ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

သမုတ်ချုံးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံး

Dawei Watch

May 28, 2025

တနင်္သာရီမြို့နယ် သမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် တနင်္သာရီမြို့မှ သမုတ်ချုံးရွာဘက်သို့ စစ်ကောင်စီတပ် ရိက္ခာနှင့် စစ်ကူများ တင်လာသည့် စစ်ကားသုံးစီးလာချိန် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးများက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ကသည်။ အဆိုပါစစ်ကောင်စီ ရိက္ခာနှင့် စစ်ကူများပါလာသည့် ယာဉ်တန်းဖြတ်သန်းသွားပြီးမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ် လမ်းကင်းယူထားသည် တောင်ကုန်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ် ယောင်္ကျားလေးတစ်ဦး သေဆုံးသွားကြောင်း အသက် ၃၅ နှစ်အရွယ်အရွယ် ဒေသခံတစ်ဦးက ဆိုသည်။ “သားငယ် (ကလေး) က […]

ပုလော ဆင်ထိုးကြီးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 28, 2025

ပုလောမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဆင်ထိုးကြီးရွာက အမျိုးသားတစ်ဦး ယနေ့ မေလ ၂၈ရက် နံနက်ပိုင်းတွင် ဥယျာဉ်ခြံသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၈ နာရီကျော်တွင် ဆင်ထိုးကြီးရွာအနောက်ကမ်းက အသက် ၇၀ ခန့်အရွယ် ဦးမောင်လေး မိုင်းနင်းမိသည့် ဒဏ်ရာဖြင့် သတိမရသဖြင့် ပလောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မိုင်းထိတာက ရင်ဘတ်မှာလို့ပြောတယ်။ ဆေးရုံကိုယူသွားတဲ့အထိ သတိမရဘူးတဲ့။ သေမလား ရှင်မလား မသိသေးဘူး။ သူတို့ခြံက ရွာထဲမှာပဲ၊ အရင်ကလည်း သွားနေကျပဲ။ လုပ်ပေးစား (ရှာဖွေကျွေးမွေး) တဲ့ သားသမီးလည်းမရှိဘူးဆိုတော့ ခြံထဲသွားရှာစားမှ စားရမယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ဆင်ထိုးကြီးရွာအနီးသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ၂၀၂၄ခုနှစ် ဩဂုတ်လ […]

မြိတ်မြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းပြီး ကျပ်သိန်း ၁၇၀ ကျော် ခိုးယူ

Dawei Watch

May 27, 2025

မြိတ်မြို့တွင် ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ငွေကျပ် ၁၇၄ သိန်းကျော် ခိုးယူခံရကြောင်း ဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးသည် မေလ ၂၄ရက် ည ၁၁နာရီဝန်းကျင်တွင် Sky Mobile ဖုန်းဆိုင် အတွင်း ဖောက်ထွင်းဝင်ရောက် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားတွင် ခြေထောက်နှစ်ဖက်ကို ပတ်တီးအဖြူရောင်စည်းထားသည်ကို CCTV မှတ်တမ်းတွင် တွေ့ရကြောင်း ဖုန်းဆိုင်ပိုင်ရှင်က ပြောဆိုသည်။ “အိမ်ရှေ့တံခါးမကို သော့အရင်ဖျက်ပြီး နံဘေးတံခါးကနေဝင်တာ။ သူခိုးကတော့ ကြိုလေ့လာထားသူဖြစ်ပုံရတယ်။ သူကဝင်လာကတည်းက ပိုက်ဆံထားတဲ့ ကောင်တာကို တန်းပြီးသွားတာ။ အဲဒီမှာ သော့ဖျက်ပြီး ငွေသားတွေ ယူသွားတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ဖုန်းဆိုင်ရှိ တန်ဖိုးကြီးဖုန်းများကိုမူ တစ်လုံးမျှ ခိုးယူသွားခြင်းမရှိကြောင်း ၎င်းက […]

မြိတ်မြို့တွင် ငါးလအတွင်း မူးယစ်ဆေးပြား နှစ်သိန်းကျော်ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

Dawei Watch

May 27, 2025

မြိတ်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မေလ ၂၇ ရက်နေ့အထိ ငါးလဝန်းကျင်အတွင်း စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေနှစ်သိန်းခွဲခန့် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၃၁ ရက်နေ့က မြိတ်မြို့ မြို့ခံအမျိုးသားနှစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေ နှစ်သိန်းကျော် ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၉ ရက်က မြိတ်မြို့တွင် စိတ်ကြွမူးယစ်ဆေး အလုံးရေ နှစ်သောင်းတစ်ထောင်နီးပါး ဖမ်းမိခဲ့ပြီး၊ မေလထဲတွင်မူ နောက်ထပ်သုံးသိန်းနီးပါး ထပ်မံဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းငါးလဝန်းကျင်ထဲ မြိတ်မြို့နယ်တစ်ခုတည်းတွင်သာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တိုင်းအတွင်းရှိ အခြားဒေသများအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပေ။ အထက်ပါမူးယစ်ဆေးဝါးတို့နှင့်အတူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို ဖမ်းဆီးထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ CCDAC အဖွဲ့က စိတ်ကြွမူးယစ်ဆေးဝါးတစ်လုံးကို ငွေကျပ်သုံးထောင်ဖြင့်တွက်ချက်ထားပြီး မူယစ်ဆေးဝါး […]

