BREAKING
October 25, 2025

မြိတ်

ဘန်လောရွာ ဒေသခံနှစ်ဦး လက်နက်ကြီးထိမှန်

Dawei Watch

August 4, 2023

စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာမှ အမျိုးသားတစ်ဦးနှင့် ၅ မိုင်ရွာမှ အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးအစ ထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းရွာရှိ စစ်ကောင်စီတပ်က မနေ့ညက လက်နက်ကြီးဖြင့် ယင်းကျေးရွာများဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသားမှာက နောက်ကျောဘက်ထိပြီး ဒဏ်ရာပြင်းထန်တယ်ပြောတယ်။ အမျိုးသမီးမှာက ခြေမျက်စိအထက်နား ရှပ်ထိသွားတာပါ”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်က ည ၇ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဘန်လောရွာနှင့် ၅ မိုင်ရွာဘက်သို့ လက်နက်ကြီးအချက်ရေ အတော်များများ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်တွင်လည်း ထပ်မံပစ်ခတ်နေသေးကြောင်း ဒေသခံများ ပြောသည်။ “ဒီမနက် ၉ နာရီကျော်လောက်ကစပြီး စပစ်နေပြန်ပြီ။ ဗောဓိကမ်းဘက်က ပစ်နေတာ။ လက်ရှိငါးလုံးလောက်ရှိနေပြီ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ လက်နက်ကြီးပစ်ခတ်နေခြင်းကြောင်း ဘန်လောရွာနှင့် […]

တနင်္သာရီ၊ ဘန်လောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ

Dawei Watch

August 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာဖက်သို့ ယနေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယခု ဩဂုတ်လ ၃ရက် ည ၇ နာရီခွဲခန့်က စတင်ပစ်ခတ်နေပြီး ည ၉ နာရီခွဲအထိ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “သုံးမိနစ် လေးမိနစ် တစ်ကြိမ်ပစ်နေတာ။ အချက် လေးငါးဆယ်ရှိပြီ။ တစ်ခါမှ အဲဒီလောက် ပစ်တာ မကြုံဖူးသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ နေအိမ်နှင့် အရပ်သားထိခိုက်မှု ရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံအမျိုးသားက ဆိုသည်။ လက်နက်ကြီးများကို ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ၅၆၁ တပ်နှင့် တနင်္သာရီမြို့ပေါ်ရှိ တပ်က ပစ်ခတ်ခတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ထွက်သွားလာလေ့ရှိသည်ဟုဆိုကာ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က […]

တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ရှိ၊ နေအိမ်အချို့ ရေစလွှမ်း

Dawei Watch

August 3, 2023

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည်ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁ဝနာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိလာပြီး နေအိမ်အချို့တို့ ရေလွှမ်း နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားသည်။ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာပါက မြို့တွင်း ‌လမ်းမကြီးအချို့နှင့် ချောင်းငယ်ရပ်ကွက်နေ အိမ်အချို့ရေလွှမ်းလေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ အန္တရာယ်ရေအမှတ်နှင့် အထက်သို့ ရောက်ရှိလာပါ မြို့‌ပေါ်ရပ်ကွက်များအပြင် ကျေးရွာတို့ရှိ နေအိမ်များရေလွှမ်းသဖြင့် ကုန်းမြင့်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရလေ့ရှိကြောင်း ဆိုသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ မြင့်တက်လာပြီး မြို့တွင်းရှိ လမ်းပေါ်တွင် ခြေသလုံးနစ်သည်အထိ ရေကြီးနေသည့်အပြင် ချောင်းငယ်ရပ်ကွက်ရှိ နေအိမ်အချို့တွင်လည်း ရေများဝင်ရောက်နေပြီဖြစ်ကြောင်း ယင်းရပ်ကွက်နေသူအချို့က […]

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

August 2, 2023

မြိတ်မြို့ ‌မြိတ်တောင်နယ်မြေရှိ ဆောက်လက်စ တိုက်အိမ်တွင် ယနေ့ ဩဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ဇေယျာသီရိ ၄ ရပ်ကွက်ရှိ ဆောက်လက်စ တိုက်အိမ်တွင် အလုပ်လုပ်ကိုင်နေသည့် ပန်းရန်အဖွဲ့မှ ပန်းရန်ဆရာတစ်ဦး ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်‌ဦးက ပြောသည်။ “ပေကြိုးတိုင်းရင်းနဲ့ မီးကြိုးကိုသွားထိပြီး ဓာတ်လိုက်သွားတာ” ဟု ၎င်းက ဆိုသည်။ အသက် ၅၀ နှစ်ရှိ အဆိုပါအမျိုးသားသည် ဓာတ်လိုက်ခံရသဖြင့် ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်အပါအဝင် ဒဏ်ရာအချို့ရရှိခဲ့သဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ဓာတ်လိုက်လူနာသည် မြိတ်ဆေးရုံအရောက်တွင် သေဆုံးခဲ့သဖြင့် ယင်းဆေးရုံကြီးမှတဆင့် တပ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ […]

