ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

စစ်ခေါင်းဆောင်ခရီးစဉ်ရှိနေ၍ မြိတ်ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးမထွက်တော့ဟုဆို

Dawei Watch

September 19, 2025

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြိတ်မြို့သို့လာရောက်ရန် ရှိနေသဖြင့် ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုးထွက်ရှိမှု မရှိသလောက်လျော့နည်းသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး အဆိုပါစက်ရုံများမှ အနံ့ဆိုးထွက်မှု နည်းသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ ငါးအမှုန့်ကြိတ်စက်များမှ ထွက်ရှိသည့်အနံ့ဆိုးများ မြိတ်မြို့နေရာအနှံ့တွင် ကာလကြာရှည် ဆိုးဆိုးရွားရွားနံနေရာက စစ်ခေါင်းဆောင်မလာမီ တစ်ရက်အလိုတွင် စတင်လျော့သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ စစ်ခေါင်းဆောင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ထားဝယ်မြို့ကိုရောက်လာပြီး မြို့တော်ခန်းမဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ယနေ့တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိရာ မြိတ်မြို့သို့ ရောက်ရှိနေကြောင်း သတင်းထွက်နေသည်။ “မင်းအောင်လှိုင်လာလို့ အနံ့ပျောက်သွားတာ။ ဘိတ်(မြိတ်)တစ်မြို့လုံး နံလို့အော်နေတာတောင်မှ ဂရုမစိုက်ဘူး။ ဘယ်နေ့ ပြန်နံလာမလဲတော့မသိဘူး။ စက်တော့ ရပ်မရပ်မသိဘူး အနံ့ရတာတော့ သိသိသာသာနည်းသွားတယ်။ စက်ရုံနဲ့နီးတဲ့ ရပ်ကွက်တွေမှာတော့ အနံ့ရနေသေးတယ်လို့ ပြောနေကြတယ်”ဟု မြိတ်တောင်ရပ်ကွက်နေ […]

စစ်ခေါင်းဆောင်လာမည်ဆိုပြီး မြိတ်မြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းခွင့်ပိတ်

Dawei Watch

September 18, 2025

မြိတ်မြို့သို့ မနက်ဖြန် စက်တင်ဘာလ ၁၉ရက်တွင် စစ်ကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မည် ဆိုပြီး မြို့ပေါ်တွင် ဘေးတွဲဆိုင်ကယ်များ မောင်းနှင်ခြင်းကို ပိတ်ပင်ထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၈ရက်ကစပြီး ဘေးတွဲဆိုင်ကယ် မောင်းခွင့်မပြုဟု မြိတ်မြို့ပေါ်တွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေကြောင်း ၎င်းတို့က ဆိုသည်။ “(စစ်ခေါင်းဆောင်) လာမယ်ပြောလို့ ဘေးတွဲဆိုင်ကယ်တွေ မောင်းတာတွေ့ရင် ဖမ်းမယ်လို့ပြောတယ်။ တချို့အဖမ်းခံရတဲ့ သူတွေလည်း ရှိတယ်လို့ကြားရတယ်။ လူကိုတော့ ဘာမှမလုပ်ဘူး။ ဘေးတွဲကိုတော့ သိမ်းလိုက်တယ်ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မြိတ်မြို့ပေါ်တွင်လည်း ယနေ့ နံနက်ပိုင်းကစတင်ပြီး စစ်အာဏာရှင်တပ်သားများ လုံခြုံရေးတိုးမြှင့်ထားကြောင်း မြို့ခံများက ပြောဆိုသည်။ မြိတ်မြို့တွင် ကုန်ပစ္စည်းသယ်ပို့ရာတွင်လည်းကောင်း၊ အသား၊ ငါး၊ ဟင်းသီး၊ ဟင်းရွက်များကို ရွေ့လျားရောင်းချရာတွင် လည်းကောင်း ဘေးတွဲဆိုင်ကယ်ကို […]

တနင်္သာရီရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်များတွင် ကုန်စည်စစ်ဆေးမှု ပိုမိုတင်းကျပ်

