မြိတ်တွင် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းကတ် ကျပ်နှစ်သောင်းခွဲအထိ ရောင်းချ
diz_admin
January 15, 2022မြိတ်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့တွင် ၁၅၀၀ ကျပ်တန် ဖုန်း SIM Card တစ်ကတ်လျှင် ကျပ်နှစ်သောင်းခွဲ အထိ ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းထံမှ စုံစမ်းသိရသည်။ ဈေးနှုန်းတို့မှာ တစ်ဆိုင်နှင့် တစ်ဆိုင် တူညီမှုမရှိကြဘဲ ၅၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ဘယ်ဆင်းကတ်ပဲယူယူ နှစ်သောင်းခွဲပေးရတယ်” ဟု အော်ရီဒူးဆင်းကတ်တစ်ကတ် ဝယ်ယူခဲ့သူ ရာပြည့်ရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအရောင်းဆိုင်တို့တွင် လက်ရှိရောင်းချပေးနေသည့် ဆင်းကတ်အများစုမှာ လက်ကျန် ဆင်းကတ်များဖြစ်ကြပြီး အသစ်ရောက်လာပါက ဈေးနှုန်းထပ်မြင့်မည်ဖြစ်ကြောင်း မြိတ်တောင်နယ်မြေရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်က ပြောပြသည်။ ဆင်းကတ်တစ်ကတ်လျှင် အခွန်နှစ်သောင်းကျပ်နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း […]