တနင်္သာရီ ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်ရင်းအနီး တိုက်ပွဲဖြစ်
Dawei Watch
June 18, 2025တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းအနီးတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ခမရ ၅၆၁ တပ်ရင်းအနီးဝန်းကျင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဇွန်လ ၁၆ ရက် ညနေ ၆နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ရာက မိနစ် ၄၀ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ဘက်က အရင်သွားပစ်တယ်။ သူတို့ဘက် (စစ်ကောင်စီတပ်) က ပတ်ပတ်လည်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်” ဟု ၎င်းက ဆိုသည်။ ခမရ ၅၆၁ တပ်ရင်း ပတ်ပတ်လည်တွင် အင်အားဖြည့်တင်းကာ နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညောင်ပင်ကွင်းရွာသို့ ရောက်ရှိနေသည့် တော်လှန်ရေးတပ်ပေါင်းစုက တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ကြခြင်း ဖြစ်ကြောင်း […]


