တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်
diz_admin
April 8, 2023တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းဝန်းကျင်အထိရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့(တနင်္သာရီ)၏ ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်မှစတင်ကာ ယနေ့ ဧပြီ ၈ ရက်နေ့အထိနေ့စဥ် တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးနေပြီး စစ်ရှောင်ဦးရေ တစ်သောင်းဝန်းကျင်ရှိလာကာ စားနပ်ရိက္ခာအကူအညီလိုအပ်နေသည်ဟု နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။ လတ်တလော တိုက်ပွဲဖြစ်နေသည့် တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စုအတွင်းမှ သဲဖြူ၊ကြိမ်ချောင်း၊ ချောင်းနှစ်ပေါက်၊မောတောင် အမှတ် ၃ ရပ်ကွက်မှ စစ်ရှောင်လာသူအများဆုံးဖြစ်ပြီး၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ အနောက်မော်တုန်းကျေးရွာအုပ်စုနှင့် မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စုတို့မှလည်း ဒေသခံများ စစ်ဘေးရှောင်နေရသည်။ “အခက်အခဲကတော့ အများကြီးရှိတယ်။အဓိကလိုနေတာက ဆေးဝါးနဲ့စားနပ်ရိက္ခာပေါ့” ဟုတနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်နေသူ အမျိုးသားကပြောသည်။ ယင်းအပြင် တနင်္သာရီမြို့နယ်ဘက်မှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုအတွင်းသို့ စစ်ရှောင်လာသူအချို့ရှိနေပြီး ယင်းစစ်ရှောင်များအတွက်လည်း အကူအညီလိုအပ်နေသည်ဟု ဒေသခံများကဆိုသည်။ တနင်္သာရီမြို့နယ်အတွင်း ယခင်လက စစ်ဘေးရှောင်နေသူ နှစ်ထောင်ဝန်းကျင်သာရှိခဲ့ပြီး […]


