ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီတွင် ဇူလိုင် ပထမပတ်အတွင်း စစ်ကောင်စီတပ်သားရှစ်ဦး ဘက်ပြောင်းခိုလှုံ

Dawei Watch

July 11, 2025

တနင်္သာရီမြို့နယ်တွင် ဇူလိုင်လ ပထမပတ်ကျော်အတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား ရှစ်ဦး ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၁ရက်မှ ၈ရက်အထိ ဘက်ပြောင်းခိုလှုံလာသူ ရှစ်ဦးရှိပြီး လက်နက်နှင့်အတူ ခိုလှုံလာသူ လေးဦး ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ “အလင်းဝင်လာသူတွေက စစ်သားစုဆောင်းခံရသူတွေများတယ်။ တနင်္သာရီတိုင်းသားတွေ အများစုပါတယ်။ လက်နက် ပါရင်တော့ ချီးမြှင့်ငွေ သိန်း ၅၀ စီ ရကြတယ်” ဟု တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ ဘက်ပြောင်းလာသူအများစုသည် ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တိုင်းဗဟို-၁၂) ၌ သင်တန်းအပတ်စဉ်-၈တွင် သင်တန်းတက်ရောက်ခဲ့သူများဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဘက်ပြောင်းခိုလှုံလာသူများသည် စစ်ကောင်စီတပ် အမှတ် ၄၃၁၊ ၁၀၃၊ ၂၆၇ […]

ဘုတ်ပြင်းတွင် သွေးလွန်တုပ်ကွေးအဖြစ်များနေပြီး သွေးရှာရခက်နေ

Dawei Watch

July 11, 2025

ဘုတ်ပြင်းမြို့ ရှိ ဆေးရုံနှစ်ရုံတွင် သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ကုသနေရသူများနေပြီး သွေးရှာရ ခက်ခဲနေကြောင်း ဆေးရုံနှင့် နီးစပ်သူတချို့နှင့် သွေးကူညီရှာဖွေနေသူများထံမှ သိရသည်။ ဘုတ်ပြင်းမြို့တွင် စစ်တပ်ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့ရှိပြီး အဆိုပါဆေးရုံများတွင် သွေးလွန်တုပ်ကွေးလူနာ ၁၀၀ ဝန်းကျင်ရှိနေကြောင်း ဆေးရုံနှင့် နီးစပ်သူအချို့က ဆိုသည်။ အထက်ပါဆေးရုံများတွင် ဇွန်လနောက်ဆုံးအပတ်ကစပြီး သွေးလွန်တုပ်ကွေးဖြင့် ဆေးရုံတက်ကုသရသည့် လူနာများလာကြောင်း ၎င်းတို့က ဆိုသည်။ “လူနာတွေက အသက်ကြီးပိုင်းတွေ များတယ်။ သွေးလာလှူတဲ့လူတွေလည်း ရှိတော့ရှိတယ်။ ဒါပေမဲ့လိုအပ်တာက ပိုများနေတယ်။မလုံလောက်ဘူးဗျာ”ဟု သွေးလှူမည့်သူများကို ကူညီရှာဖွေပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဘုတ်ပြင်းဆေးရုံတွင်လည်း သွေးလိုအပ်ချက်မြင့်နေပြီး တစ်ရက်လျှင် ပျမ်းမျှ သွေးအလှူရှင် ၅ ဦးမှ ၁၀ ဦးအထိ လိုအပ်နေကြောင်း ဘုတ်ပြင်းပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။ “သွေးကတော့ […]

တနင်္သာရီ ရမ်းဖိုရွာတွင် စစ်‌ကောင်စီခြေလျင်စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

