ပုလော ဇရပ်ဆိပ်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် ဘုန်းကြီးကျောင်းဆောင်များပျက်စီး
Dawei Watch
August 29, 2025ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်းရှိ အဆောက်အအုံ သုံးဆောင်ပျက်စီးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဩဂုတ် ၂၉ရက် မွန်းလွဲ ၁နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဇရပ်ဆိပ်ရွာကို ဗုံးကြဲခြင်းဖြစ်ပြီး ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင်နှင့် အခြားကျောင်းဆောင်တစ်ဆောင် ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဆောင် သုံးဆောင်က လုံးဝပျက်စီးသွားတယ်။ နှစ်ထပ်ကျောင်းကြီးမှာက နည်းနည်းပါးပါး အစ စင်သွားတယ်။ နံရံတွေမှာ အပေါက်တွေလည်း ဖြစ်ကုန်တယ်” ဟု ၎င်းက ပြောဆိုသည်။ ဇရပ်ဆိပ်ရွာတွင် လူအနည်းငယ်သာ နေထိုင်ကြပြီး ကျန်သည့်ဒေသခံများမှာ စစ်ဘေးရှောင်နေကြသဖြင့် ရွာသား ထိခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လာကြဲတာက ပေါင် ၃၀၀ […]