Dawei Watch

September 17, 2025

တနင်္သာရီမြို့အနီးရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်များတွင် ကုန်စည်တင်ဆောင်မှုများကို ပိုမိုတင်းတင်းကျပ်ကျပ် စစ်ဆေးလာကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့အနီးရှိ တနင်္သာရီတံတား ရေကြောင်းစစ်ဆေးရေးဂိတ်၊ ဗောဓိကမ်းတံတားရေကြောင်း စစ်ဆေးရေးဂိတ်၊ ဘန်းသဲကူးတို့ဆိပ် စစ်ဆေးရေးဂိတ်နှင့် မမသောင်ရွာ ရေကြောင်းစစ်ဆေးရေးဂိတ် များတွင် စစ်ဆေးမှု တင်းကျပ်လာခြင်းဖြစ်သည်။ အဆိုပါ ရေကြောင်းစစ်ဆေးရေးဂိတ်များအနက် မမသောင်ရေကြောင်းစစ်ဆေးရေးဂိတ်က စက်တင်ဘာလဆန်းတွင်မှ စတင်ချထားခြင်းဖြစ်ပြီး စစ်ဆေးမှုပိုမိုတင်းကျပ်ကြောင်း ဒေသခံများကဆိုသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အသုံးပြုမည့် ကုန်ပစ္စည်းများကို တနင်္သာရီမြို့တွင် သွားရောက်ဝယ်ယူပြီး မြစ်၊ချောင်းများအတိုင်း ကျေးရွာများကို သယ်ဆောင်ကြခြင်းဖြစ်သည်။ ယခင်က စစ်အာဏာရှင်တပ်တွင် စျေးဝယ်ယူခွင့်လက်မှတ်လုပ်ပြီး အဆိုပါလက်မှတ်ဖြင့် ကန့်သတ်ထားသည့် ပစ္စည်းအချို့ သယ်ဆောင်ခွင့်ရသော်လည်း လက်ရှိအချိန်တွင် ပိုမိုတင်းကျပ်လာကြောင်း သမီးလှရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ ယခင်ကဈေးဝယ်ခွင့်လက်မှတ်နှင့် ပစ္စည်းဝယ်ထားသည့် ဘောက်ချာပြပြီးဖြတ်၍ ရသော်လည်း လက်ရှိအချိန်တွင် ပါလာသည့်ပစ္စည်းအရေအတွက်နှင့် ဘောင်ချာပါသည့် […]

တနင်္သာရီ ကိုင်းစိုက်တောင်သူများ ဓာတ်မြေသြဇာ မသုံးနိုင်သဖြင့် သီးနှံမဖြစ်ထွန်းဟုဆို

Dawei Watch

September 15, 2025

တနင်္သာရီမြို့နယ် ကျေးရွာအချို့တွင် ဓာတ်မြေသြဇာများ ဝယ်ယူရခက်ခဲသဖြင့် အလုံအလောက် မသုံးစွဲနိုင်ဘဲဖြစ်နေရာ သီးနှံ မဖြစ်ထွန်းဘဲဖြစ်နေကြောင်း ကိုင်းစိုက်တောင်သူများနှင့် ‌ဒေသခံများထံမှ သိရသည်။ ယခုနှစ် မတ်လမှစ၍ စစ်အာဏာရှင်တပ်က တော်လှန်ရေးထိန်းချုပ်နယ်မြေများကို ကုန်ပစ္စည်းတင်ခွင့် ပိတ်ထားရာ ‌‌‌ဓာတ်မြေဩဇာလည်းပါဝင်သည့်အတွက် စျေးတက်လာပြီး ဝယ်ယူရခက်ခဲလာခြင်းဖြစ်ကြောင်း ကိုင်းစိုက်တောင်သူများက ပြောသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ သမီးလှရွာ၊ ကျောက်စရစ်ရွာ၊ ရွာမရွာနှင့် ဝမ်းနာရွာ စသည့် တနင်္သာရီမြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာအများစုတွင် ကိုင်းသီးနှံများ စိုက်ပျိုးကြပြီး အဆိုပါကျေးရွာများတွင် ဓာတ်မြေဩဇာများ ရှားပါးနေခြင်း ဖြစ်သည်။ ကိုင်းသီးနှံအပင်များကို ဓာတ်မြေသြဇာ လုံလုံလောက်လောက် မကျွေးနိုင်သည့်အတွက် အပင်များ မကြီးထွား‌နိုင်တော့ဘဲ အသီး မသီးခြင်း၊ အပင်ပျက်စီးခြင်းများဖြစ်နေကြောင်း သမီးလှရွာနေ ကိုင်းစိုက်တောင်သူတစ်ဦးက ဆိုသည်။ အထူးသဖြင့် ငရုတ်သီး၊ ပဲသီး၊ စိမ်းစားဥ၊ မုန်လာဥ၊ ချဉ်ပေါင်ပင်၊ […]

