ပလမြို့တွင် ၂နှစ်သားကလေးနှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံး
Dawei Watch
May 27, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ရှိသည့် ပလမြို့ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မေလ ၂၆ရက် နံနက် ၁၁ နာရီဝန်းကျင်က မင်းပြင်ရွာရှိ မွေးမြူရေးကြက်ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကြက်ခြံတွင် ကြက်စာကျွေးနေသည့် ခြံပိုင်ရှင် အသက် ၄၀ အရွယ် ဒေါ်ကေဂျာဝင်းလှိုင် ယင်းနေရာတွင်သေဆုံးကာ ဘေးအိမ်က အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ ဒေါ်ကေဂျာဝင်းလှိုင်မှာ ကလေးသုံးဦးမိခင်ဖြစ်ပြီး ခင်ပွန်းသည်မှာလည်း ဒဏ်ရာအနည်းငယ်ရကြောင်း ဒေသခံများထံမှ သိရသည်။ […]


