ဇီဝဇိုးငှက်ချေး ဈေးကောင်းရ
Dawei Watch
November 10, 2024ဘုတ်ပြင်းမြို့နယ်အတွင်း မွေးမြူမှုများသည့် ဇီဝဇိုးငှက်၏ မစင် (ချေး) တစ်ပုံးလျှင် စျေးနှစ်ဆကျော် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဇီဝဇိုးငှက် ခေါ် ငှက်သိုက်ငှက်ချေး သံပုံး (၁၀ ပိဿာဝန်းကျင်) တစ်ပုံးလျှင် ကျပ်ငါးထောင်ဈေးပေါက်နေပြီး ပြီးခဲ့သည့် နှစ်လခန့်ကမူ ကျပ်နှစ်ထောင်ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဒေသခံများက ဆိုသည်။ ဇီဝဇိုးငှက်ချေးကို ကွမ်းသီးပင်၊ ဒူရင်းပင်စိုက်ခင်းဥယျာဉ်များတွင် အော်ဂဲနစ်မြေဩဇာအဖြစ် အများဆုံးအသုံးပြုလေ့ရှိသည်။ လက်ရှိတွင် မြိတ်ဘက်ရှိ တောင်သူများက လာရောက်ဝယ်ယူကြသည့်အတွက် ဈေးတက်လာခြင်းဖြစ်ကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စုတွင် နေထိုင်သည့် ငှက်ချေးရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “စိုက်ပျိုးရေးသုံး မြေဩဇာတွေဈေးကြီးလို့ ငှက်ချေးကိုဈေးကောင်းပေးပြီး လာဝယ်ကြတယ်။ တချို့အိမ်တွေဆို ဈေးဘယ်လောက်ပေးပေး မရောင်းကြဘူး။ သူတို့ခြံတွေမှာသုံးဖို့ ထားတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ငှက်ချေးရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦးကလည်း […]