မြိတ်မြို့ နာရေးအိမ်တွင် ဝင်ဖမ်းခံရသူများမှ ခြောက်ဦးမှာ မိသားစုနှင့်အဆက်အသွယ် မရ

Dawei Watch

September 15, 2025

မြိတ်မြို့၊ ရေနံမြေရပ်ကွက်ရှိ လယ်သစ်ရွာသားတစ်ဦး၏ နာရေးအိမ်ကို စစ်အာဏာရှင်တပ်သားများက ဝင်ရောက်စီးနင်းပြီးဖမ်းဆီးသွားသည့် အရပ်သား ၂၀ ဦးအနက် ၆ ဦးက လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ် မရသေးကြောင်း ဒေသခံများ၊ မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ စက်တင်ဘာလ ၈ ရက်ည ၁၁ နာရီခန့်တွင် နာရေးအိမ်ကို ဝင်ရောက်စီးနင်းပြီးနောက် အရပ်သား ၂၀ဦးကို လာရောက်ဖမ်းဆီးသွားရာ ၁၄ ဦး ပြန်လွတ်လာကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါ ၁၄ဦးက အဖမ်းခံရသည့်ညမှာပင် ပြန်လွတ်လာကြောင်း နီးစပ်သူများကပြောသည်။ ကျန်သည့် အရပ်သား ၆ ဦးကိုမူ မြိတ်မြို့မရဲစခန်းသို့ခေါ်ဆောင်သွားပြီးနောက်ပိုင်း စက်တင်ဘာလ ၁၅ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ […]

တနင်္သာရီ သိန်ခွန်းရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်အာဏာရှင်တပ် လေကြောင်း ရက်ဆက်တိုက်ခိုက်

Dawei Watch

September 13, 2025

တနင်္သာရီမြို့နယ်၊ ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ လေးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဘက်က ထိခိုက်မှုအချို့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ စက်တင်ဘာ ၉ရက်မှ ၁၂ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က ထပ်မံအင်အားဖြည့်တင်းပြီးနောက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထပ်ထိုးလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ တိုက်ပွဲပြင်းထန်နေချိန် စက်တင်ဘာလ ၉ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်ကြောင်း တော်လှန်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ စက်တင်ဘာလ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုတွင် KTLA (ကော်သူးလေအာမီ)က အသက် ၃၀ ဝန်းကျင်အရွယ် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။ “(ဗုံးစ) ထိပြီး ကျသွားတယ်။ ဒီနေ့(၁၂ ရက်) စောစောမှ အလောင်းပြန်တွေ့တယ်။ လေကြောင်းက ရက်ဆက်တက်နေတယ်။ ပွိုင့်ဖိုက်ထက်ကြီးတဲ့ […]

တနင်္သာရီ သိန်ခွန်းရွာတွင် သုံးရက်ဆက်တိုက်ပွဲဖြစ်၊ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သုံးကာ နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

September 11, 2025

တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာအနီးဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်‌ရေးတပ်တို့ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အသုံးပြုကာ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် စက်တင်ဘာ ၉ ရက်မှ ၁၁ ရက် (ယနေ့) အထိ သုံးရက်ဆက် တိုက်ပွဲ ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာလ ၁၀ရက် ညနေ ၅နာရီခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးနှင့် ရဟတ်ယာဥ် တစ်စီးရောက်လာပြီး ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “လေယာဥ်နှစ်စီးက ရှေ့ဆင့်နောက်ဆင့်တက်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က အထိနာသဖြင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယနေ့ […]

မော်လမြိုင်တွင် ဓားပြတိုက်ခံရ၍ နေအိမ်ရှိ ရွှေနှင့်ပစ္စည်း သိန်းထောင်ကျော်ပါသွား

Dawei Watch

September 11, 2025

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်းရှိ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး တန်ဖိုးသိန်းပေါင်းထောင်ကျော် ပါသွားကြောင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်ခန့်တွင် ဈေးကြိုရပ်ကွက်၊ တက္ကသိုလ်ပတ်လမ်းရှိ ဦးကျော်သူရဆိုသူ၏ နေအိမ်ထဲ မျက်နှာဖုံးတပ်ထားသည့် လူ ၃ ဦးက ဝင်ရောက်ဓါးပြတိုက်သွားခဲ့ခြင်း ဖြစ်သည်။ ဓားမြတိုက်သူ ၃ ဦးစလုံး မျက်နှာဖုံးတပ်ထားပြီး၊ ဦးထုတ်ဆောင်းထားကာ သေနတ်နှင့် ဓါးများ ကိုင်ဆောင်ထားကြသည်ဟု နီးစပ်သည့် မြို့ခံတို့က ပြောသည်။ “သူတို့မှာ သေနတ်တွေ၊ဓားတွေ ပါတယ်။ ဖုန်းတွေ၊ ရွှေတွေ၊ ငွေတွေတော့ ပါသွားတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ဓါးပြတိုက်ခံခဲ့ရမှုဖြစ်စဉ်တွင် မီးလင်းရွှေ ၁၀ ကျပ်သား၊ ငွေကျပ်သိန်း […]