Dawei Watch

July 11, 2025

တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ခြေလျင်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီခန့်တွင် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၅၆ ခြေမြန်တပ်‌ရင်းမှ ထွက်လာသည့် အင်အား ၃၀ ဝန်းကျင်ပါစစ်ကြောင်းကို ရမ်းဖိုရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အသက် ၃၀ အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဘုန်းကြီးကျောင်းနား လမ်းကင်းလာယူတယ်။ မိုင်းဆွဲခံရပြီး လူနေအိမ်ထဲ ဝင်ပြေးသွားကြတယ်။ လက်နက်ကြီး တွေလည်း ၆ချက်လောက်ပစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ရမ်းဖိုကျေးရွာသည် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင်တည်ရှိပြီး တနင်္သာရီမြို့နှင့် မနီးမဝေးတွင် ရှိသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများက စစ်ဘေးရှောင်ထွက်ပြေးနေကြသဖြင့် လူမရှိသော နေအိမ်များအတွင်း […]

မြိတ်မြို့ပေါ် လုယက်သတ်ဖြတ်မှုတွင် မြို့ခံလူငယ်နှစ်ဦးကို ဖမ်းမိ

Dawei Watch

July 9, 2025

မြိတ်မြို့ပေါ်တွင် ဖုန်းနှင့် ဆိုင်ကယ်လုယက်ပြီး လူကိုပါ ဓားဖြင့်ထိုးသတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်သူဟု ယူဆရသည့် မြိတ်မြို့ခံအမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း မြိတ်မြို့ခံအချို့ထံမှ သိရသည်။ မြိတ်မြို့ ILBC ပုဂ္ဂလိကစာသင်ကျောင်းက လူငယ်ကျောင်းဆရာတစ်ဦးဖြစ်သည့် အသက် ၂၈ နှစ်အရွယ် ကိုသီဟဝင်းသည် ဇူလိုင်လ ၇ ရက်ညက ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံခဲ့ရပြီး ဓားဖြင့်လည်း ထိုးခံရသဖြင့် သေဆုံးခဲ့သည်။ ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးနေသည့် ကိုသီဟဝင်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၈ ရက် နံနက်ပိုင်းတွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ ကားလမ်းဘေး ချုံတစ်ခုအတွင်း တွေ့ရှိခဲ့သည်။ လုယက်သတ်ဖြတ်သည်ဆိုသည့် အမျိုးသားနှစ်ဦးကို ခိုးရာပါ ဆိုင်ကယ်ရောင်းချရာကတစ်ဆင့် ရဲတပ်ဖွဲ့က ဇူလိုင်လ ၉ ရက် (ယနေ့) နံနက်တွင် ဖမ်းဆီးရမိကြောင်း ကိုသီဟဝင်း၏ […]

တနင်္သာရီ သိန်ခွန်းရွာတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

July 9, 2025

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်များကြား နှစ်ရက်ဆက် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇူလိုင်လ ၈ ရက်တွင် သိန်ခွန်းရွာဝန်းကျင်၌ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း KNLA-တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တစ်နေ့လုံး တိုက်ပွဲဖြစ်တယ်။ ပစ်လိုက်ပြန်ဆုတ်လိုက်နဲ့ အနီးကပ်ဖြစ်တာကျတော့ သူတို့အလောင်းတွေလည်း မြင်နေရတယ်။ တိုက်ပွဲအတွင်း လေကြောင်း (လေယာဉ်) လည်း လာတယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်မှု မရှိကြောင်း တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ချိန် ၃နာရီကျော် […]

