ကျွန်းစုမြို့နယ် ဝါရစ်ရွာတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာ
Dawei Watch
May 6, 2025ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည် ။ ဝါရစ်ရွာ၊ ပိန်းတောပြင်(ဒေသအခေါ်)တွင် စခန်းတည်ဆောက်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “ဝါရစ်ရှေ့တန်းစခန်းကို ပူးပေါင်းအဖွဲ့တွေက ဝင်တိုက်တာပါ။ သူတို့လည်း တော်တော်ထိတယ် ။ စခန်းမှာ ခုခံနေတာ သုံးယောက်လောက်ပဲကျန်နေတဲ့အချိန် စခန်း ကိုရခါနီးမှ မောင်းလှော်ရွာဘက်က စစ်ကူတွေရော၊ ရေတပ်သင်္ဘောတွေရော၊ လေကြောင်းရော တစ်ပြိုင်တည်း ရောက်လာလို့ ပြန်ဆုတ်လိုက်ရတယ် “ ဟု တိုက်ပွဲတွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောသည် ။ နံနက် ၆ နာရီမှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှု […]