တနင်္သာရီတွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးနေရာတိုက်ခိုက်ခံရ

Dawei Watch

August 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးနေရာတွင် တိုက်ခိုက်ခံရကြောင်း ဒေသခံနှင့် တော်လှန်ရေးအုပ်စုများထံမှ သိရသည်။ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်၊ ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းရှိ အမှတ် (၅၆၁) တပ်ရင်းတို့ ဩဂုတ်လ ၁ရက်နေ့တွင် တိုက်ခိုက်ခံရကြောင်း ၎င်းတို့ထံမှ သိရသည်။ “မွန်းလွဲအချိန် ညောင်ပင်ကွင်းမှာ နှစ်နေရာ တိုက်ခံရတယ်။ ပြီးတော့ညဦးဖက် ဗောဓိကမ်းတံတားလည်း အတိုက် ခံရတယ်။ ထိခိုက်ဒဏ်ရာရမှုက မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲတွင် ညောင်ပင်ကွင်းတံတားဂိတ် လျှပ်တစ်ပြက်တိုက်ခိုက်ခံရပြီး တစ်ပြိုက်နက် (၅၆၁) တပ်ရင်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတိုက်ပွဲတွင်ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ညောင်ပင်ကွင်းတံတားဂိတ်ကို ကော်သူးလေအာမီက ဝင်ပစ်တယ်။ ၅၆၁ […]

ဆင်ဖြူရှင် အကျဉ်းစခန်းမှ ၁၆ ဦးလွတ်

Dawei Watch

August 1, 2023

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် အကျဉ်းစခန်းမှ ယနေ့ ၁၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ ထုံခါအကျဉ်းခန်းခေါ် ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု ထုံခါးကျေးရွာတွင် တည်ရှိသည်။ ယနေ့တွင် အဆိုပါအကျဉ်းစခန်းမှ အကျဉ်းသား ၁၆ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် သတင်းများကိုဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာနှင့် တယ်လီဂရန်ချန်နယ်တို့တွင် ဖော်ပြကြသည်။

မြိတ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်

Dawei Watch

August 1, 2023

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းကြီးပေါ်ရှိ မြိတ်မြို့နယ်၊ ဒလရှောင်ကျေးရွာအနီးတွင် ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။ မြိတ်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် တနင်္သာရီဘက်မှ မြိတ်ဘက်သို့ မောင်းနင်လာသည့် မှန်လုံယာဉ်( mini bus)တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။ “ဆိုင်ကယ်က အရှိန်လွန်ပြီး ကားကိုဝင်တိုက်တာ” ဟု နာရေးကူညီမှုအသင်း တာဝန်ခံက ပြောသည်။ မော်တော်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မှန်လုံယာဉ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အသက် ၃၀ နှစ်ကျော်ခန့်ရှိ အမျိုးသားနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ သတိလစ်နေသဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း […]

မြိတ်တွင် အကျဉ်းသား ၅၀ နီးပါးပြန်၊ နိုင်ငံရေးအကျဉ်းသားမပါဟုဆို

Dawei Watch

August 1, 2023

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ငါးဆယ်နီးပါး လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှသိရသည်။ မြိတ်မြို့အကျဉ်းထောင်က ယနေ့မွန်းလွဲပိုင်းတွင် အကျဉ်းသား ၂၃ ဦး၊ အကျဉ်းသူ ၉ ဦးလွှတ်မြောက်ခဲ့ပြီး မြိတ်မြို့နယ်၊ ကျောက်ဖြူတောင် အကျဉ်းစခန်းက အကျဉ်းသား ၁၀ ဦးနှင့် အကျဉ်းသူ ၇ ဦးလည်း လွတ်မြောကြောင်း ၎င်းတို့က ဆိုသည်။ “အားလုံး ၄၉ ဦးလွှတ်လာတယ်။နိုင်ငံရေးအကျဉ်းသား ပါမလာဘူးလို့ကြားရတယ်”ဟု နိုင်ငံရေးကျဉ်းသားဟောင်း ဖြစ်သူ မြိတ်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ နိုင်ငံရေးအကျဉ်းသား ပါမပါ သက်ဆိုင်ရာ ထောင်အာဏာပိုင်များက လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပေ။ မြိတ်မြို့အကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား/သူ သုံးရာဝန်းကျင် ရှိနေသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။