ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လာပြီး မြို့အတွင်းသို့ ရေစဝင်

Dawei Watch

July 24, 2025

တနင်္သာရီမြစ်ရေ ဆက်တက်လာသည့်အတွက် တနင်္သာရီမြို့၏ စိုးရမ်ရေအမှတ်ကို ကျော်လာပြီး မြို့အတွင်းသို့ ရေစဝင်လာကြောင်း မြို့ခံအချို့က ပြောသည်။ ဇူလိုင်လ ၂၀ရက်ကတင်စကာ မိုးသည်းထန်စွာရွာသွန်းလာပြီး တနင်္သာရီမြစ်ရေတိုးလာခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက် တွင် ၁၇ ပေ ၆ လက်မ ဖြစ်လာသည်။ တနင်္သာရီမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေသတ်မှတ်ထားသည်။ ထို့ကြောင့် တနင်္သာရီမြို့အတွင်းရှိ ရပ်ကွက်အချို့ကို ရေစတင်ဝင်လာပြီး လမ်း၊ တံတားနှင့် လူနေအိမ်အနီးအထိ ရေဝင်လာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ရွှေလိပ်ပြာရပ်ကွက်က အိမ်ခြေတွေ ရေစမြုပ်နေပြီ။ ရေထပ်တက်လာရင် အိမ်ထဲရေဝင်မယ့် အနေအထား ရောက်နေတယ်” ဟု ၎င်းက ပြောသည်။ ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း မြစ်ရေစလျှံလာပြီး […]

တနင်္သာရီ ညောင်ပင်ကွင်းရွာတွင်တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်ဆောင် လက်နက်ကြီးထိ

Dawei Watch

July 23, 2025

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးမှာ နေအိမ်နှစ်ဆောင်ကို ထိမှန်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့(ဇူလိုင် ၂၃ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်မှစ၍ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ညောင်ပင်ကွင်းရွာရှိ လူနေအိမ်နှစ်ဆောင် ထိမှန်သွားပြီး တိုက်ပွဲဖြစ်နေဆဲဖြစ်သည့်အတွက် ပျက်စီးမှုပမာဏကို အတိအကျမသိရသေးကြောင်း ၎င်းက ပြောသည်။ “လက်နက်ကြီးက များတယ် ပစ်နေတာ။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုက မပြီးသေးဘူး။ အခုထိလည်း ပစ်နေတုန်း။ အသံတွေက ကြားနေရတာ အူတက်(ဆူညံ)နေတယ်”ဟု အထက်ပါဒေသခံက ညနေ ၄ နာရီဝန်းကျင်တွင် ပြောသည်။ ညောင်ပင်ကွင်းရွာသားအများစုက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလလယ်ကတည်းက ရွာအတွင်းမနေကြတော့ဘဲ အနီးအနားရှိ […]

မြိတ်တွင် ဝါတန်းငါးဖမ်းလှေ လူငယ်လုပ်သားရှာရခက်၊ ကျေးရွာများအထိလိုက်ခေါ်နေရ

Dawei Watch

July 23, 2025

မြိတ်မြို့တွင် ဝါတန်း (ဝိုင်းကြီးချုပ်) ငါးဖမ်းလှေလိုက်မည့် အလုပ်သမားရှားပါးနေသည့်အတွက် ကျေးရွာများအထိ လိုက်ခေါ်နေသော်လည်း လိုသလောက်မရကြောင်း ဝါတန်းလှေပိုင်ရှင်များထံမှ သိရသည်။ စစ်ကောင်စီက မြို့ပေါ်တွင် အဓမ္မစစ်မှုထမ်းခေါ်ယူမှုများရှိနေသဖြင့် လူငယ်များတိမ်းရှောင်နေရခြင်းနှင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပထွက်သူများခြင်းတို့ကြောင့် လုပ်သားရှားပါးနေကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီကာလကဆိုလျှင် အဆိုပါ ငါးဖမ်းလှေများတွင် လိုက်မည်သူ အလွန်များခဲ့ကြောင်း ဝါတန်းလှေပိုင်ရှင်များ က ဆိုသည်။ လက်ရှိ မြို့ပေါ်တွင် ရေလုပ်သား ရှာမရသဖြင့် နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများရှိ ဒေသခံများကို စည်းရုံးပြီး ခေါ်နေသော်လည်း လိုသလောက်မရကြောင်း ဝါတန်းငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ၎င်းလှေတွင်ပင် ရေလုပ်သား ငါးဦးခန့် လိုအပ်နေသေးသဖြင့် ပင်လယ်ပြင် ငါးဖမ်းမထွက်နိုင်သေးကြောင်း ၎င်းက ပြောသည်။ အခြားဝါတန်းငါးဖမ်းလှေအချို့တွင်မူ လုပ်သားဦးရေမပြည့်ဘဲ ပင်လယ်ငါးဖမ်းထွက်နေရသည့် လှေများလည်းရှိကြောင်း အထက်ပါ လှေပိုင်ရှင်က ဆိုသည်။ ဝါတန်း […]

