တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေး
Dawei Watch
January 19, 2024တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်တစ်ဦး လှေပေါ်တွင် ကလေးမွေးဖွားကြောင်း တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေး အဖွဲ့ထံမှ သိရသည်။ ဗိုက်နာသဖြင့် သွားရောက်သယ်ဆောင်လာစဉ် ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ပဝချောင်းထဲရှိ လှေပေါ်၌ အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ကျန်းမာရေးတာဝန်ရှိသူများက အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ “ဗိုက်နာလို့ ခေါ်တော့ ကျွန်တော်တို့ (လှေနဲ့) သွားသယ်ပေးတယ်။ ဆရာမတွေကို သွားခေါ်လာပြီး အဲဒီလှေပေါ်မှာပဲ မွေးပေး လိုက်ရတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။ မွေးကင်းစကလေးမှာ ၇ ပေါင်နှင့် ရှစ်အောင်စရှိပြီး ယောက်ျားလေးဖြစ်ကာ မိခင်နှင့် ကလေးပါ ကျန်းမာကြောင်း ၎င်းက ဆိုသည်။ ကလေးမွေးဖွားသည် မိခင်မှာ တနင်္သာရီမြို့နယ် ဆင်ဒင်ပြင်ဝေါရွာဇာတိဖြစ်ပြီး တိုက်ပွဲများကြောင့် လွန်ခဲ့သည့် ၅ လခန့် ကတည်းက တနင်္သာရီစစ်ဘေးရှောင်ယာယီစခန်းတွင် […]


