ပုလောကုန်းတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်နေ
diz_admin
April 14, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ရေအများအပြား ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲစဖြစ်ခဲ့ခြင်းဖြစ်ပြီး ပုလောမြို့တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တမိုင်တောင်၊ နတ်အိမ်တောင်ဘက်မှာ ဖြစ်နေတာပါ။ လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း တအားပစ်တယ်”ဟု ရှမ်းဒွတ်ကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ သို့သော် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်သံများ မကြားရတော့ဟု ဒေသခံများကပြောသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုနှင့် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။ သင်္ကြန်အကြိုနေ့ကလည်း ဂျင့်ဂါ၊မော်မိကျေးရွာဘက်သို့ ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီး ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် […]


