ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ဓနိသကြားဈေးကောင်းရ

diz_admin

October 27, 2022

ထားဝယ်တွင် ယခုနှစ် ဓနိသကြားဈေးကောင်းရနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ဓနိသကြားကော်ပုံးဝါတစ်ပုံးကို တစ်သောင်းရှစ်ထောင်ကျပ်အထိ အမြင့်ဆုံးဈေးရခဲ့သော်လည်း ယခုနှစ်တွင် တစ်ပုံးကို ကျပ်နှစ်သောင်းနှင့် နှစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရလာကြောင်း လောင်းလုံးမြို့နယ်က ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်ကတော့ ဈေးပိုရလာတာပေါ့။ လုပ်ရကိုင်ရတာလည်း အဆင်ပြေလာပါတယ်” ဟု ၎င်းက ဆိုသည်။ သို့သော် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်မူ စားဝတ်နေရေး မပြေလည်ကြောင်း ဓနိသကြား လုပ်ကိုင်သူများက ပြောသည်။ လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်အထိ ဓနိသကြားဈေးမှာ တစ်သောင်းအောက်တွင် ရှိနေပြီး ယခုနှစ်တွင်မူ နယ်ဒေသ အထိပါ ဆင်းဝယ်ယူသူများရှိလာကာ ရှေ့ကမ်း (ထားဝယ်မြစ် အရှေ့ဖက်ကမ်း သရက်ချောင်းနယ်) ဖက်ကပါ လာရောက်၍ ရောင်းချလာကြကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အခြားအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “တစ်ဆင့်ခံဝယ်ပေးသူက တစ်လုံးကိုငါးရာရတယ်။ ဝယ်စုပေးထားရတာပေါ့နော်။ သူတို့လိုချင်တဲ့ […]

ထိုင်းသို့ လူမှောင်ခိုပို့သည့်ယာဉ်များကို ထားဝယ်-ထီးခီးလမ်း အသုံးပြုခွင့်ပိတ်

diz_admin

October 27, 2022

ထိုင်းနိုင်ငံသို့ အလုပ်သမား တရားမဝင်ပို့နေသည့် ယာဉ်များအားလုံး အောက်တိုဘာလ ၂၆ ရက်မှစပြီး ထားဝယ်-ထီးခီးလမ်းကို လုံးဝဖြတ်သန်း သွားလာခြင်းမပြုကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ တစ်ခုက ထုတ်ပြန်လိုက်သည်။ ပွင့်လင်းရာသီရောက်လာသဖြင့် စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးရှေးရှုကာ ယင်းလမ်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဒီလမ်းက တိုက်ပွဲဖြစ်နေတဲ့နေရာလေ။ ဖြစ်လာရင် ရန်သူမှန်းမသိ ပြည်သူမှန်းမသိ ပစ်မိမှာစိုးလို့ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစကလည်း အရပ်ဝတ်တွေနဲ့ ကားနဲ့သွားနေကြတာပဲလေ။ အဲဒီလိုမျိုး မှားမှာစိုးလို့ ကြိုသတိပေးတာဖြစ်မယ်” ဟု ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ဒေသခံတစ်ဦးက လမ်းပိတ်မှုနှင့် ပတ်သက်ပြီး ၎င်းကြား သိထားရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။ စစ်ကောင်စီတပ်သားများသည် အရပ်သားပုံစံဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားများပါ သေဆုံး၊ ဒဏ်ရာရသည့်ဖြစ်စဉ်များ […]

