တနင်္သာရီ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ် ဖမ်းသွားသည့် အရပ်သား၁၀ ဦးအနက် ရှစ်ဦး စစ်မှုထမ်းပို့ခံရ
Dawei Watch
August 6, 2025တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၀ဦးအနက် နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး ရှစ်ဦး စစ်မှုထမ်းပို့ဆောင်ခံရကြောင်း ဒေသခံများ၊ မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက်တွင် စစ်အာဏာရှင်တပ်သားများက လယ်တောင်ယာရွာသို့ ရောက်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးသွားခဲ့သည်။ စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် အရပ်သား ၁၀ ဦးအနက် ကျန်းမာရေးမကောင်းသူ ၂ ဦးကို ဩဂုတ်လ ၃ရက်တွင် ပြန်လွှတ်လိုက်ပြီး ကျန် ရှစ်ဦးကို စစ်မှုထမ်းအတွက် စုဆောင်းထားကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ “ဆိုင်ကယ်ပြင်ဆိုင်က သူနဲ့ကျန်းမာရေး မကောင်းတဲ့သူနှစ်ဦး ပြန်လွှတ်လိုက်တယ်။ သူတို့နှစ်ယောက်က အသက်လည်း ကြီး (အသက် ၄၀ကျော်အရွယ်ဖြစ်) နေပြီ။ (ပြန်လွတ်လာတာ) ရိုက်ထုရာတွေနဲ့ပါပဲ” ဟု ၎င်းက […]


