ကျွန်းစုပင်လယ်တွင် ဆန်အိတ်တစ်ရာနီးပါးကို စစ်အာဏာရှင်တပ် သိမ်းယူ
Dawei Watch
August 27, 2025ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုတွင် ရောင်းချရန်အတွက် မြိတ်မြို့မှ ဝယ်လာသည့်ဆန်အိတ်များကို စစ်အာဏာရှင်တပ် ရေတပ်စစ်သင်္ဘောက သိမ်းယူလိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ လှေဖြင့် တင်ဆောင်လာသည့် ဆန်အိတ်တစ်ရာနီးပါးကို ဩဂုတ်လ ၂၄ ရက်တွင် စစ်အာဏာရှင်တပ်၏ အမှတ် 116 ရေတပ်စစ်သင်္ဘောက သိမ်းယူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဩဂုတ်လ ပထမအပတ်မှစတင်ကာ စစ်အာဏာရှင်စစ်သင်္ဘောများက ဆန်နှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားခဲ့သည်။ ယင်းသို့တင်သွင်းခွင့်ပိတ်ထားချိန် ကျေးရွာများတွင် ဆန်ပြတ်လပ်လာသည့်အတွက် ရှော်တောမော်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘဒ္ဒနဲကျေးရွာအုပ်စုရှိကျေးရွာများကို ခွဲဝေရောင်းချရန် မြိတ်မြို့မှ ဆန်အိတ်တစ်ရာခန့် မှာယူခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါဆန်အိတ်များတင်ဆောင်လာချိန် ရဘဒ္ဒနဲကျေးရွာအုပ်စု ရှော်တောမော်ရွာအရှေ့တွင် ရပ်နားထားသည့် 116 ရေတပ် စစ်သင်္ဘောမှ ဗိုလ်မှူးဖြစ်သူက သိမ်းယူလိုက်ကြောင်း ဘဒ္ဒနဲကျေးရွာအုပ်စုနေ […]


