ကမ်းဇော်စေ့ ၂ နှစ်ဆက်တိုက် အထွက်နှုန်းနည်းသဖြင့် ကမ်းဇော်ဆီဈေးနှစ်ဆနီးပါးတက်
Dawei Watch
June 24, 2025မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်စေ့ ၂ နှစ်ဆက်တိုက်အထွက်နည်းသဖြင့် ကမ်းဇော်ဆီဈေးလည်း နှစ်ဆနီးပါးမြင့်တက်နေကြောင်း ကမ်းဇော်ဆီရောင်းဝယ်နေသူအချို့နှင့် လုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ ကမ်းဇော်ပင်များတွင် အသီးသီးနှုန်းနည်းပြီး အစေ့ကြွေချိန်နောက်ကျသဖြင့် ကုန်ကြမ်းအထွက်နည်းကာ ဈေးတက်လာခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်နေ ကမ်းဇော်ခြံပိုင်ရှင်တစ်ဦး ကဆိုသည်။ “ကမ်းဇော်သီးတွေ သိပ်မသီးဘူး။ အစေ့ကြွေတာလည်း နောက်ကျတယ်။ ပုံမှန်ဆို သင်္ကြန်ပြီးတာနဲ့ကြွေနေပြီ။ အခုက သိပ်မကြွေဘူး။ ရာသီဥတုကြောင့်လည်းပါမယ်ထင်တယ်။ ကမ်းဇော်ပင်တွေက နှစ်ရှည်အပင်အိုတွေဆိုတော့ တစ်နှစ်နဲ့ တစ်နှစ်အသီးသီးနှုန်းမတူဘူး”ဟု ၎င်းကပြောသည်။ ယမန်နှစ်ကလည်း ကမ်းဇော်စေ့အထွက်နူန်းနည်းသဖြင့် ကမ်းဇော်ဆီ ၄၀ ကျပ်သားတစ်ဘူးလျှင် ငွေကျပ် ၁သိန်း ဝန်းကျင်မှ တစ်သိန်းခွဲဝန်းကျင်အထိ ဈေးတက်သွားကြောင်း ကမ်းဇော်ဆီဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိတွင်လည်း ကမ်းဇော်ဆီ ၄၀ ကျပ်သားတစ်ဘူးလျှင် ငွေကျပ် နှစ်သိန်းခွဲဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ကမ်းဇော်ဆီရောင်းဝယ်နေသူအချို့ထံမှ သိရသည်။ “ကုန်ကြမ်းဝယ်ရတာ တအားပင်ပန်းတယ်။အရင်က ဝယ်နေကျ […]


