မောတောင်စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် ရိက္ခာနှင့် အမိုးအကာ အရေးပေါ်လိုအပ်
Dawei Watch
November 12, 2025ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေ၍ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး တာလပတ်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လို အပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲက မောတောင်မြို့ပြင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံများသည် အလယ်ဂိတ်တွင် စစ်ရှောင်နေကြရကြောင်း တာလပတ်နှင့်စားနပ်ရိက္ခာများ အရေးပိုလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အရေးပေါ် ထွက်ပြေးလာကြတော့ အချို့ အမိုးတွေပါတဲ့သူကပါတယ်။ မပါတဲ့သူက များတယ်။ စားနပ်ရိက္ခာက လိုတယ်။ ဘာမှသယ်မရခင် ပြေးလာသမားတွေက များတယ်။ အခုရှောင်နေတဲ့ထဲ (စစ်ရှောင်များတွင်) ကလေးတွေက ပိုများတယ်”ဟု အထက်ပါ စစ်ရှောင်ကူညီနေသူက ပြောသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီတွင် […]


