ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

တနင်္သာရီတွင် စစ်အာဏာရှင်တပ် ကာမီကာဇေဒရုန်းဖြင့်တိုက်ခိုက်၊ ခရစ်ယာန်ကျောင်း ထိခိုက်ပျက်စီး

Dawei Watch

December 19, 2025

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာအုပ်စုတွင် ‌စစ်အာဏာရှင်တပ်က ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ခရစ်ယာန်ကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၇ရက် ညနေ ၃နာရီဝန်းကျင်တွင် ပဝကျေးရွာအုပ်စု၊ ပဝထိန်ရွာကို မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က ကာမီကာဇေဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပဝရွာ ဒေသခံများက ဆိုသည်။ ကာမီကာဇေဒရုန်းမှာ ဒရုန်းကို ပျက်စီးဆုံးရှုံးခံပြီး တိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်သည်။ “ကျောင်းက ထိခိုက်မှုရှိတယ်။ ကျောင်းပြတင်းပေါက်၊ နံရံတွေ အပေါက်တွေဖြစ်ကုန်တယ်။ မှန်တွေလည်း ကွဲကုန်တယ်။ လူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မော်တုန်းရွာအခြေစိုက် ၃၀၆အမြောက်တပ်က ဒရုန်းတက်သွားသည်ကို မြင်နေရကြောင်း မော်တုန်းရွာ ဒေသခံများက ပြောဆိုသည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ ပဝကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ ၂နှစ်ကျော်ရှိပြီဖြစ်ပြီး […]

တနင်္သာရီ ကမ်းတိုရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

December 18, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် အမျိုးသားတစ်ဦး ရော်ဘာခြစ်ပြီး အိမ်သို့ပြန်လာစဉ် လမ်းတွင် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။ ဒီဇင်ဘာလ ၁၇ ရက် နံနက် ၈နာရီတွင် ကမ်းတိုရွာသား အသက်၄၄နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ “ကော်ပတ် (ရော်ဘာ) ခြစ်ရာကနေ အိမ်ကို အပြန်မှာဖြစ်သွားတယ်။ ခြေပြတ်သွားပြီး ခန္ဓာကိုယ်မှာ ကအစတွေ စင်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသားကို မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ကမ်းတိုရွာဘက်ကို စစ်အာဏာရှင်တပ်သားများ စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာလ ၄ ရက်တွင် စစ်ကြောင်း ပြန်ဆုတ်ရာ လမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ […]

ပိတ်ရတော့မည်ဆိုသော မြိတ်မြို့က အခမဲ့ဆေးခန်း နေရာသစ်ပြောင်း၍ ဆက်ဖွင့်မည်

Dawei Watch

December 18, 2025

နေရာအခက်အခဲကြောင့် ပိတ်သိမ်းရမည့် အခြေအနေဖြစ်နေသည့် မြိတ်မြို့ရှိ အခမဲ့ဆေးခန်းကို Smile World ကစားကွင်းနေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးခန်းဦးဆောင်သူ ဒေါက်တာတင်စိုးမိုးထံမှ သိရသည်။ မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာက စတင်ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်း တည်ရှိရာအဆောက်အအုံကို ပိုင်ရှင်ကပြန်လည်ရယူမည်ဖြစ်၍ ပိတ်ရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အဆိုပါဆေးခန်းအတွက် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အဆောက်အအုံအား ပိုင်ရှင်များက ကာလရှည်ကြာ အခမဲ့ငှားရမ်းပေးထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အလှူရှင်များရှိလာပြီဖြစ်သည့်အတွက် လာမည့်လ (၂၀၂၆ ဇန်နဝါရီ)ကစပြီး ရေပုန်းရပ်ကွက်၊ ရွှေဘုံသာကျောင်းလမ်းရှိ Smile World ကစားကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ တင်စိုးမိုးက ပြောသည်။ “ဆိုင်ခန်းနှစ်ခန်းကို တစ်ဆက်တည်းလုပ်ပြီး (ဆေးခန်းအဖြစ်)သုံးမယ် အခမဲ့ပေးသုံးတာ။ မီးဖိုးရေဖိုးပါ အဆင်ပြေအောင်လုပ်ထားပေးတယ်။ အဓိကကတော့ ဒေသအတွင်းမှာရှိတဲ့ စေတနာရှင်တွေက […]

ပုလောတွင် CDM ဆရာမဇနီးမောင်နှံ သတ်ဖြတ်ခံရ၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေး

Dawei Watch

December 17, 2025

ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင် CDM ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ အသက် ၄၉ နှစ်အရွယ် ဆရာမဒေါ်အေသီအောင်တို့ ဇနီးမောင်နှံသည် ဒီဇင်ဘာ ၁၆ ရက် နံနက် ၂ နာရီခန့်တွင် နေအိမ် အတွင်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောသည်။ “ဆရာမကြီးတို့ လင်မယား အိမ်မှာပဲ ရက်ရက်စက်စက် ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရတယ်။ (တော်လှန်ရေး) လုံခြုံရေးတပ်ဖွဲ့တွေ ရောက်သွားချိန်မှာ အသက်မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။ ဆားခဲကျေးရွာသည် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေဖြစ်ပြီး ဆရာမ ဒေါ်အေးသီအောင်သည် ဒေသတွင်းရှိ […]

