တနင်္သာရီ ညောင်ပင်ကွင်းရွာဂိတ်တွင် ဖမ်းဆီးခံရသူများအနက် ခရီးသွားနှစ်ဦး ငါးရက်ကြာအထိ ပြန်မလွတ်သေး
Dawei Watch
September 22, 2025တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ စစ်အာဏာရှင်တပ်၏ တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ခရီသွား ၁၀ဦးဝန်းကျင်အနက် အမျိုးသား နှစ်ဦးမှာ ငါးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၈ ရက် နေ့လယ်တွင် ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်တွင် ခရီးသွား ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီးနောက် ညနေ ၄နာရီခန့်တွင် တံတားဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် ခရီးသွားများအနက် ပဝရွာသားနှစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦးကို ညပိုင်းတွင် ပြန်လွတ်လာပြီး စက်တင်ဘာလ ၂၁ ရက်တွင်လည်း ပဝရွာသား အမျိုးသားတစ်ဦးနှင့် သဘော့လိပ်ရွာသူ အမျိုးသမီးတစ်ဦးတို့ ပြန်လည် လွတ်မြောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ “အဲဒီရက်က (စက်တင်ဘာ၁၈) လမ်းသွားလမ်းလာတွေ အကုန်ခဏအတွင်း ဖမ်းလိုက်တယ်။ ညနေဘက် တံတားပိတ်ပြီး ဘယ်သူမှ ပေးမဖြတ်တော့ဘူး။ […]


