိုက်နေရတယ်၊ ဘာကိစ္စနဲ့ လာတယ်ဆိုတာ ဘာမှန်းမသိကြသေး” ဟု ရငဲကျေးရွာမှ တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ အောက်တိုဘာ […]