မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ
Dawei Watch
August 13, 2025မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ပလမြို့ပေါ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ “လေယာဉ်က ပတ်သွားတာက သုံးခေါက်။ လေယာဉ်က တော်တော်မြင့်တယ်။ ဦးဆုံး(ပထမ)တစ်ခေါက်က ဗုံး လေးလုံး ချသွားတယ်။ နောက်တစ်ခေါက် သေနတ်နဲ့ပစ်တယ်။ နောက်တစ်ခေါက်ရောပေါ့။ မြို့ပေါ်နေရာတချို့ကို ကြဲသွားတယ်” ဟု ပလ မြို့ခံတစ်ဦးက ပြောသည်။ ထိုသို့ ဗုံးမကြဲမီက နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်အာဏာရှင်တပ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ […]