ကျွန်းစုတွင် ရှေးဟောင်းစေတီတစ်ဆူ မိုးကြိုးထိမှန်

Dawei Watch

May 25, 2025

ကျွန်းစုမြို့နယ် ၊ ညောင်ဘီးကျေးရွာအုပ်စု ၊ ပဲယာရွာ တောင်ပေါ်ရှိ ကျောက်မော်တောင်စေတီ မေလ ၂၃ ရက် ညနေပိုင်းက မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုးကြိုးထိမှန်သည့် စေတီသည် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ယခင်ကလည်း မိုးကြိုးထိမှန်ဖူးကြောင်း ပြန်လည်ပြုပြင်၍ ထီးပြန်တင်ထားသည်မှာ နှစ်နှစ်ခန့်သာရှိသေးကြောင်း ပဲယာရွာသားတစ်ဦးပြောပြသည်။ ” ဘုရားက အဖိုးတို့အဖွားတို့ခေတ်ကတည်းက ရှိနေတဲ့ ရှေးဟောင်းဘုရားပါ။ ပြန်ပြင်ထားတာ နှစ်နှစ်ပဲရှိသေးတယ်။ အခုမိုးကြိုးထပ်အပစ်ခံရပြီး ပျက်စီးသွားတယ် ” ဟု ၎င်းကပြောသည်။ မိုးကြိုးပစ်ခံရ၍ လူထိခိုက်ဒဏ်ရာရခြင်းနှင့် ကျေးရွာအတွင်း အခြားထိခိုက်မှုမရှိကြောင်း ၎င်းကဆက်ပြောသည်။ မိုးကြိုး ထိမှန်သည့် စေတီ၏ အလယ်ပိုင်း ခေါင်းလောင်းအနားထိ ပြိုကျပျက်စီးသွားကြောင်း ဓာတ်ပုံမှတ်တမ်းများ၌တွေ့ရသည်။ မေလ ၁၁ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် ၊ အလယ်မန်ရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ကာ ထိခိုက်ဒဏ်ရာရသဖြင့် […]

စစ်ကောင်စီ၏ စက်သုံးဆီကန့်သတ်မှုကြောင့် ဘုတ်ပြင်းတွင် တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်

Dawei Watch

May 25, 2025

ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးကျတောခုတ်ရာသီ၌ တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်လာကြောင်း တောင်သူအချို့ထံမှ သိရသည်။ ယမန်နှစ်က မိုးဦးရာသီက တောခုတ်အလုပ်သမားငှားရမ်းရာတွင် နေ့စားခအဖြစ် တစ်ရက်လျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်ရှိရာက လက်ရှိတွင် ၂၅၀၀၀ ကျပ် ဝန်းကျင်အထိ ဖြစ်လာကြောင်း တောင်သူအချို့နှင့် တောခုတ်အလုပ်သမားအချို့က ဆိုသည်။ “‌ဓာတ်ဆီဈေးတွေ တအားမြင့်တက်လာတော့ တောခုတ်ခေါ်တဲ့သူသိပ်မရှိပေမယ့် အလုပ်တော့လုပ်နေရတယ်”ဟု မနိုးရုံးကျေးရွာနေ တောခုတ်အလုပ်သမားတစ်ဦးက ပြောသည်။ မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ယခုနှစ် ဧပြီလကစပြီး ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စက်သုံးဆီတင်ဆောင်ခွင့် ကန့်သတ်ထားသည်။ ယင်းကြောင့် အခြားဒေသများမှ ရေလမ်းကြောင်းဖြင့် သယ်ယူရသည့်အတွက် ဈေးကြီးပေးဝယ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ မကန့်သတ်မီက ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ […]

မြိတ်တွင် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံး

Dawei Watch

May 25, 2025

မြိတ်မြို့၊ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၄နှစ်နှင့် ၃လအရွယ် ကလေးငယ် တစ်ဦး မေလ ၂၄ရက်ညက သေဆုံးကြောင်း နာရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝဋံသကနာရေးကူညီမှု အသင်းထံမှ သိရသည်။ အဆိုပါကလေးငယ်သည် မြိတ်မြို့၊ တောင်ပြိုရပ်၊ မြို့ပတ် (၁) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ “ကလေးငယ်က သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်။ အရင် အခြားရောဂါအခံလေးတွေလည်း နည်းနည်းရှိတော့ သွေးလွန် တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာက နည်းနည်းပြင်းပြီး အသက်ဆုံးရှုံးသွားတယ်” ဟု မိသားစု၏ ပြောပြချက်ကို ကိုးကား၍ ဝဋံသကနာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြန်ပြောင်းပြောဆိုသည်။ မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသနေသည့် ကလေးလူနာများ ရှိနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ယခုမေလအတွင်း ထားဝယ်မြို့တွင်လည်း […]

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဘုတ်ပြင်းဒေသခံတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 24, 2025

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်မိုင်ခွဲကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ လေညာကျေးရွာရှိ စစ်ကောင်စီတပ်က မေလ ၂၂ရက် ည၈နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး တစ်မိုင်ခွဲကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဘိုဟိန်း၏ နေအိမ်အနီး ကျ‌ရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ဦးဘိုဟိန်း၏ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး ညာဘက်နားရွက်လည်း ပြတ်တောက်ခဲ့ကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ “ခေါင်းကို ထိသွားတယ်ဆိုတော့ စိုးရိမ်ရတယ်။ နားရွက်တစ်ဖက်လည်း ပြတ်သွားတယ်။ ဖြစ်ဖြစ်ချင်း မဏ္ဍိုင် (ပြည်ကြီးမဏ္ဍိုင်မြို့) ဆေးရုံသွားပြန်တော့လည်း လေညာ (ရွာ) စစ်တပ်က ညဘက် မပေးဖြတ်ဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က သွားခွင့်မပြုသဖြင့် ညတွင်းချင်းဆေးရုံမတင်ပို့နိုင်ဘဲ […]