ထောက်ပို့ထီ ဆုကြီးနှစ်ဆု တနင်္သာရီတိုင်းမှ ပြည်သူနှစ်ဦးကံထူး
Dawei Watch
May 3, 2025၁၆ ကြိမ်မြောက် ထောက်ပို့ထီ ဖွင့်လှစ်ရာတွင် ဆုကြီး နှစ်ဆု ဖြစ်သည့် ပထမဆု ကျပ်သိန်းတစ်ထောင်ဆုနှင့် တတိယဆု ကျပ်သိန်းတစ်ရာဆု တို့ကို ပုလောနှင့် ထားဝယ် အခြေစိုက် ထီကိုယ်စားလှယ် နှစ်ဖွဲ့ထံတွင် ထီထိုးထားသူနှစ်ဦး ကံထူးခဲ့ကြောင်း သိရသည် ။ ပထမဆု ကို ပုလောမြို့နယ် အခြေစိုက် ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် တောင်ပိုင်းနှလုံးသားအဖွဲ့တွင် ထီထိုးထားသည့် (0185351)နံပါတ်ဖြင့် ဒေသခံတစ်ဦး က ကံထူးခဲ့ကြောင်း ထောက်ပို့ထီ ကိုယ်စားလှယ် တစ်ဦးကပြောသည် ။ တတိယဆုကိုမူ ထားဝယ်ခရိုင်အခြေစိုက် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ကိုယ်စားလှယ်ယူရောင်းသည့်အထဲမှ ထီလက်မှတ်နံပါတ် (0152621)ဖြင့် ကံထူးခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည် ။ ” ထီဆုကြီးက တပ်ဖွဲ့ကိုယ်စားလှယ်ယူထားတဲ့အထဲက ထိုးထားတဲ့ ပြည်သူအထဲက ပေါက်ဖို့များပါတယ်ခင်ဗျား။ […]


