ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီ သိန်ခွန်းရွာရှေ့တန်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံ

Dawei Watch

July 21, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ စစ်ကောင်စီတပ်ရှေ့တန်းက တပ်သားနှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၂၀ ရက်နေ့က သိန်ခွန်းရွာရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-1သေနတ် နှစ်လက်၊ကျည် ၁၇၀ တောင့်နှင့်အတူ KNLAတပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း အဆိုပါတပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့နှစ်ဦးက ထိုင်းနိုင်ငံက မိဘတွေရှိရာ နေအိမ်ကိုပြန်ချိန် အပြန်လမ်းမှာဖမ်းဆီးခံရပြီး စစ်မှုထမ်းထဲ ပါလာတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ဘက်ပြောင်းခိုလှုံလာသည့် အသက် ၂၈ နှစ်အရွယ် စစ်ကောင်စီတပ်သားမှာ ထားဝယ်အခြေစိုက် ခလရ ၂၆၇ တပ်ရင်း (ပင်လယ်ပြင် စိုးမိုးရေးတပ်)ကဖြစ်ပြီး နောက်တစ်ဦးမှာ အသက် ၂၉ နှစ်အရွယ်ရှိ ခလရ ၂၈၀ တပ်ရင်းမှ တပ်သားဖြစ်ကြောင်း KNLAတပ်ရင်း […]

မြိတ်တွင် ဝါးပလုတ်ဈေး နှစ်ဆနီးပါးတက်

Dawei Watch

July 20, 2025

မြိတ်တွင် ဝါးပလုတ် ဟုခေါ်သည့် ဝါးဂျယ်လီ‌ ဈေးနှစ်ဆနီးပါးမြင့်တက်လာ‌ကြောင်း ဝါးဂျယ်လီရောင်းဝယ်သူ အချို့ထံက သိရသည်။‌ ဝါးပလုတ်သည် မိုးရာသီတွင် ဝါးပင်က ထွက်ရှိသည့် ဒေသအစားအစာတစ်ခုဖြစ်ပြီး လက်ရှိတွင် ၅ဂါလံဝင်ဆံ့သည့် ပုံးအဝါ တစ်ပုံးလျှင် ငွေကျပ် ခုနစ်သောင်းဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယမန်နှစ်ကမူ ၅ ဂါလံဝင် တစ်ပုံးလျှင် ကျပ် သုံးသောင်းခွဲဝန်းကျင်သာ ဈေးရှိသည်။ ဒေသတွင်းတိုက်ပွဲနှင့် မတည်ငြိမ်မှုများကြောင့် တနင်္သာရီမြို့နယ်တွင် ဝါးပလုတ်လုပ်သူနည်းလာပြီး ဈေးတက်လာခြင်းဖြစ်ကြောင်း ဝါးပလုတ် ရောင်းချသူတစ်ဦးက ပြောသည်။ မြိတ်ဒေသထွက် ဝါးပလုတ်ကိုသာ အဓိကထားရောင်းချနေရကြောင်း ၎င်းကဆိုသည်။ “ဝါးပလုတ်က တနင်္သာရီဘက်က လူတွေလုပ်တာများတယ်။ တနင်္သာရီဘက်မှာက တိုက်ပွဲတွေ တအား (အရမ်း) ဖြစ်တာ။ ဒေသတွင်းလည်း မငြိမ်သက်တော့ ဝါးပလုတ်လုပ်တဲ့သူတွေလည်း သိပ်မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။ […]

တနင်္သာရီတွင် သားဆက်ခြားဆေး ပစ္စည်းပြတ်ပြီး ဝယ်ရခက်

Dawei Watch

July 20, 2025

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့နှင့် စစ်ဘေးရှောင်နေရာများတွင် သားဆက်ခြားသောက်ဆေး ပြတ်လပ်လာကာ စျေးတက်နေကြောင်း ဒေသခံများနှင့် ကျေးရွာရှိ သူနာပြုဆရာမအချို့ထံမှ သိရသည်။ ပြီးခဲ့သည့်မတ်လကစပြီး စစ်ကောင်စီက တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများကို ဆေးဝါး သယ်ယူခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်သဖြင့် သားဆက်ခြားဆေး (သောက်ဆေး) ဝယ်ယူရခက်ခဲလာကြောင်း ကော်တောရွာနေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် မတင်းကျပ်မီ (မတ်လမတိုင်မီ) က သားဆက်ခြား သောက်ဆေးတစ်ကတ်ကို ကျပ် ၃၀၀၀ ကျပ်သာရှိရာက လက်ရှိတွင် ၄၅၀၀ကျပ် ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ မတိုင်မီက သားဆက်ခြား ထိုးဆေးတစ်လုံးလျှင် ၂၅၀၀ ကျပ်ရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ ဖြင့် ဝယ်ယူ နေရကြောင်း ဒေသခံများက ပြောဆိုသည်။ သောက်ဆေးမှာကြာ တစ်လသာ […]