တနင်္သာရီက စစ်ရှောင်ကလေး ဦးနှောက်အမြှေးပါးရောင်နေ၍ ဆေးရုံတင်ထားရပြီး အကူအညီလို

Dawei Watch

July 23, 2025

တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်ကလေးတစ်ဦး ဦးနှောက်အမြှေးပါးရောင်နေ၍ မြိတ်မြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း ကလေးမိသားစုနှင့် ကူညီပေးနေသူများထံမှ သိရသည်။ တနင်္သာရီမြို့နယ်က အသက် ၄ နှစ်အရွယ် မောင်ပိုင်ထူးခန့်သည် အပြင်းဖျားသဖြင့် ဆေးရုံတက်နေရသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။ တနင်္သာရီမြို့နယ်၊ ၊ချောင်းလမုရွာတွင်နေထိုင်သည့် ၎င်းတို့သားအဖမှာ တိုက်ပွဲများကြောင့် မြိတ်မြို့ ရှားတောဝဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေရာက ဖျားလာခြင်းဖြစ်သည်။ “အဖျားကြီးပြီးတော့ တက်တယ်။ ပြီးတော့ ဦးနှောက်အာရုံကြောကို သွားထိခိုက်တယ်ပြောတယ်။ အဖြေထွက် ထားတာတော့ ဦးနှောက်အမြှေးပါးရောင်တဲ့ လက္ခဏာတဲ့” ဟု ဖခင်ဖြစ်သူက ပြောသည်။ မိခင်ဖြစ်သူမှာ မောင်ပိုင်ထူးခန့် အသက် တစ်နှစ်ရှစ်လအရွယ်တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားသည်ဟု ဆိုသည်။ လက်ရှိတွင် ကလေးငယ်၏ ကျန်းမာရေးပြဿနာသည် အချိန်ယူကုသရမည့် အခြေအနေရှိကြောင်း ဆရာဝန်ထံမှ […]

တနင်္သာရီမြစ်ရေ စတက်လာပြီး လမ်းနှင့်တံတားအချို့ ရေစမြုပ်

Dawei Watch

July 23, 2025

တနင်္သာရီမြစ်ရေစတက်လာသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လမ်းနှင့်တံတားအချို့ ရေစမြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ကစကာ ရေစတက်လာပြီးနောက်ရက်များတွင် တဖြည်းဖြည်းတက်လာကြောင်း ဒေသခံများက ဆိုသည်။ ထိုသို့မြစ်ရေတက်လာသဖြင့် ကျေးရွာအချို့တွင် လမ်းနှင့်တံတားများရေမြုပ်သွားပြီး လှေဖြင့်ကူး၍ သွားလာနေရကြောင်း သကျက်ရွာဒေသခံတစ်ဦးက ပြောသည်။ “ရေက နှစ်ရက်အတွင်း တအားများပြီး ဂဏန်းကွင်းရွာကနေ ကွင်းသစ်ရွာလမ်းတွေ မြုပ်ကုန်တော့ လှေနဲ့ပဲ ကူးနေရတယ်။ ကွင်းသစ်တံတားလည်း မြုပ်ပြီ”ဟု အထက်ပါဒေသခံက ဆိုသည်။ ရေမြုပ်နေသည့် လမ်းနှင့်တံတားများ ဖြတ်သန်းသွားလာရန်အတွက် ကိုယ်ပိုင်လှေရှိသူများက ကိုယ်လှေဖြင့် ကူးကြပြီး လှေမရှိသူများက ကူးတို့လှေဖြင့်ကူး၍ သွားလာနေရကြောင်း ဒေသခံအချို့က ပြောသည်။ လက်ရှိတွင် မြစ်ရေတိုးလာသဖြင့် ညောင်ပင်ကွင်းရွာအနီးရှိ ကျွန်းညိုရွာတံတား၊ သကျက်ကျေးရွာအုပ်စု ကွင်းသစ်ရွာ တံတားနှင့် ဂဏန်းကွင်းရွာက လမ်းအချို့ […]

