မြိတ်တွင် အရက်ကြောင်သည့်အမျိုးသား ရိုက်နှက်၍ စိတ်ဝေဒနာသည်တစ်ဦးသေဆုံး
Dawei Watch
June 20, 2024မြိတ်မြို့၊ ကန်ကြီးရပ်၊ ဘုရားကြီလမ်းတွင် ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းက အရက်ကြောင်နေသည့် အမျိုးသားက ရိုက်နှက်သဖြင့် စိတ်ဝေဒနာသည်တစ်ဦး သေဆုံးကြောင်း မြို့ခံများထံမှသိရသည်။ သေဆုံးသူမှာ မြိတ်မြို့ ဘုရားကြီးတန်းတွင် အမြဲတမ်းသွားလာနေပြီး ဘုရားသိမ်ရှေ့တွင် နေထိုင်လေ့ရှိသည့် စိတ်ဝေဒနာ သည် အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး ဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားသည် စျေးတွင် တောင်းရမ်းလေ့ရှိကာ စကားအော်ဟစ်ပြောဆိုသွားလာလေ့ရှိသူဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားကို အရက်သေစာအလွန်သောက်စားပြီး အရက်ကြောင်နေသည့် အမျိုးသားတစ်ဦးက ရိုက်နှိက်ခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခဲ့သူကို နာရီပိုင်းအတွင်းပင် ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “အဲဒီလူက ကြောင်နေတယ်။ ဖမ်းမိသွားပါပြီ။ သူလည်း လျှောက်သွားနေသူပဲ။ စန္ဒဝတ်(ရွာ) ဘက်က လို့သိရတယ်” ဟု ၎င်းက ပြောသည်။ ရိုက်နှက်နေချိန် အနီးဝန်းကျင်တွင်ရှိသည့် ဒေသခံများက […]


