တနင်္သာရီ သိန်ခွန်းတွင် စစ်အာဏာရှင်တပ်သားလေးဦး KNU ထံ ဘက်ပြောင်း
Dawei Watch
October 1, 2025တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာ စစ်မျက်နှာပြင်က စစ်အာဏာရှင်တပ်သား လေးဦးသည် KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံ ဘက်ပြောင်းလာကြောင်း KNU ထံမှ သိရသည်။ စက်တင်ဘာလ ၃၀ ရက်တွင် ရှေ့တန်းတစ်နေရာမှ လက်နက်မပါဘဲ ထွက်ပြေးလာကာ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။ ဘက်ပြောင်းလာသူ လေးဦးသည် စစ်မှုထမ်း အပတ်စဥ် ၁၂ အတွက် အဓမ္မစစ်သားစုဆောင်းခံရပြီး ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ တပ်ရင်းတစ်ခုတွင် စစ်သင်တန်း တက်ခဲ့ရသူများဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ သင်တန်းပြီးနောက် ပလောက်မြို့ရှိ ခလရ (၂၈၀) စစ်အာဏာရှင်တပ်ရင်းသို့ ပို့ဆောင်ခံရပြီး ရှေ့တန်းသို့ရောက်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဘက်ပြောင်းလာသူများကို […]


