မြိတ်တွင် ဆိုင်ကယ်တိုက်ပြေးမှု ဆက်တိုက်ဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး
diz_admin
January 7, 2023မြိတ်မြို့တွင် ဆိုင်ကယ်တိုက်ပြေးမှုဆက်တိုက်ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးကြီးတစ်ဦးသည်လည်း ခြေနှစ်ဖက်စလုံးကျိုးခဲ့ရကြောင်း ပရဟိတအသင်းများနှင့် မြို့ခံများ ထံမှသိရသည်။ ဇန်နဝါရီ ၆ ရက်ည ၁၀ နာရီခွဲဝန်းကျင်က မြိတ်မြို့၊ ထားဝယ်ကမ်းနားမီးပွိုင့်အနီးတွင် လမ်းလျှောက်နေသည့် အသက် ၆၀ ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး တိုက်သည့်တရားခံမှာ မောင်းပြေးသွားကြောင်း ရှင်သန်ခြင်း ပရဟိတကူညီရေးအသင်းထံမှ သိရသည်။ တိုက်ခံရသည့်အမျိုးသမီးကြီးမှာ ဒေါ်အာမီနာ ဟုသိရပြီး ခြေမျက်စိအထက်မှ ခြေနှစ်ချောင်းစလုံးကျိုးကာ ဆေးရုံတင်ထားရသည်ဟု ရှင်သန်ခြင်း ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဝင်းနောင် ကပြောသည်။ “ဖွားဖွားရဲ့ နေရပ်လိပ်စာကိုတော့ လိုက်ရှာခိုင်းထားတယ်။ အသက်အန္တရယ်တော့ စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကပြောသည်။ အလားတူ ဇန်နဝါရီ ၅ ရက်ညနေတွင်လည်း မြိတ်မြို့၊ကမ်းနားလမ်း ပြည်တော်သာလှေဆိပ်အနီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး အတိုက်ခံရသည့်နေရာတွင် […]


