နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်
Dawei Watch
September 30, 2023တနင်္သာရီအခြေစိုက် နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ “ရဲဘော်တွေ ကင်းလှည့်ထွက်ရာမှာ သူတို့(နဂါးနက်)က စပစ်ပြီး မိုင်းခွဲခဲ့တယ်”ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ရဲဘော်ကပြောသည်။ နဂါးနက်အဖွဲ့က ည ၈ နာရီအချိန် တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းတံတားတွင် မိုင်းတစ်လုံး စတင်ဖောက်ခွဲခဲ့ပြီး အင်းရှည်ကုန်းကျေးရွာ ဆေးခန်းအနီးသို့လည်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကလည်းဆိုသည်။ နဂါးနက်အဖွဲ့၏ ပစ်ခတ်မှုနှင့် မိုင်းခွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း ဒေသခံများ ထံမှသိရသည်။ “ညကရဲဘော်တွေ အပစ်ခံရတော့ ပကဖအဖွဲ့က ဝိုင်းလိုက်ကြတာ သူတို့(နဂါးနက်အဖွဲ့) သရဘွင်ကျောက်တောင်ဘက် ထွက်ပြေးသွားကြတယ်။ […]


