စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ မော်တုန်းရွာသားခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရ
diz_admin
April 10, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ရွာသားခုနှစ်ဦးခန့် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများ ထံမှသိရသည်။ မော်တုန်းအနောက်ကမ်း ကျေးရွာအတွင်းသို ဧပြီလ ၈ ရက်နေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ရွာသား ၇ ဦးခန့်ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအမျိုးသမီး ကပြောသည်။ “ခြေတွေ လက်တွေထိတယ်။ ခါးဆုံမှာထိသူလည်းရှိတယ်။ အဖိုးကြီးတစ်ယောက်ကတော့ နောက်ကျောမှာထိတယ်။ ထိတဲ့ကလေးတွေက ၁၂ နှစ် ၁၃ နှစ် အရွယ်တွေ၊၁၆ နှစ်က ၂ ယောက်ထိတယ်။၁၈ နှစ်က တစ်ယောက် အားလုံးယောကျ်ားတွေ”ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီး ကပြောသည်။ မော်တုန်းရွာအနောက်စုနှင့် နမ်းစိုက်ပြင်ရပ်ကွက်ဘက်တွင် လက်နက်ကြီး စုစုပေါင်း ငါးလုံးကျရောက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၆ ဆောင်ခန့်မှာလည်း အမိုးအကာပေါက်ပြဲ ပျက်စီးခဲ့ရသည်ဟု ဒေသခံအမျိုးသားကလည်း ကပြောသည်။ […]