မောတောင်လမ်းတွင် စစ်အာဏာရှင်တပ် စစ်အင်အားထပ်မံဖြည့်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်

Dawei Watch

December 17, 2025

တနင်္သာရီမြို့-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမှ မောတောင်မြို့သို့ သွားသည့်လမ်းတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၁ ရက်တွင် မြိတ်မှ စစ်အာဏာရှင်တပ်သားများ ကားခုနစ်စီးဖြင့် အင်အားဖြည့်တင်းခဲ့ပြီး သဲဖြူရွာ ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၁၃ရက် မွန်းလွဲ ၁နာရီကျော်တွင် အဆိုပါလမ်းရှိ သိန်ခွန်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီးနောက် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲကတော့ တော်တော်ကြမ်းနေတယ်။ စစ်အာဏာရှင်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းထပ်တိုးတက်လာတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ တိုက်ပွဲပြင်းထန်နေသဖြင့် နေ့ရောညပါ လက်နက်ကြီးဖြင့် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။ မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် နိုဝင်ဘာလ […]

တနင်္သာရီ ဘန်းလမွတ်ရွာတွင် ဥယျာဉ်ခြံထဲ စစ်အာဏာရှင်တပ် ဒရုန်းဖြင့် ဗုံးချ

Dawei Watch

December 16, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင် ဥယျာဉ်ခြံကို စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၄ရက် ညနေ ၄နာရီဝန်းကျင်တွင် ရမ်းဖိုရွာရှိ စစ်အာဏာရှင်တပ်သားများက ဘန်းလမွတ်ကျေးရွာ ဒေသအခေါ် ကျွဲသုံးပေါင်တောင်ပေါ် ရှိ ဥယျာဥ်ခြံကို ဒရုန်းဖြင့် ဗုံးသီးချခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဗုံးချတိုက်ခိုက်မှုကြောင့် ဥယျာဉ်ခြံရှိ တဲတစ်ဆောင် မီးလောင်ပျက်စီးပြီး ကွမ်းသီးခြောက်များ၊ မြက်ရိတ်စက်၊ စားနပ်ရိက္ခာ များနှင့် ဥယျာဥ်ခြံတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ဆုံးရှုံးကြောင်း တဲပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ဒရုန်းလာချချိန် တဲထဲလူမရှိတော့ လူက ထိခိုက်မှု မရှိဘူး။ ခြံဝန်းကျင်မှာက လူတွေရှိပေမယ့် ဗုံးသီးထပ်လာမည် စိုးသဖြင့် (မီး) ဝင်ငြိမ်းသတ်လို့ မရလိုက်ဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် ရမ်းဖိုရွာ၊ […]

မြိတ် အင်းလေးမြိုင်တွင် နေအိမ်တစ်လုံး မီးလောင်

Dawei Watch

December 15, 2025

မြိတ်မြို့ ၊ မြိတ်တောင်နယ်မြေ ၊ အင်းလေးမြိုင်ရပ်ကွက် ၊ ရွှေပြည်တန်လမ်းတွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ဆယ်နာရီဝန်းကျင်တွင် နေအိမ်တစ်လုံး မီးလောင်ခဲ့​ကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး အသင်းများထံမှသိရသည်။ မီးလောင်သည့် နေအိမ်မှာ ဖက်မိုး၊ သစ်ကာနေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်၏အမိုးနှင့် အိမ်အခန်းများ ပျက်စီးသွားကြောင်း ဖြစ်စဥ် မှတ်တမ်းများ၌ တွေ့ရသည်။ မီးလောင်မှုမှာ မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သွားရောက်ကူညီခဲ့သည့် ကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ စိစစ်နေဆဲဖြစ်​ကြောင်း ၎င်းတို့ကဆိုသည်။ မီးလောင်မှု ကို ရပ်ကွက်နေသူများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး အသင်းများ ပူးပေါင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ပုလော၊ ဆင်ထိုးကြီးရွာတွင် အရပ်သားနှစ်ဦးမိုင်းနင်းမိပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Dawei Watch

December 15, 2025

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် အရပ်သားနှစ်ဦး မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် အသက် ၆၀ နှစ်ခန့်ရှိ စိတ်ကျန်းမာရေး မကောင်းသည့်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ “သားသမီးက ထိုင်းမှာ၊ သူတစ်ယောက်တည်းပဲ ဆင်းထိုးကြီးမှာနေတယ်၊ KNLA တပ်တွေက မနေဖို့မောင်းထုတ်လဲ သူမသွားဘူး၊ မနေ့ကတော့ ကွမ်းသီး ကွမ်းရွက်ရှာစားရင်း ထိတာထင်တယ်၊ လက်မှာ ဒဏ်ရာရထားတယ်၊ မနေ့က ပလောက်ဆေးရုံကို ယူသွားတယ်၊ ဆရာဝန်ကတော့ လက်မဖြတ်ရဘူးလို့ပြောတယ်၊ ဒီနေ့မနက် ထားဝယ်ဆေးရုံကြီးကိုပို့လိုက်ပြီ” ဟု အထက်ပါ ဒေသခံက ဆိုသည်။ ဒီဇင်ဘာလ ၅ ရက်ကလည်း ဆင်ထိုးကြီးရွာတွင် ကွမ်းသီးခြံသို့လာသည့် ဘုရင့်တောင်ရွာသားတစ်ဦး […]