ကျွန်းစု ပကဖ အမည်သုံးပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ပကဖထုတ်ပြန်
diz_admin
April 5, 2023ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် အမည်ကိုအသုံးပြုပြီး အမည်မသိအဖွဲ့တစ်ခုက ပြည်သူများထံ ဖုန်းဆက် ခြိမ်းခြောက် ငွေကြေးတောင်းခံနေကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၄ရက်တွင် ထုတ်ပြန်သည်။ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သည့် ဒေသခံပြည်သူများထံ ဖုန်းဆက်ပြီး ငွေကြေးတောင်းခံခြင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။ ကျွန်းစု ပကဖ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အထိ ပြည်သူများထံသို့ ဖုန်းဆက်ပြီး ငွေကြေးတောင်းခံမှုများ အလျဉ်းမရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့ငွေကြေးတောင်းခံခြင်းသည်လည်း ကျွန်းစုမြို့နယ် ပကဖ နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်းလည်း ထုတ်ပြန်ထားသည်။ နောက်နောင် ငွေကြေးတောင်းခံမှုများ ပြုလုပ်လာပါက ပြည်သူများအနေဖြင့် မှတ်တမ်းများရယူထား၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) Facebook Page Messenger မှတစ်ဆင့် သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကျွန်းစုမြို့နယ်အတွင်း အနည်းဆုံး ကျေးရွာငါးရွာခန့် […]