ပုလောမြို့နယ် မိန်းမမြို့အနီးကို စစ်ကောင်စီတပ်က ဗုံးကြဲ၊ အရပ်သားထိခိုက် သေဆုံးမှုရှိ

Dawei Watch

July 19, 2025

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာ အုပ်စု၊ မိမ္မမြို့ရွာနှင့် ဘိုင်းပြင်ရွာအကြားသို့ စစ်ကောင်စီတပ်က ယနေ့(ဇူလိုင် ၁၉)နံနက်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် မြိတ်လေတပ်မှ ထွက်ခွာလာသည့် ယင်းဂျက်ဖိုက်တာမှာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၁၀ နှစ်ဝန်းကျင် ကလေးငယ်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းထံမှ ကနဦးရရှိသည့် အချက်အလက်များအရသိရသည်။ ” အခုက ရှာဖွေကယ်ဆယ်ရေးလုပ်နေတုန်းပါ ။ ကလေးငယ်တစ်ယောက်ကတော့ အသက်ဆုံးရှုံးသွားပြီ။ အသက် ၆၀ အဖွား နှစ်ဦး အပါအဝင် လေးဦးက ဒဏ်ရာရထားတယ်။ နောက်ထပ်ရှာဖွေကယ်ဆယ်ရေး လုပ်နေဆဲမို့ ထိခိုက်သေဆုံးမှု စာရင်းထပ်တိုးလာနိုင်ပါတယ် “ ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော်အာနိုး […]

တနင်္သာရီ ဘန်းလမွတ်ရွာရှိ ကွမ်းခြံပိုင်ရှင်များ သူခိုးရန်ကြောင့် အခက်တွေ့

Dawei Watch

July 19, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း ကွမ်းသီးသူခိုးများကြောင့် အခက်ကြုံနေရကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။ ကွမ်းခြံများအတွင်း စစ်ကောင်စီတပ်သားများရှိနေသဖြင့် ခြံရှင်များ မသွားရဲသည့်အပေါ် အခွင့်ကောင်းယူပြီး သူခိုးများက ကွမ်းသီးနုဝင်ခိုးနေကြကြောင်း ဘန်းလမွတ်ရွာခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ဆိုသည်။ “အခက်အခဲကတော့ သူခိုးတွေ တော်တော်ပေါတယ်။ စကစ ရှိနေတော့ ဥယျာဉ်ရှင်တွေက သွားမကောက်ရဲတော့ အဲဒါကို အခွင့်ကောင်းယူပြီး ဝင်ခိုးတာမျိုးပါ” ဟု ၎င်းက ပြောသည်။ ထို့အပြင် လမ်းသွားလမ်းလာအချို့၊ ဘေးတွဲဆိုင်ကယ်အချို့နှင့် ကွမ်းသီးလိုက်ဝယ်သူအချို့က ဝင်ခူးသွားကြသလို စစ်ကောင်စီတပ်သားများလည်း ခူးသွားလေ့ရှိကြောင်း ကွမ်းသီးခြံပိုင်ရှင် အခြားတစ်ဦးက ပြောဆိုသည်။ “အဆိုးဆုံးက ဘေးတွဲတွေနဲ့ ကွမ်းသီးလိုက်ဝယ်သမားတွေပဲ။ သူတို့က လမ်းနံဘေးက ဥယျာဉ်တွေဆို ပိုင်ရှင်မရှိရင် ကောက် (ခူး) သွားကြတယ်။ သူခိုးတွေကောက်ပြီးအကျန်ပဲ ကောက်ရတော့ ဥယျာဉ်ပဲရှိပြီး ကွမ်းသီးဖိုး မရတော့ဘူး” ဟု […]

မြိတ်တွင် လုယက်မှုများကြောင့် မြို့ခံများအပြင်မထွက်၍ ညပိုင်းစျေးရောင်းသူများ ခက်ခဲ