မြိတ် ပင်လယ်ပြင်တွင် ငါးကဲ့(သယ်)လှေ နစ်မြုပ်ပြီး ငါးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး

Dawei Watch

July 22, 2025

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ရွာအနီး ပင်လယ်ပြင်တွင် ငါးကဲ့(သယ်)လှေတစ်စီး နစ်မြုပ်ပြီး လှေလုပ်သား အမျိုးသားငါးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ငါးသယ်လှေ (ဝါလတ်လှေအကြီးမှ ငါးပြန်သယ်သည့်လှေငယ်) တစ်စီးသည် မြိတ်ပင်လယ်ပြင်တွင် ဇူလိုင်လ ၁၉ ရက်က နစ်မြုပ်ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ အမျိုးသားငါးဦး၏ ရုပ်အလောင်းမှာ ဇူလိုင်လ ၂၀ရက်တွင် ပြန်လည်ဆယ်ယူရရှိပြီး မြိတ်မြို့ ၊ ဆိပ်ငယ်ရပ်၊ ပြည်တော်သာ ဘောတံတားသို့ ဇူလိုင်လ ၂၁ ရက် ညတွင် ရောက်ရှိလာကြောင်း သေဆုံးသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “လှေမြုပ်ပြီး နောက်တစ်နေ့မှာ အလောင်းတွေပြန်ရတယ်။ အလောင်းတွေကို ရေခဲရိုက်ပြီး အခြားလှေအကူအညီနဲ့ သယ်လာပြီး မြိတ်က ပရဟိတအသင်းတွေကနေတစ်ဆင့် ဆေးရုံကို ရင်ခွဲဖို့ […]

ပုလော မိန်းမမြို့ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

Dawei Watch

July 21, 2025

ပုလောမြို့နယ်၊ မိန်းမမြို့ရွာနှင့် ဘိုင်းပြင်ရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်က ဇူလိုင်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်တွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေစဥ် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ကြောင်း ဒေသခံအချို့ ထံမှ သိရသည်။ “ရွာသား အိမ်သုံးလုံးထိတယ်၊ ပျက်တယ်။ အရပ်သား လူကြီးနဲ့ ကလေး ခုနစ်ယောက်ဒဏ်ရာရတယ်။ ကလေး တစ်ယောက် ဆုံးတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ အရွယ် မောင်သားတုတ်သေဆုံးပြီး အသက် ၈၀ ဝန်းကျင်အရွယ် […]

စစ်မှုထမ်းစုဆောင်းမည့် သတင်းကြောင့် မြိတ်မြို့ခံလူငယ်များ တိမ်းရှောင်နေရ

Dawei Watch

July 21, 2025

မြိတ်မြို့တွင် စစ်မှုထမ်းစုဆောင်းမည်ဟု သတင်းထွက်ပေါ်နေသဖြင့် မြို့ခံလူငယ်များ တိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက် နံနက် ၃ နာရီကျော်အချိန်တွင် မြိတ်မြို့ ကြံတောရပ်ကွက်တွင် နေထိုင်သည့် လူငယ် ၈ ဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းဖြစ်စဉ်ကိုသိသည့် မြို့ခံတစ်ဦးကပြောသည်။ ထိုလူငယ်ရှစ်ဦး အဖမ်းခံရပြီးသည်နှင့် စစ်ကောင်စီတပ်က လူငယ် ၅၀၀ ဦးကို စစ်မှုထမ်းဆောင်းရန် ဖမ်းဆီးမည်ဆိုသည့်သတင်း မြို့ခံများအကြား ပျံ့နှံ့ပြောဆိုလာကြပြီး စိုးရိမ်မှုမြင့်တက်နေကြခြင်း ဖြစ်သည်။ ယင်းသို့ စစ်သားစုဆောင်းမည့် သတင်းကို တရားဝင် ထုတ်ပြန်ထားသည်မျိုး မတွေ့ရသည့်အပြင် သတင်းထွက်လာသည့် ရင်းမြစ်ကိုလည်း မသိရှိရသေးပေ။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရလည်း ယင်းသို့လုပ်ဆောင်ခွင့်မရှိပေ။ သို့သော် စစ်ကောင်စီတပ်က ဧည်စာရင်းအကြောင်းပြ စစ်မှုထမ်းစုဆောင်းသည့်ဖြစ်စဉ်၊ စစ်မှုထမ်းဥပဒေဘောင်ကျော်ပြီး စစ်မှုထမ်းစုဆောင်းသည့် ဖြစ်စဉ်များလည်း ရှိနေသဖြင့် […]