စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့် တနင်္သာရီရှိ ကျေးရွာငါးရွာက ပြည်သူများတိမ်းရှောင်
Dawei Watch
October 20, 2025စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ငါးရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၀ရက် နံနက်တွင် စစ်အာဏာရှင်တပ်သားများသည် တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ ဖာနီရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဖာနီကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာငါးရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာရှင်တပ်သား ၃၀ ဝန်းကျင်သည် ဇဝဲကျေးရွာမှ ဖာနီရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “စစ်ကြောင်းက လမ်းမကြီးအတိုင်း ခြေလျင်တက်လာကြတယ်။ ရွာသားတွေ ပြေးတဲ့သူလည်း ပြေးကုန်ပြီ။ ကျန်နေသူ အချို့လည်း ရှိသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ စစ်ကြောင်းထိုးလာသဖြင့် ဖာနီရွာ၊ ရေခမ်းချောင်းရွာ၊ လေးမိုင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက ရွာသားများ […]


