စစ်အာဏာရှင်တပ်၏ ရိက္ခာကားနှစ်စီးကို တနင်္သာရီ၊ ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်
Dawei Watch
September 26, 2025မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်သို့ ပို့ဆောင်မည့် စစ်အာဏာရှင်တပ် ရိက္ခာကားနှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်များက ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်မှလာသည့် စစ်အာဏာရှင်တပ် ရိက္ခာကားနှစ်စီးကို ရမ်းဖိုရွာတံတားကြီးတွင် မိုင်းနှစ်လုံးဆွဲ၍ တိုက်ခိုက်ရာ စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရိက္ခာကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကားပေါ်တွင်လိုက်ပါလာသည့် စစ်အာဏာရှင်တပ်သား ၁၀ ဦးခန့်အပါအဝင် လမ်းကင်းယူထားသည့် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သူတို့ဘက်က ထိခိုက်မှုရှိတယ်။အရေအတွက်တော့ မသိရသေးဘူး။တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဘေးကင်းတယ်။တိုက်ပွဲအတွင်း သူတို့ဘက်က လက်နက်ကြီး ပစ်လိုက်သေးတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုမြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီပြည်သူ့ […]


