မော်တုန်းရွာသားအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေ
Dawei Watch
August 13, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ဒေသခံရွာသားအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်သားများသည် အရှေ့မော်တုန်းကျေးရွာအုပ်စုသို့ ဩဂုတ်လ ၁၂ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ အန်းနာပြင်ရွာက ဒေသခံအမျိုးသားငါးကိုကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အန်းနာပြင်က အမျိုးသားငါးဦးကို ဖမ်းထားပြီး စစ်ဆေးတယ်။ သုံးဦးကိုတော့ ပြန်လွှတ်ပြီး ကောင်လေး နှစ်ယောက် ကိုတော့ ပြန်လွှတ်တာ မကြားရသေးဘူး။ဘာကြောင့် ဖမ်းတယ်ဆိုတာ ရေရေရာရာ မသိရသေးဘူး” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ယနေ့ ဩဂုတ်လ ၁၃ရက် နံနက်တွင် ပြောဆိုသည်။ ဩဂုတ်လ ၁၂ရက် နံနက်က အင်အားတစ်ရာနီးပါးရှိ စစ်ကောင်စီတပ်သားများ အုပ်စုခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အရှေ့မော်တုန်းကျေးရွာအုပ်စုရှိ ထုံနွယ်၊ ရွာမ၊ […]


