ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်အာဏာရှင်တပ်က အလယ်ပိုင်းရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

Dawei Watch

February 13, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အလယ်ပိုင်းရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင် ဇဝဲရွာဘက်မှ တကူရွာဘက်သို့ ဒရုန်းတက်လာသည်ကို တွေ့ရပြီးနောက် အလယ်ပိုင်းရွာရှိ ဥယျာဉ်ခြံအတွင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒရုန်းကျတဲ့နေရာမှာ မီးလောင်သွားတယ်။ တစ်လံပတ်လည်(၆ပေပတ်လည်) လောက်ပေါ့။ အခုဒရုန်းကျတဲ့နေရာနဲ့ အရင်လေယာဉ်ဗုံးကျခဲ့တဲ့နေရာနဲ့ နီးတယ်။ ထိခိုက်မှုတော့ မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်း (Kamikaze Drone) ကို အသုံးပြု၍ တကူရွာကို တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ တနင်္သာရီမြို့နယ်အတွင်း ၎င်းဒရုန်းအမျိုးအစား အသုံးပြု၍ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဒရုန်းက ဇဝဲတပ်ကို […]

မောတောင်လမ်းပိုင်းရှိ လသားအရွယ်ကလေးများနှင့် ကိုယ်ဝန်သည် စစ်ဘေးရှောင်များ အကူအညီလို

Dawei Watch

February 12, 2026

တနင်္သာရီမြို့မှ မောတောင်မြို့ကို သွားရာလမ်းပိုင်းရှိ သဲဖြူရွာဝန်းကျင်တွင် စစ်ဘေးရှောင်နေရသူများအနက် လသားအရွယ် ကလေးများနှင့် ကိုယ်ဝန်သည်များအတွက် အာဟာရနှင့် အသုံးဆောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ရက်တွင် တော်လှန်‌ရေးတပ်များ သိမ်းပိုက်ပြီးနောက် သဲဖြူရွာနှင့် သိန်ခွန်းရွာကို စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံ ၁၅၀၀ကျော် စစ်ဘေးရှောင်နေကြရသည်။ စစ်ဘေးရှောင်နေစဥ်အတွင်း မွေးဖွားသည့်ကလေးငယ် ၁၀ကျော်ရှိပြီး လသားအရွယ်ကလေးများအတွက် နို့မှုန့်များ၊ အဝတ်အစားများ၊ ကလေးသုံးဆောင်ပစ္စည်းများနှင့် ကာကွယ်‌ဆေးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်သည်များမှာ အဟာရ ပြည့်ပြည့်ဝဝ မစားရသဖြင့် ဖြည့်စွက်စာကဲ့သို့ အကူအညီများ လိုအပ်နေပြီး ကိုယ်ဝန်ဆောင်များအတွက်ဆိုလျှင် ကိုယ်ဝန်ဆောင် အားဆေးများလည်း လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။ […]

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် ငါးကြိမ်ဆက်တိုက် မီးရှို့

Dawei Watch

February 12, 2026

ပုလောမြို့၏ တစ်ဖက်ကမ်းရှိ ရှပ်ပုံကျေးရွာကို စစ်အာဏာရှင်တပ်က နှစ်ပတ်အတွင်း ငါးကြိမ်ဆက်တိုက် မီးရှို့ကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ မရှိသည့် ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၉ရက် ညနှင့် ဖေဖော်ဝါရီလ ၁၁ ရက်ညတို့တွင် ထပ်မံမီးရှို့ကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၉ရက်ညက ကျေးရွာအတွင်းပိုင်းကို မီးရှို့ခဲ့ပြီး နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးသည်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “ရွာမှာ စစ်သားတွေ တပ်စွဲထားတော့ ဘယ်လောက်လောင်သွားလည်း သွားကြည့်လို့ မရသေးဘူး။ မီးလုံးက တော်တော်ကြီး တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ရက် ညတွင်လည်း ရွာတောင်ပိုင်းရှိ စာသင်ကျောင်းအနီးဝန်းကျင်ကို မီးရှို့ရာ နေအိမ် သုံးဆောင် မီးလောင်ပျက်စီးသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]

တနင်္သာရီ ပန်းတောမော်ရွာကို စစ်အာဏာရှင်တပ် ဒရုန်းဗုံးချသဖြင့် ‌အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

February 12, 2026

တနင်္သာရီမြို့နယ်၊ သာရဖုံကျေးရွာအုပ်စု၊ ပန်းတောမော်ရွာကို စစ်အာဏာရှင်စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးချသဖြင့် ပန်းတောမော်ရွာက ဒေသခံအမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ‌‌ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၁ ရက် ‌နံနက် ၁၁နာရီဝန်းကျင်တွင် ကျွန်းစုမြို့နယ်၊ သပြေပင်ရွာရှိ စစ်အာဏာရှင်စစ်ကြောင်းက ပန်းတောမော်ရွာကို ဒရုန်းဖြင့် ဗုံးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသွားသည့် အမျိုးသမီးကြီးမှာ အသက် ၆၀ ဝန်းကျင်ဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ “ရော်ဘာခြံအတွင်း တဲအနီးကို ကျပြီး မိန်းမကြီးတစ်ယောက် ထိသွားတယ်။ မြိတ်ဆေးရုံကို လှေနဲ့ပို့လိုက်တယ်။ စိုးရိမ်ရတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၀ရက်တွင် စစ်အာဏာရှင်တပ်သားများသည် သပြေပင်ရွာကို စစ်ကြောင်းထိုးရောက်ရှိလာပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၁ရက်တွင် ပန်းတောမော်ရွာကို ဒရုန်းဗုံးချခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် […]

ပုလော သရက်တပင်ရွာက အရပ်သားတစ်ဦးကို KNLA တပ်ရင်း (၁၂) အောက်ရှိ တပ်ခွဲတစ်ခုက ဖမ်းဆီးသတ်ဖြတ်

Dawei Watch

February 11, 2026

ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာက အရပ်သားတစ်ဦးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂) ၊ တပ်ခွဲ (၃) ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ထိုးကြီးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်က နေအိမ်များ မီးလောင်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုကြောင့် သရက်တပင် ရွာသား အသက် ၅၂ နှစ်အရွယ် ဦးဇော်သိန်း (ခေါ်) ဦးစစ်စစ် ကို KNLA တပ်ရင်း (၁၂) တပ်ခွဲ (၃) လက်အောက်ခံ တပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့ကြောင်း ဆွေမျိုးတော်စပ်သူနှင့် ဒေသခံအချို့က ဆိုသည်။ ဆင်ထိုးကြီးကျေးရွာက ဒေသခံများသည် ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည်။ ဖေဖော်ဝါရီလ ၂ရက်က ဆင်ထိုးကြီးရွာတွင် မီးလောင်ရာ ဆင်ထိုးကြီးရွာသားများ […]

စစ်အာဏာရှင်တပ် အင်အားဖြည့်ပြီးနောက် မောတောင်လမ်းတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်

Dawei Watch

February 11, 2026

တနင်္သာရီမြို့မှ မောတောင်မြို့သို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာတို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးလာပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင် တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အရင်လာတဲ့ စစ်ကောင်စီတပ်သားတွေက သိန်ခွန်းဘက်ကနေ တိုးတက်လာတယ်။ နောက်ရောက်လာတဲ့ သူတွေက ချောင်းနှစ်ပေါက်ရွာကြားကို ရောက်လာတယ်။ အဲဒီနေရာတွေမှာ နှစ်ရက်လုံးပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ကြမ်းတယ်” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ ၅ရက်တွင် မြိတ်မြို့မှတစ်ဆင့် စစ်အာဏာရှင်တပ်သည် သိန်ခွန်းရွာရှိ စစ်အာဏာတပ်သားများထံသို့ ကား ခြောက်စီးဖြင့် ရိက္ခာအပါအဝင် အင်အား ၆၀ ခန့်ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ပြောဆိုသည်။ […]

ပုလော ရှပ်ပုံရွာကို စစ်အာဏာရှင်တပ် နှစ်ပတ်အတွင်း တတိယအကြိမ်မီးရှို့

Dawei Watch

February 10, 2026

ပုလောမြို့နယ်၊ ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများ သီတင်းပတ် နှစ်ပတ်အတွင်း တတိယအကြိမ် မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက် ည ၇နာရီခန့်က ရှပ်ပုံရွာကို စစ်အာဏာရှင်တပ်သားများက တတိယအကြိမ် မီးရှို့ရာ နေအိမ်လေးဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “မီးခိုးတွေ တက်နေတာတွေ့နေရတယ်။ အိမ်လေးဆောင် လောင်သွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ရှပ်ပုံရွာသည် ပုလောမြို့၏ ချောင်းတစ်ဖက်တွင် တည်ရှိပြီး ရှပ်ပုံရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများက မီးရှို့ခြင်းဖြစ်ကြောင်းကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် ရှပ်ပုံရွာရှိ နေအိမ်များကို မီးရှို့ရာ နေအိမ် ၄၀ ကျော် မီးလောင် ပျက်စီးပြီး […]

ကမ်းဇော်စေ့ ဈေးကျနေပြီး တစ်ပြည် ကျပ်ခြောက်သောင်းခန့်သာရ

Dawei Watch

February 9, 2026

မြိတ်ကျွန်းစုဒေသတွင် ကမ်းဇော်‌စေ့ပေါ်ချိန်စောပြီး အထွက်များသဖြင့် ယမန်နှစ်ထက် ဈေးကျနေကြောင်း မြိတ်မြို့ရှိ ကမ်းဇော်စေ့ရောင်းဝယ်သူများထံမှ သိရသည်။ ယခုနှစ်တွင် ကမ်းဇော်ပင်က အသီးသီးချိန်စောသလို အထွက်လည်းများသဖြင့် ဈေးကျနေခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ်း‌ဇော်စေ့တစ်ပြည်လျှင် ငွေကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ခြောက်သောင်းဝန်းကျင်သာ ဈေးရှိတော့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ “ရှေ့နှစ်တွေကဆို အပင်မှာ အသီးမကပ်ဘူး။၂ နှစ်ဆက်တိုက် ကမ်းဇော်စေ့ မကြွေဘဲ ဖြစ်သွားတာ ဒီတော့ဈေးတွေက တအားထိုးတက်သွားတာပေါ့။အခုတော့ အသီးကလည်း ကပ်မှကပ် ကြွေချိန်လည်းစောတယ်”ဟု မြိတ်မြို့နယ်နေ ကမ်းစော်စေ့ရောင်းဝယ်နေသည့် မြို့ခံတစ်ဦးက ပြောသည်။ ကမ်းဇော်ပင်၏ သဘောသဘာဝအရ ပျမ်းမျှအားဖြင့် သုံးနှစ်တစ်ကြိမ် အသီးသီးလေ့ရှိသည့်အတွက် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်က အသီးမသီးခဲ့ကြောင်း ကမ်းဇော်ပင်စိုက်ပျိုးထားသည့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုသည်။ […]