Dawei Watch

July 18, 2025

မြိတ်မြို့တွင် လုယက်မှု၊ လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားလာနေ၍ မြို့ခံများ ညဘက်အပြင်မထွက်ရဲကြသဖြင့် ညဈေးရောင်းသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က မြိတ်မြို့ တည်းခိုခန်းမန်နေဂျာနှင့် ကျောင်းဆရာတို့ လုယက်သတ်ဖြတ်ခံရသည့်အပြင် ညဘက် လူပြတ်သည့်နေရာများတွင် လုယက်မှုများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။ “အစ်မတို့ဆိုင်က အရင်ကဆိုရင် ည ၉ ခွဲလောက်အထိ ဧည့်သည်တွေလာကြတယ်။ ဒီလုယက်မှုတွေ ဖြစ်ပြီးတဲ့နောက်ပိုင်း ၇ ခွဲလောက်ဆို ပြန်ကြပြီ။ ရုံးသမားတွေ အလုပ်ပြန်ချိန် ညဘက်လာကြတယ်။ အခုဆို သူတို့ညဘက် မလာရဲကြတော့ဘူးဆိုတော့ ရောင်းအားကျသွားတယ်။ ဆိုင်ရောင်းအားရဲ့ ၃ ပုံ ၁ ပုံလောက်ကျသွားတယ်” ဟု မြိတ်မြို့ပေါ် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ညဘက်စည်ကားနေလေ့ရှိသော ကမ်းနားလမ်းဘက်တွင်လည်း ည ၈ နာရီနောက်ပိုင်း လူသွားလူလာ ကျဲသွားသည့်အတွက် […]

တနင်္သာရီ သိန်ခွန်းရွာကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်

Dawei Watch

July 18, 2025

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁၆ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လေကြောင်းဖြင့် ဗုံးများကြဲချတိုက်ခိုက်ကြောင်း KNLA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “စောစောဘက် တစ်ချီလာပျံသွားပြီး နေ့လယ်မှ လာကြဲတယ်။ ဆီအုန်းခြံထဲကျတဲ့ တစ်လုံးကွဲပြီး ကျန်တာတွေ မကွဲဘူး” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီလေယာဉ်ဖြင့် ကြဲချသည့် ဗုံးများအနက် တစ်လုံးပေါက်ကွဲပြီး ဗုံးအချို့မှာ မပေါက်ကွဲကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုကြသည်။ ကြဲချသည့် ဗုံးအရေအတွက်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲပြီးနောက် သိန်ခွန်းရွာဝန်းကျင်ရှိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ပွိုင့်ဖိုက်စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့သလို မြေပြင်တပ်ကလည်း […]

မြိတ်တွင် အသက် ၇၀ အရွယ်အဘိုးတစ်ဦး ဓားခုတ်ခံရ၊ ဒဏ်ရာပြင်းထန်

Dawei Watch

July 17, 2025

မြိတ်မြို့နယ်၊အင်္ဂမော်ကျေးရွာတွင် အသက် ၇၀ ဝန်းကျင်အရွယ် အဘိုးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ခုတ်ရာက ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၁၆ ရက်နေ့ ညနေ့ ၃ နာရီခန့်တွင် အသက် ၇၀ ဝန်းကျင်အရွယ်ဦးတင်ထွေးသည် တောင်ပေါ်တွင် တစ်ဦးတည်းဝါးခုတ်နေချိန် အသက် ၂၅ နှစ်အရွယ် ကိုပိုင်လင်းက ဓားဖြင့်ဝင်ခုတ်ခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။ “တစ်ယောက်တည်းလည်းဖြစ်တော့ ပြန်ပြီးလည်းမခုခံနိုင်ဘူးလေ။ အသက်အပိုင်းအခြားကလည်း ဝောာ်တော်ကွာတယ်။ ရွာဘက်တွေက မြင်းဆေး(WY)တွေတော်တော်ပေါတယ်။ ရွာကလူတွေကတော့ ဆေးကြောင်ပြီးခုတ်တယ်လို့ မှတ်ချက်ချနေကြတယ်”ဟု နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။ ရန်ငြိုးရန်စ မရှိဘဲ အဘိုးကို ဓားဖြင့်ဝင်ခုတ်ခြင်းဖြစ်ပြီး မျက်နှာနှင့် လက်တွင် အရိုးပေါ်သည်အထိ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ “လူနာကတော့ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ အခြေအနေကတော့ […]