ပုလောမြို့အဝင်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
Dawei Watch
October 25, 2025ပုလောမြို့ ကျောက်စုရပ်ကွက်ရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တွင် စစ်ကော်မရှင်ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၃ရက် နံနက်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်သဖြင့် ပုလောမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ ကျောက်စုရပ်ကွက် စစ်အာဏာရှင်စစ်ဆေးရေးဂိတ်သည် လက္ကူးရွာမှ ပုလောမြို့သို့အဝင်လမ်းပေါ်တွင် တည်ရှိပြီး စစ်အာဏာရှင်တပ်၏ အမှတ် (၂၈၅) တပ်ရင်းအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ပြည်တွင်း သတင်းဌာနတစ်ခုတွင်မူ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်အာဏာရှင်တပ်သားတစ်ဦး ကျောက်စုဂိတ်မှ ပြန်လာချိန် အ.မ.က […]


