ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဇနီးမောင်နှံ သတ်ဖြတ်မှု တရားခံဆိုသူများကို KNU ထုတ်ပြန်၊ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟု ထောက်ပြသူများရှိ
Dawei Watch
December 23, 2025ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၄) က ထုတ်ပြန်လိုက်သည်။ သို့သော် ထုတ်ပြန်ချက်ပါ ဖြစ်စဉ်များမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲနေသဖြင့် လက်မခံနိုင်ဟု ဆရာမကြီးနှင့် နီးစပ်သူများက ထောက်ပြပြောဆိုသည်။ ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့သည် ဒီဇင်ဘာ ၁၆ ရက်၊ နံနက် ၁ နာရီခန့်တွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည်။ ဆရာမတို့ ဇနီးမောင်နှံကို သတ်ဖြတ်မှုမှာ ကျူးလွန်ပါဝင်သူ ၄ ဦးကို ဒီဇင်ဘာ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီက ဒီဇင်ဘာလ […]


