ပုလော၊ သကျက္ကမ်းရွာသားတစ်ဦး ပစ်သတ်ခံရ
diz_admin
February 6, 2023မြိတ်ခရိုင်၊ပုလောမြို့နယ်၊ သကျက္ကမ်းရွာသားတစ်ဦး ပစ်သတ်ခံရပြီး အခြားအမျိုးသားတစ်ဦးကိုလည်း လက်နက်ကိုင်ထားသူ တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ကျောက္ကာကျေးရွာအုပ်စု၊ သကျက္ကမ်းရွာတွင်နေထိုင်သည့် အမျိုးသားကို ဖေဖော်ဝါရီ ၄ ရက်ညက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်တွင် လာရောက်ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူသည် အသက် ၅၀ အရွယ် ဦးဝင်းနိုင်ဖြစ်ပြီး ကင်းမွန်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကာ စစ်ကောင်စီတပ်သားများနှင့် ပူးတွဲသွားလာနေသူဖြစ်သည်ဟု ဒေသခံများကပြောသည်။ “သူမှာသေနတ်ရှိတယ်။ စစ်ကောင်စီအတွက် သတင်းပေးလုပ်နေတယ်လို့ ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ ၎င်းကိုပစ်သတ်ပြီး နောက်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ၎င်းတို့ကပြောသည်။ “ပစ်သတ်ခံရသူရော ဖမ်းဆောင်(ဖမ်းခေါ်)သွားတဲ့သူရော နှစ်ယောက်စလုံးက ပြည်သူ့စစ်(ပျူစောထီး)ဆိုတာ သိရတယ်”ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးကပြောသည်။ အဆိုပါအမျိုးသားနှစ်ဦး ပစ်သတ်၊ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ဖေဖော်ဝါရီလ ညနေ ၅ နာရီအချိန်အထိ ထုတ်ပြန်ထားခြင်း […]


