ဘုတ်ပြင်းတွင် ခရီးသည်တင်ကားပစ်ခတ်ခံရပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး
diz_admin
February 18, 2023ဘုတ်ပြင်းမြို့နယ်တွင် ခရီးသည်တင်ကား ပစ်ခတ်ခံရသဖြင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ခရီးသည်တင်ကားသမားအချို့နှင့် ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ဘက်မှလာသည့် ရွှေညီကိုယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီးမှာ မနိုးရုံးကျေးရွာအုပ်စု ခဲချောင်းရွာ ပြည်ထောင်စုလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်ညနေ ၅ နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါခရီးသည်ကားအား လက်နက်ကိုင်လူတစ်စုက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ မောင်းသွားသည်ဟုဆိုကာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ခရီးသည်တင်ယာဉ်မောင်းက ပြောသည်။ “ကားတားတာ ရပ်မပေးလို့ လှမ်းပစ်လိုက်တာ။ ဘယ်ဖက်အနောက်ဆုံးတန်းက မိန်းကလေးတစ်ယောက်နဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်” ဟု ခရီးသည်များထံမှ သိရသည်ကို မြိတ်-ကော့သောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြန်ပြောင်း ပြောပြသည်။ ၎င်းမှာ ပစ်ခတ်မှုမဖြစ်မီ […]