ထားဝယ်တွင် အိမ်တိုင်ရာရောက် ဆိုင်ကယ်စက်ပေါ်လစ်တိုက်သည့်လုပ်ငန်း တွင်ကျယ်လာ

diz_admin

October 27, 2022

ထားဝယ်မြို့တွင် ဆိုင်ကယ်ကာဗာဆေးသား ပိုမိုတောက်ပြောင်လာစေရေးအတွက် အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်ရန် အလုပ်အပ်သူများလာသဖြင့် ယင်းလုပ်ငန်းများ တွင်ကျယ်လာကြောင်း တွေ့ရသည်။ အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်သည့် ဝန်ဆောင်မှုကို ယခုနှစ်သင်္ကြန်ပြီးချိန်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ထိုအချိန်က တစ်ပတ်လျှင် ၇ စီးခန့်သာ အလုပ်အပ်သူရှိကြောင်း စက်ပေါ်လစ်တိုက်နေသူ ဦးထွန်းလင်းဦးက ဆိုသည်။ ယင်းနောက် အလုပ်အပ်သူတဖြည်းဖြည်းများလာပြီး လက်ရှိအချိန်၌ တစ်ပတ်လျှင် ၁၅ စီးခန့်အထိ တိုက်နေရကြောင်း ၎င်းက ပြောသည်။ စက်ပေါ်လစ်တိုက်ပြီးချိန်တွင် ဆိုင်ကယ်ကာဗာ ဆေးအရောင်မှိန်နေခြင်းနှင့် အစင်းရာခြစ်ရာရှိနေပါက ဆေးရောင်ပြန်လည်တောက်ပလာသည်။ စက်ဖြင့်ပေါ်လစ်မှာ ရိုးရိုးအဝတ်စဖြင့် တိုက်ခြင်းထက် ဆေးအရောင် ပိုမိုတောက်ပြောင်ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းအချို့က ဆိုသည်။  “ဆေးပြန်မှုတ်မယ့် ကုန်ကျစရိတ်နဲ့ စက်ပေါ်လစ်တိုက်မယ့် ကုန်ကျစရိတ် ကွာဟတာရယ် လူသိများလာတာရယ်ကြောင့် ခေါ်တိုက်သူ များလာတာ”ဟု ဦးထွန်းလင်းဦးက ပြောသည်။ လက်ရှိတွင် PCX ၊ Click ကဲ့သို့ […]

တိုင်းပြင်ပနေသူများ ထားဝယ်တွင် နိုင်ငံကူးလက်မှတ် လာလျှောက်မှုများပြား

diz_admin

October 27, 2022

ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ် ( Passport) ထုတ်ပေးရေးရုံးတွင် တနင်္သာရီတိုင်းတွင် နေထိုင်သူများထက် တိုင်းပြင်ပမှ နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူမှာ ပိုမိုများပြားကြောင်း ပွဲစားအချို့ထံမှ သိရသည်။ မြန်မာနိုင်ငံမြို့ကြီးများတွင် နိုင်ငံကူးလက်မှတ် လုပ်ကိုင်လိုသူ အလွန်များပြားနေသဖြင့် နိုင်ငံကူးလက်မှတ်ရရှိရန် လအတော်ကြာစောင့်ဆိုင်းနေရ၍ ထားဝယ်တွင်လာရောက် လျှောက်ထားခြင်းဖြစ်ကြောင်း ပွဲစားအချို့က ဆိုသည်။ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းရပြီး သတ်မှတ်ရက်ရောက်မှသာ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက တရားဝင်ကြေညာထားသည်။ အွန်လိုင်းမှ ၃ လကြိုတင်စာရင်းသွင်း လျှောက်ထားခွင့်ပြုထား‌သော်လည်း ပြည့်နေပြီဖြစ်သဖြင့် ကြိုတင်စာရင်းသွင်းခွင့်ရဖို့ပင် ခက်ခဲကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားရန် လုပ်ဆောင်နေသူတစ်ဦးကဆိုသည်။ ပွဲစားအကူအညီဖြင့် အွန်လိုင်းကြိုတင်စာရင်းသွင်းမှသာ ရနိုင်ကြောင်း စာရင်းသွင်းခွင့်ရဖို့ပင် ပွဲစားခ တစ်သိန်းကျော်ပေးရကြောင်း ၎င်းကဆိုသည်။ ထားဝယ်တွင်မူ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားပြီး နှစ်ပတ်အတွင်း ထုတ်ပေးလေ့ရှိသည်။ ယင်း‌ကြောင့် နယ်မြို့များရှိ နိုင်ငံကူးလက်မှတ် […]

ဆိုင်ကယ်ဦးထုပ်မပြနိုင်၍ လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်  ဖမ်းဆီးခံရ

diz_admin

October 27, 2022

ထားဝယ်မြို့တွင် လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်ကို စစ်ဆေးရာတွင် ဆိုင်ကယ်ဦးထုပ်မပြနိုင်၍ဟုဆိုကာ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုင်ကယ်သိမ်းသွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကာယကံရှင်က ပြောသည်။ ယခုလ တတိယအပတ်က ထားဝယ်မြို့ ကမြောကင်းလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်တွင် ဇနီးဖြစ်သူပစ္စည်းဝယ်နေချိန် ဆိုင်ကယ်ရပ်ပြီး ခပ်လှမ်းလှမ်းရှိ ပလက်ဖောင်းပေါ်ရပ်စောင့်နေခဲ့ကြောင်း အဆိုပါ ကာယကံရှင် အမျိုးသားက ဆိုသည်။ ထိုသို့ ရပ်စောင့်နေချိန်တွင် ဆိုင်ကယ်အနီးသို့ ရဲကားတစ်စီးရောက်လာပြီး ဆိုင်ကယ်ပိုင်ရှင်အား မေးမြန်းခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းနောက် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သည့် ၎င်းတွင် ဆိုင်ကယ်စီးဦးထုပ်မပါသည့်အတွက်ကြောင့်ဆိုကာ ဆိုင်ကယ်အား ကားပေါ်တင်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။ “မောင်းနေတာမဟုတ်ဘဲ ရပ်နေတာလို့ ပြောတာတောင်မရဘူး။ ဆိုးတာကတော့ တော်တော်ဆိုးနေတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။ ယင်းဖြစ်စဉ်တွင် ဒဏ်ငွေသုံးသောင်းပေးဆောင်ပြီးမှ ဆိုင်ကယ်ကို ပြန်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ ဝဲကျွန်းရပ်ကွက်ရှိ ရေးလမ်းမပေါ်တွင်လည်း […]