မြိတ်မြို့ပေါ်တွင် လုယက် ဓားထိုးမှုကြောင့် လူငယ်တစ်ဦးသေဆုံး

Dawei Watch

July 8, 2025

မြိတ်မြို့ပေါ်တွင် လုယက်ပြီး ဓားဖြင့်ထိုးသဖြင့် လူငယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အသက် ၂၈နှစ်အရွယ် ကိုသီဟဝင်းသည် ဇူလိုင်လ ၇ ရက် ည ၉ နာရီခန့်တွင် ဆိုင်ကယ်စီးပြီး တစ်ဦးတည်းလာချိန် မြိတ်မြို့ ကားကြီးဝင်း (အသစ်) အနီးတွင် လုယက်သတ်ဖြတ်ခံရကြောင်း ကိုသီဟဝင်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။ “ဆိုင်ကယ်၊ ဖုန်းလုပြီး ဓားနဲ့ ထိုးသတ်ခဲ့တာ” ဟု ၎င်းက ပြောဆိုသည်။ ကိုသီဟဝင်းက ဆိုင်ကယ်ဖြင့် မည်သည့်နေရာသို့သွားသည်ဆိုသည့်အကြောင်းနှင့် လုယက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးပေ။ ဓားထိုးခံရမှုကြောင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ၎င်းကို အရေးပေါ်လူနာတင်ယာဥ်ဖြင့် မြိတ်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “နေရာမှာပဲ ပွဲချင်းပြီး ဆုံးနေပြီဆိုတော့ ရင်ခွဲရုံတစ်ခါတည်း […]

မြိတ်ဒေသခံနှစ်ဦးအပါအဝင် စစ်မှုထမ်းစုဆောင်းခံရသူသုံးဦး ထားဝယ်ခရိုင် PDF တပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

July 8, 2025

စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် အသက် ၂၀ ဝန်းကျင်အရွယ် စစ်ကောင်စီတပ်သားသုံးဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ အမှတ် (၁) တပ်ရင်းထံတွင် လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်းက ဇူလိုင်လ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။  ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းသို့ တိုက်ရိုက်ဆက်သွယ်၍ ၎င်းတို့၏အစီအစဥ်ဖြင့်ပင် ဇူလိုင်လ ၄ ရက်တွင် တပ်ရင်းသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော် ABC က ပြောသည်။ ဘက်ပြောင်းလာသူ သုံးဦးအနက် နှစ်ဦးသည် ကံပေါက်ရေကန်တောင်တာဝါတိုင် စခန်းတွင် တာဝန်ကျနေသည့် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းက ဖြစ်ပြီး နောက်တစ်ဦးမှာ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသရှိ စစ်ကောင်စီစခန်းတစ်ခုတွင် တာဝန်ကျနေသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းကဖြစ်ကြောင်း ၎င်းက ဆိုသည်။  အဆိုပါတပ်သားသုံးဦးသည် တနင်္သာရီတိုင်း မြိတ်မြို့၊ ပလမြို့နှင့် ပဲခူးတိုင်း ပြည်မြို့ ဒေသခံများဖြစ်ကြောင်း အမှတ် (၁) တပ်ရင်းထံမှ သိရသည်။  မြိတ်မြို့ခံဖြစ်သူသည် ဧည့်စာရင်းစစ်စဉ် စစ်သားစုဆောင်းခံခဲ့ရသူဖြစ်ကာ ကျန်နှစ်ဦးသည် ညဘက်လမ်းတွင် အဖမ်းခံရသူနှင့် […]

ကျွန်းစု မဲတောရွာအုပ်ချုပ်ရေးမှူးကို PDF ပစ်ခတ်ရှင်းလင်း၊ မူးယစ်ဆေးရောင်းသူများကိုပါ ဖမ်းသွားဟုဆို

Dawei Watch

July 7, 2025

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းပြီး မူးယစ်ဆေးရောင်းချနေသူများကိုပါ ဖမ်းဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီခန့် မဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ဇူလိုင်လ ၅ ရက်တွင် သွားရောက်ဖမ်းဆီးပြီး ခေါ်ဆောင်လာချိန် အော်ဟစ်ဆဲဆိုကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဦးအောင်မြင့်ကို မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၊ တနင်္သာရီမြို့နယ်ပကဖဇုန် ၆ နှင့် ဒေါင်းနက်အဖွဲ့တို့ က နေအိမ်တွင် သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ထုတ်ပြန်သည်။ ‎တော်လှန်ရေးအဖွဲ့များက ဆက်လက်ရှာဖွေရာ ဦးအောင်မြင့်ကို အပေါင်းအပါများနှင့်အတူတွေ့ရပြီး တုတ်ဓားများဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်နှစ်ချက်ပစ်ဖောက်ပြီး ခြောက်လှန့်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါည […]