ကျွန်းစု၊ ယမုံရွာတွင် ခဲသတ္တုတူးဖော်ရန် နေအိမ်များကို ဖိအားပေးဖယ်ရှားမှု မအောင်မြင်
Dawei Watch
July 6, 2025ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာတွင် ခဲသတ္တုတူးဖော်မည့် ဧရိယာတိုးချဲ့ရန်အတွက် နေအိမ် ၃၀ နီးပါးကို ဖြိုဖျက်ပြောင်းရွှေ့ခိုင်းသည့်အစီအစဉ်ကို ကုမ္ပဏီဘက်က ရပ်တန့်ထားကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်သည်ဆိုသည့် ရွှေပင်လယ်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူက ရွာအစွန်းပိုင်းရှိ နေအိမ်များကိုဖယ်ရှားရန်အတွက် တစ်အိမ်လျှင် ငွေကျပ်ငါးသိန်းစီပေးမည်ဟုဆိုကာ ယခုနှစ်ဧပြီလအကုန်တွင် အပြီးဖယ်ရှားခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ သို့ရာတွင် ဒေသခံများက ကန့်ကွက်ခဲ့ကြသလို Dawei Watch အပါအဝင် ပြည်တွင်းသတင်းဌာနအချို့တွင် ယင်းကိစ္စကို သတင်းဖော်ပြခဲ့ပြီးနောက် ၎င်းတို့၏ အစီအစဉ်မှာ မအောင်မြင်ဘဲ ရပ်တန့်လိုက်ရခြင်းဖြစ်သည်။ “လူနေအိမ်တွေနားမှာ ခဲသတ္တုကြောစမ်းသပ်တာ ခဲကြောတွေ့တယ်လို့ ပြောသံကြားတယ်။ ဒါကြောင့်အိမ်တွေကို ပြောင်းခိုင်းတာ။ ရွာလူကြီးတွေနဲ့ပေါင်းပြီး လုပ်ချင်သလိုလုပ်နေတာ။ အခုကိစ္စမှာလည်း သတင်းဌာနတွေမှာ သတင်းတွေတက်သွားတော့ ဆူပူလာမှာကြောက်လို့ ရှေ့ဆက်မတိုးတော့တာဖြစ်မယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ယမုံကျေးရွာတွင် ခဲသတ္တုတူးဖော်နေကြသည်မှာ ၃ နှစ်နီးပါးရှိနေပြီဖြစ်ပြီး […]