သာသနာ့နွယ်ဝင်များပင် အပြာကားကြည့်နေသဖြင့် စိုးရိမ်စရာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ပြောကြား

diz_admin

October 27, 2022

ဘုန်းတော်ကြီးများ၊ သီလရှင်များပင် အွန်လိုင်းမှ အပြာကားများ ကြည့်နေကြသဖြင့် သိက္ခာပုဒ်များ ညှိုးနွမ်းကြောင်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပြု သတိပေးလိုက်သည်။ အသက် ၈၆ နှစ်ရှိပြီဖြစ်သော ပုပ်ရဟန်းမင်းကြီးက ဒစ်ဂျစ်တယ်နှင့် လူမှုကွန်ရက်မီဒီယာကို မည်သို့ အသုံးပြုသင့်ကြောင်း မေးခွန်းတစ်ခုကို ဗာတီကန်ကျောင်းတော်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အပြာကားများသည် လူအတော်များများတွင် ရှိသည့် အကုသိုလ်လုပ်ရပ်ဖြစ်ကာ ဘုန်းတော်ကြီးများ သီလရှင်များပင် ကြည့်ကြကြောင်း ကက်သလစ်သာသနာပိုင်ချုပ်က မှတ်ချက်ပြုသည်။ “မိစ္ဆာမကောင်းဆိုးရွားက အဲဒီကနေ ဝင်လာတာပဲ” ဟု ပုပ်ရဟန်းမင်းကြီးက ဘုန်းတော်ကြီးများ စာသင်သားများကို ပြောကြားခဲ့သည်။ လူမှုကွန်ရက်မီဒီယာကို အသုံးပြုသင့်သော်လည်း အချိန်များစွာ ထိုနေရာပေါ်တွင် မဖြုန်းပစ်သင့်ကြောင်း မှတ်ချက်ပြုသွားသည်။ “ယေရှုကိုယ်တော်ကို နေ့စဉ်လက်ခံထားတဲ့ ဖြူစင်သော နှလုံးသားဟာ အပြာနဲ့ပတ်သက်တာတွေကို လက်မခံနိုင်ပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။ “ဖုန်းထဲမှာရှိရင် ဖျက်လိုက်ကြပါ။ ဒါမှ […]

မွန်တွင် ကိုဗစ်ကူးစက်သေဆုံးမှုမြင့်တက်လာ

diz_admin

October 26, 2022

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု များပြားလာပြီး သေဆုံးမှုလည်းရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူ အချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်တင်ဘာလမှစတင်ကာ ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာပြီး အောက်တိုဘာလတွင် ကူးစက်မှု ပိုမိုများပြားလာကြောင်း ၎င်းတို့ထံမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စက်တင်ဘာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၃၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ခြောက်ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးတာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ အောက်တိုဘာလတွင်မူ ၂၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၂၁ ဦးရှိပြီး သေဆုံးမှုလည်း ၁၀ ဦးကျော်ရှိကြောင်း ၎င်းတို့က ပြောသည်။ ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါအခံရှိသူနှင့် ကိုဗစ်ကာကွယ်ဆေး မထိုးထားသူများ၊ ကာကွယ်ဆေး အပြည့် မထိုးထားသူများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ “ကိုဗစ်ကူးစက်မှုက စက်တင်ဘာ၊ […]

သထုံက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

diz_admin

October 26, 2022

မွန်ပြည်နယ် သထုံမြို့နယ် ထောင်းမှူးကျေးရွာအုပ်စု ဈေးမသွယ်ကျေးရွာက နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဈေးမသွယ်ကျေးရွာက နယ်ထိန်းရဲ တပ်ကြပ် အောင်ဝင်းထွန်းဆိုသူသည် အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ နယ်ထိန်းရဲ အောင်ဝင်းထွန်းသည် ဈေးမသွယ်ကျေးရွာရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ဘီယာသောက်နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ “နယ်ထိန်းရဲ အောင်ဝင်းထွန်းက ဘီယာဆိုင်မှာရှိနေတဲ့အချိန် ပစ်သတ်ခံရတာဖြစ်တယ်။ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ နယ်ထိန်းရဲတပ်ကြပ် အောင်ဝင်းထွန်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က […]