Export ငါးသယ်လှေများ ခြေရာခံစက် တပ်ဆင်ရမည်
Dawei Watch
July 15, 2023Export ငါးသယ်လှေများတွင် ငါးသယ်လှေများအား စောင့်ကြည့်ခြေရာခံမည့် VMS (Vessel Monitoring System) စက်များ တပ်ဆင်ရမည်ဖြစ်ကြောင်း မြိတ်ခရိုင်အတွင်းရှိ ငါးသယ်လှေအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ VMS စက် တပ်ဆင်ခြင်းအတွက် ရှင်းလင်းပွဲတစ်ခုကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းအချိန်က မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း ယင်းပွဲမှ သိရသည်။ ယင်းရှင်းလင်းပွဲတွင် ရေလုပ်ငန်းကုမ္ပဏီများ၊ လှေပိုင်ရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းပွဲတွင် VMS တပ်ဆင်ရမည့်ကိစ္စပါဝင်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ရေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ “၁၁ လပိုင်း ၁ ရက်နေ့ အပြီးတပ်ဆင်ရမယ်။ မတပ်ရင် export ပေးမထွက်ဘူးပေါ့။ လက်ရှိ ၁၁ လပိုင်း မတိုင်ခင် အထိတော့ ပေးထွက်နေဦးမယ်။ ဒီကြားမှာ […]


