အဖမ်းအဆီးများနေ၍ တနင်္သာရီရှိ ကျေးရွာအချို့တွင် တောစီးဖိနပ် ဝယ်ရခက်
Dawei Watch
July 17, 2025တနင်္သာရီမြို့နယ် ပဝရွာနှင့်သရဖုံရွာတို့တွင် စစ်ကောင်စီတပ်၏ ပိတ်ပင်ကန့်သတ်မှုကြောင့် တောစီးဖိနပ်ဝယ်ရခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ တောစီးဖိနပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက အသုံးပြုသည်ဟုဆိုကာ စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် ပစ္စည်းများတွင် တောစီးဖိနပ်ပါဝင်နေသည့်အတွက် ဝယ်ယူရခက်ခဲနေကြောင်း တောခုတ်သည့်အလုပ်ဖြင့် အသက်မွေးနေသူအချို့က ဆိုသည်။ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအများစုမှာ ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ရော်ဘာပင်စိုက်ပျိုးခြင်းကို အဓိကလုပ်ကိုင်ကြပြီး တောစီးဖိနပ်ကို ခေတ်အဆက်ဆက်အသုံးပြုနေကြခြင်းဖြစ်သည်။ စစ်ကောင်စီကမူ တောစီးဖိနပ်သယ်ဆောင်ခြင်းကို ပြီးခဲ့သည့် မတ်လကစကာ ကန့်သတ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ပဝရွာနှင့်သရဖုံရွာတို့တွင် တောစီးဖိနပ် ပြတ်လပ်နေသဖြင့် အခြားရွာများတွင် စျေးကြီးပေးပြီး ဝယ်နေရကြောင်း ဥယျာဉ်ခြံလုပ်ကိုင်နေသည့် သရဖုံရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “အခုက မိုးရာသီရောက်နေပြီ။ တောခုတ်နဲ့ကွမ်းသီးနုကောက်ချိန် ရောက်နေတော့ တောစီးဖိနပ်မပါဘဲ တောထဲသွားလို့ မရဘူး။ ရွာမှာက လုံးဝ ဝယ်ဖို့မရှိဘူး။အခြားရွာသွားတဲ့သူတွေကို လမ်းကြုံမှာရတယ်”ဟု အထက်ပါဒေသခံက ပြောသည်။ ထိုသို့ […]


