သိန်ခွန်းတိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ကားသုံးစီးဖြင့် ပြန်သယ်နေဟုဆို
Dawei Watch
April 3, 2025ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာဝန်းကျင်တွင် ရက်ဆက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ကားသုံးစီးဖြင့် ပြန်သယ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို တင်ဆောင်ပြီး ကားသုံးစီးဖြင့် တနင်္သာရီမြို့ဘက်သို့ ဦးတည်၍မောင်းသွားကြောင်း ဧပြီလ ၁ ရက်နေ့ နံနက်စောစောက တွေ့ခဲ့ရသည်ဟု မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးတစ်ဦးကဆိုသည်။ ”စစ်ကားတွေနဲ့ပဲ ဆင်းသွားကြတယ်။ သူတို့ ကားထဲမှာ ထိုင်လိုက်သွားကြတာက သွေးသံတရဲရဲနဲ့ပဲ။ နာနေသူတွေက ၂၀ ကျော်လောက်ရှိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ အဆိုပါစစ်ကားသုံးစီးက တနင်္သာရီမြို့ဘက်ကိုဆက်မသွားဘဲ ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်တွင် ခေတ္တစခန်းချထားပြီး ဧပြီလ ၃ ရက်(ယနေ့)တွင် မြိတ်မြို့ဘက် ဆက်လက်ထွက်ခွာသွားကြောင်း အသက်၄၄ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”သူတို့(စကစ) […]


