မြိတ်တွင် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းသွားပြီး သုံးရက်ကြာအထိ အဆက်သွယ်မရ
Dawei Watch
June 28, 2025မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ကျောင်းတက်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား ပြီး သုံးရက်ကြာသည်အထိ အဆက်သွယ်မရကြောင်း ဒေသခံအချို့အပါအဝင် မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၂၆ရက် နံနက်စောစော ၂နာရီခန့်တွင် တုံးဗျောကျေးရွာရှိ ကြက်မောက်သီးခြံတွင် ခြံစောင့်၍အိပ်နေသည့် ကျောင်းသားသုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “သူတို့က ကျောင်းသားတွေပဲ။ ခြံမှာ သူခိုး ခိုးမှာကြောင့် စောင့်အိပ်နေကြတယ်။ လက်နက်ကိုင်အဖွဲ့တစ်ခုက လာဖမ်း သွားပြီး အခုအထိ အဆက်အသွယ်မရသေးဘူး” ဟု အထက်ပါနီးစပ်သူက ပြောသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကျောင်းသားများမှာ အသက် ၁၇ နှစ်ဝန်းကျင်အရွယ်ဖြစ်ပြီး တုံးဗျောရွာ အထက်တန်းကျောင်း တွင် Grade-10 တက်နေသူများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသည့် ကလေးတစ်ဦးသည် တုံးဗျောရွာရှိ ကျောင်းအုပ်ကြီး၏ […]


