တနင်္သာရီ သမီးလှရွာသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခု ဖမ်းသွားပြီးသုံးရက်အကြာတွင် အလောင်းပြန်တွေ့
Dawei Watch
June 12, 2025တနင်္သာရီမြို့နယ်၊ သမီးလှရွာက ဒေသခံရွာသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားပြီး သုံးရက် အကြာတွင် မြစ်ချောင်းအတွင်း အလောင်းပြန်တွေ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၆ရက် ည ၇နာရီဝန်းကျင်တွင် သမီးလှအနောက်ကမ်းရွာတွင်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ဦးသန်းလှကို ၎င်း၏ နေအိမ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးကြောင်း သမီးလှရွာသားတစ်ဦးက ဆိုသည်။ “ညဘက်မှောင်နေတော့ ဘယ်သူဘယ်ဝါ မသဲကွဲဘူး။ လက်နက်တွေ ပါလာတယ်။ ဝတ်စုံတွေက အမဲဝတ်လာကြတယ်။ သုံးလေးငါးယောက်ပဲ လာဖမ်းသွားကြတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ ထိုသို့ လာရောက်ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေရာက သုံးရက်အကြာတွင် သမီးလှရွာနှင့် ၅မိုင်ခန့်အကွာရှိ တကူငယ်ရွာချောင်းမြစ်ဆုံတွင် အလောင်းတွေ့ကြောင်း မိသားစုနှင့်နီးစပ်သူက ဆိုသည်။ “တကူငယ်ရွာက ငါးဖမ်းသမားတွေ ညဘက်ကြီး အလောင်းတစ်လောင်း တွေ့လို့ပြောလာလို့ […]


