တနင်္သာရီ သိန်ခွန်းအုပ်စုတွင် နေအိမ်နှင့် ဈေးဆိုင်အချို့ဖျက်ဆီးမီးရှို့ခံရ၊ ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန်
diz_admin
April 10, 2023တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုက ရွာသုံးရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ ဖျက်ဆီးမီးရှို့ခံရပြီး ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က သိန်ခွန်းကျေးအုပ်စုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး လမ်းတစ်လျှောက်က သိန်ခွန်း၊ ချောင်းနှစ်ပေါက်နှင့် သဲဖြူရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။ ထို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက်လည်း သဲဖြူရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့ရကြောင်း ရေးသားထားသည်။ “နေအိမ်သုံးလေးဆောင် မီးရှို့ခံရတယ်။ လဖက်ရည်ဆိုင်၊ ဈေးဆိုင်တွေကိုလည်း ဝင်ပြီး ရိုက်ခြေဖျက်ဆီးသွားတယ်။ သူတို့လိုတဲ့ ပစ္စည်းတွေလည်း ယူသွားတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကစတင်ပြီး ယနေ့ ဧပြီလ […]


