ပလမြို့တွင် အရပ်သားလေးဦးကို စစ်ကောင်စီတပ်သတ်ဖြတ်
Dawei Watch
August 3, 2025ပုလောမြို့နယ်၊ ပလမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက အရပ်သားလေးဦးကို ပစ်ခတ်သတ်ဖြတ်ကြောင်း မြို့ခံအချို့က ပြောသည်။ ဩဂုတ်လ ၂ရက်နေ့က မြို့ခံအမျိုးသား သုံးဦးနှင့် စိတ်ကျန်းမာရေး မကောင်းသည့် အမျိုးသမီးတစ်ဦးတို့ကို ပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ စစ်ကောင်စီတပ်သားများသည် အဆိုပါ အရပ်သား လေးဦးကို ပလမြို့၊ မြေနီကုန်းရပ်ကွက်တွင် ပစ်သတ်ခြင်းဖြစ်ကြောင်း ပလမြို့ခံတစ်ဦးက ပြောဆိုသည်။ “စကစ တပ်သားတွေက ပလရဲစခန်းကနေ ထွက်လာပြီး ရပ်ငယ်ကျောင်းလမ်းအတိုင်းလာပြီး တွေ့တဲ့သူတွေအကုန်ကို ထိုးပစ်တာ။ အဲဒီမှာ သေသွားကြတာ။ စိတ်မနှံ့တဲ့အမျိုးသမီးက (ထမီ) ရင်ခေါင်းလျားနဲ့ သေနေတာ။ အခုအချိန်အထိ အလောင်း မကောက်ရသေးဘူး” ဟု ၎င်းက ပြောသည်။ သေဆုံးရသူများမှာ ပလမြို့ခံများဖြစ်ကာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ကြပြီး ဦးအောင်ဦး၊ ဦးမဲပြာ၊ ဦးစိုးလင်းနှင့် ဒေါ်သီဝင်း တို့ဖြစ်ကြောင်း […]


